မြန်မာနိုင်ငံမှာ ဆိုးရွားလာတဲ့အကြမ်းဖက်မှုတွေကို အာဆီယံဖြေရှင်းဖို့ ဖိလစ်ပိုင်သမ္မတ တိုက်တွန်း

  တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ရှုတ်ချလိုက်ပြီး ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ပိုဆိုးလာတဲ့အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်မပြုဘဲ ဒေသတွင်း တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့မရဘူးလို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ သမ္မတမားကို့စ်ဟာ ဂျပန်-အာဆီယံ ဆက်ဆံရေးနှစ် ၅၀ ပြည့် အထူးအစည်းအဝေးတက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အသင့်ရှိသင့်ကြောင်း သူက တိုက်တွန်းထားပါတယ်။ အာဆီယံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့အညီ ကုလသမဂ္ဂ၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာတို့နဲ့အတူ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မားကို့စ်က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ…

Read More

သရုပ်ဆောင် ဇဏ်ခီရဲ့မိခင်ကွယ်လွန်

  မန္တလေး၊ ဒီဇင်ဘာ – ၁၈- ၂၀၂၃ မန္တလေးမြို့မှာနေထိုင်တဲ့ နန်းရှေ့ဒေါနဘွားရပ်နေ (ဦးကြည်စိုး) ၏ ဇနီး သရုပ်ဆောင် ဇဏ်ခီ၏ မိခင်နူရ်ဂျန်းဘီဘီ (ခ) ဒေါ်ခင်ဝင်းရီ(ခ) မဒေါ်လီ အသက် ၇၂ နှစ်ဟာ ဒီကနေ့မနက်မှာ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကျောက်ဗလီလီမှာ ဇဟိုရ်နမားဇ်အပြီး ဂျနာဇဟ်ဖတ်မယ်လို့ ကျောက်ဗလီ လူမှုဆောင်ရွက်ရေးအသင်းကနေသိရပါတယ်။ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ကျောက်ဗလီကနေ အေးရိပ်ငြိမ် မွတ်စ်လင်မ် ကဘရ်စတန် ဥယျာဥ်တော်ကိုပို့ဆောင်ပြီး ဒဖွနာမည်ဖြစ်တယ်လို့ သိရပါတယ်။

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၅ ကျပ် ဝယ်ဈေး – ၃၄၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယခုနှစ်အတွင်း အကြိမ် ၂၀ မြောက် ဒုံးကျည်ပစ်ခတ်မှု မြောက်ကိုရီးယား ပြုလုပ်

  တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးးဆက်(VOM) မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့ကြောင်း ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုပစ်ခတ်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ အကြိမ် ၂၀ မြောက် ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာ ဖြစ်ပြီးနိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခတ်မှုလည်း ဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကိုဦးတည်ကာ ဒီဇင်ဘာ ၁၇ ရက်ည ၁၀ နာရီ ၃၇ မိနစ်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒုံးကျည်ဟာ အမြင့် ၅၀ ကီလိုမီတာကနေ ၄၀၀ ကီလိုမီတာအကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒုံးကျည်ပစ်မှုကြောင့် ပင်လယ်ပြင်မှာ လူ သို့မဟုတ် ရေယာဉ် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုဟာ နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်လာရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားမယ်ဆိုတဲ့…

Read More

This Day in History

  Voice of Myanmar အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၃ ကြိမ်မြောက် ပြင်ဆင်ချက်အရ ကျွန်ပြုခြင်း သို့မဟုတ် ကျွန်စနစ်ကို တားမြစ်ခြင်း ၁၈၆၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်စတင်သက်ဝင်ခဲ့သည်။

Read More

အစ္စလာမ်ဘာသာရေးကျောင်းမှ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်​ယောက် ထွက်ပြေး လွတ်မြောက်နေ

  ဒီဇင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူနှစ်​ယောက်ဟာ လက်ရှိမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်တယ်လို့ အဲ့ဒီ့ကျောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ကျူးလွန်သူတွေဟာ အဲ့ဒီ့ကျောင်းရဲ့ ကျောင်းဆရာတွေလို့ သိရပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကျောင်းဘက်က အမှုဖွင့်တိုင်ကြားတာမျိုး မရှိခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျောင်းသားမိဘနှစ်ယောက်က ပန်းဘဲတန်းရဲစခန်းမှာ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီအမှုမှာ ပါဝင်နေသူနှစ်ယောက်ဟာ လွတ်မြောက်နေဆဲဖြစ်ပြီး သူတို့ရဲ့နေအိမ်တံခါးတွေ သော့ခတ်ထားတာကိုလည်း တွေ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ “မူဆာဆိုတဲ့ တယောက်ကတော့ ထိုင်းကို ၁၃ ရက်နေ့ကတည်းက ရောက်သွားပြီ။ ထိုင်းရောက်နေကြောင်း အထောက်အထား၊ လေယာဉ်လက်မှတ်လည်း…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၇ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်ရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားမယ်လို့ အမေရိကန် သတိပေး

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် သို့မဟုတ် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှု မှန်သမျှကို လက်သင့်မခံကြောင်းနဲ့ ဒီလိုလုပ်မယ်ဆိုရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားလိမ့်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲကြေညာချက် ထုတ်ပြန် သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်မှုမှန်သမျှကို လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်ဆိုတာ ထပ်မံအတည်ပြုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် နျူကလီးယားတားဆီးရေးဆိုင်ရာ နျူကလီးယားအတိုင်ပင်ခံကောင်စီအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဝါရှင်တန်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ တတိယအကြိမ်မြောက်ကိုတော့ လာမယ့်နွေရာသီကာလအတွင်း တောင်ကိုရီးယားမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား၊ ဂျပန်အပြင် အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တီထွင်ထုတ်လုပ်လျှက်ရှိပြီး ဒုံးကျည်စမ်းသပ်မှုတွေကိုလည်း ယခုနှစ်အတွင်းမှာ စံချိန်တင် လုပ်ဆောင်နေပါတယ်။ မြောက်ကိုရီးယားဟာ ယခုလအတွင်းမှာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်နိုင်တယ်လို့ တောင်ကိုရီးယား လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး…

Read More

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်း အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာ

  ဒီဇင်ဘာ ၁၇၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ကြောင့် လမ်းကြော အများစု ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မူဆယ် နဲ့ မော်တောင်းကြား ပို ဈေးကြီးတယ်။ ဆိုင်ကယ်နဲ့ မော်တောင်း အထိ နှစ် သိန်း လို့ပြောတယ်။ ကွတ်ခိုင်ထိ သုံးသိန်းခွဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တောင်ပေါ်လမ်းကနေ ကားလမ်းပေါက်တဲ့အထိ ဆိုင်ကယ် နဲ့ သွားရတာတွေ ရှိပြီး မိုးရွာရင် လမ်းဆိုးတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ခရီးသည် တယောက်ကားခ ၂၀၀၀၀ နဲ့ ၂၅၀၀၀ ကြား သာရှိတဲ့ နမ့်ဖတ်ကာ…

Read More
VOM News

FREE
VIEW