တရုတ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ ၁၀၀၀ ကျော်ဒဏ်ရာရ

  ပေကျင်း၊ ဒီဇင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၁၃၀ ကျော်ထိ မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပြီး ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လိုက်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်ပြီးနောက်မှာ ဒဏ်ရာရသူတွေကို ကုသပေးဖို့နဲ့ အိုးအိမ်ဆုံးရှုံးသွားသူတွေကို ကူညီပေးတာတွေအပေါ် အာရုံစိုက်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိတဲ့ မြေငလျင်ဟာ ဒီဇင်ဘာ ၁၈ ရက်ညက ဂန်ဆုပြည်နယ်မှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးသမားတွေဟာ သုညအောက်ထိရောက်နေတဲ့ အေးခဲတဲ့ရာသီဥတုအောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဂန်ဆုပြည်နယ်ရဲ့တောင်ဘက် အိမ်နီးချင်း ကျင်ဟိုင်ပြည်နယ်မှာတော့ လူ ၁၆ ယောက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဂန်ဆုပြည်နယ်ထဲက ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ဂျီရှန်ခရိုင်မှာတော့ ငလျင်ကြောင့်…

Read More

ကောလိပ်ဝင်ခွင့်စာမေးပွဲ စက္ကန့် ၉၀ စောပြီးလို့ တောင်ကိုရီးယားကျောင်းသားတွေက အစိုးရကို တရားစွဲ

  ဆိုးလ်၊ ဒီဇင်ဘာ-၂၀-၂၀၂၃ မျိုးဆက် (VOM) တောင်ကိုရီးယားနိုင်ငံမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ သတ်မှတ်အချိန်ထက် စက္ကန့် ၉၀ စောပြီးဆုံးသွားတဲ့အပေါ် တောင်ကိုရီးယား ကျောင်းသားတစုက အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။ အဲဒီစာမေးပွဲကို ပြန်လည်ဖြေဆိုဖို့ တနှစ်စာ လေ့လာရေးစရိတ် ဝမ်သန်း ၂၀ ကျော် တောင်းခံထားပါတယ်။ ဒီလိုမှားယွင်းမှုဟာ ကျောင်းသားတွေရဲ့ စာမေးပွဲဖြေဆိုမှုကို ထိခိုက်ခဲ့ကြောင်း ကျောင်းသားတွေရဲ့ ရှေ့နေက ပြောပါတယ်။ ဆိုးလ်မှာပြုလုပ်တဲ့ စာမေးပွဲ ပထမဘာသာရပ်ဖြစ်တဲ့ ကိုရီးယားဘာသာဖြေဆိုချိန်မှာ ကျောင်းဆင်းခေါင်းလောင်းက ၉၀ စက္ကန့်စောပြီး စာမေးပွဲကို အဆုံးသတ်လိုက်တာလို့ ကျောင်းသား ၃၉ ဦးရဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။ Suneung လို့လူသိများတဲ့ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကောလိပ်ဝင်ခွင့်စားမေးပွဲဟာ ဘာသာရပ်များစွာကို ရှစ်နာရီကြာ ဖြေဆိုရတဲ့ စာမေးပွဲလည်းဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အခက်ဆုံးစာမေးပွဲတွေထဲက တခုဖြစ်ပြီး ဝင်ခွင့်ရမှတ် ကန့်သတ်ချက်ကလည်း လွန်စွာ…

Read More

ယူကရိန်းအရေး ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ပူတင်ပြော

  မော်စကို၊ ဒီဇင်ဘာ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆန္ဒရှိမယ်ဆိုရင် ယူကရိန်း၊ အမေရိကန်၊ ဥရောပတို့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ရုရှားရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို တပ်တွေစေလွှတ်တိုက်ခိုက်ခဲ့တဲ့ ပူတင်ကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကြိမ်ဖန်များစွာ ပြောဆိုထားပါတယ်။ ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ အားထုတ်မှုတွေမလုပ်မီ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို စောင့်ဆိုင်းနေတယ်လို့ အနောက်အုပ်စုနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းအရေးမှာ ရုရှားကိုရန်လိုနေတဲ့ အမေရိကန်၊ ဥရောပတို့အနေနဲ့ ဆွေးနွေးချင်တယ်ဆိုရင် ဆွေးနွေးလို့ရကြောင်း၊ ဒါပေမယ့် ရုရှားရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီးလုပ်ဆောင်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ရုရှားအနေနဲ့ မိမိတို့ရဲ့ရပိုင် လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်မှာမဟုတ်သလို ဥရောပနဲ့ စစ်ဖြစ်ဖို့ မရည်ရွယ်ကြောင်း ပူတင်က…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၀၀ ကျပ် ဝယ်ဈေး – ၃၄၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၇ ကျပ် ဝယ်ဈေး – ၂၅၅၇ ကျပ် -ယူရို ရောင်းဈေး – ၃၈၀၇ ကျပ် ဝယ်ဈေး – ၃၇၁၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၀ ကျပ် ဝယ်ဈေး – ၉၆.၆၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်စစ်တပ်၏ ဌာနခွဲတခုဖြစ်သော အာကာသတပ်ဖွဲ့ကို ဖြစ်ပေါ်လာစေသည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Read More

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ ရာဇဝတ်ဘေးက ပြေးလို့လွတ်ပြီလား

    ဒီဇင်ဘာ ၁၉ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ မဒရ်ဆာနူရ်ရွန်အစ္စလာမ် အမည်ရ ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်ယောက်ဟာ လက်ရှိအချိန်အထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး အဲ့ဒီ့နှစ်ယောက်ထဲက တယောက်ကတော့ ပြည်ပနိုင်ငံအထိ ရောက်ရှိနေကာ အဲ့ဒီ့ကတဆင့် နောက်ထပ် နိုင်ငံတနိုင်ငံကို ထပ်ပြေးဖို့ ကြိုးစားနေတယ်လို့ အဲ့ဒီ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ‌တွေဆီက သိရပါတယ်။ “ထိုင်းကိုရောက်နေတဲ့ မူဆာက ပါကစ္စတန်ဗီဇာ မနေ့ကပဲ ရသွားပြီ။ လက်ရှိသူ ထိုင်းမှာရှိနေတယ်။ ထိုင်းကနေတဆင့် ပါကစ္စတန်သွားမယ်။ သံရုံးကိုအကြောင်းကြားတော့ ဗီဇာထုတ်ပေးပြီးမှ သူတို့သိတယ်။ လက်ရှိ ပြည်၀င်ခွင့်မရအောင် အကြောင်းကြားထားတယ်။ ပြည်၀င်ခွင့်မရရင် ဘာလုပ်မလဲတော့မသိဘူး။ လာဘ်ထိုးပြီး၀င်ရင်တော့ ဒုက္ခပဲ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။…

Read More

မီးစက်နှင့် မန္တလေး

    ဆူးငှက်       မြန်မာလူမျိုးတို့၏ အိမ်ခန်းဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ဖြင့် အသုံးပြုကြသည်။ နေဝင်မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက် ရုံဖြင့် လုံခြုံမှုကိုရစေ၏။ ညဉ့်အချိန်၌ အိမ်ခန်းများအတွင်း၌ လင်းလင်းချင်းချင်း ရှိမှုကို များစွာ လိုလားပုံမရချေ။   ထို့အတူ မြို့တွင်းလမ်းများ၌လည်း ရေနံဆီသုံး တစ်ပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်းကလည်းပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က ‘မီးကြပ်အရာရှိ’ ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များညစဉ်မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီးနောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင်ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များအတွက်ကြီးကြပ်ရသူကိုလည်း ‘မီးတိုင်အုပ်’ ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား အတည်ပြု

  ပြုံးယမ်း၊ ဒီဇင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နေ့က ဟွာဆောင်-၁၈ လောငျစာခဲသုံံး တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစား ကို စမ်းသပ်ပစ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုကို ကင်ဂျုံအန်နဲ့ သမီးဖြစ်သူတို့ ကြည့်ရှုခဲ့ပြီး မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်က မှားယွင်းစွာချခဲ့မယ်ဆိုရင် ရွေးချယ်မှုမှန်သမျှကို ပြင်ဆင်ထားပြီးဖြစ်တယ်ဆိုတာ ပြသတာဖြစ်ကြောင်း ကင်ဂျုံအန်က သတိပေး ပြောဆိုပါတယ်။ ဒုံးကျည်ဟာ ၇၃ မိနစ်ကြာ ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားအရှေ့ဘက် ကမ်းရိုးတန်းရှိ ပစ်မှတ်တစ်ခုကို တိကျစွာ ထိမှန်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဟွာဆောင်-၁၈ ဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံး လောင်စာခဲသုံး တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီး ယခုနှစ်ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးနည်းပညာကို အသုံးပြုခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပစ်ခတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း…

Read More
VOM News

FREE
VIEW