ဝါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ အာဆီယံသံတမန်တွေနဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေကနေ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပဋိပက္ခကို ဖြေရှင်းရေးဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီပြီး တရုတ်နဲ့ အာဆီယံအဖွဲ့အတွက်လည်း အကျိုးရှိစေတယ်လို့ ဝယ်ယီက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပြသနာဟာ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ပြသနာဖြေရှင်းရေးရဲ့ သော့ချက်ဟာ မြန်မာပြည်သူတွေလက်ထဲမှာပဲ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးပြသနာတွေကို ကောင်းစွာဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဝမ်ယီက ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအများစုနဲ့ မျှဝေထားတဲ့ အနာဂတ်အသိုက်အဝန်းတစ်ခုတည်ဆောက်ဖို့ သဘောတူညီထားပြီး အာဆီယံရဲ့ ယုံကြည်စိတ်ချရတဲ့ ရေရှည်ဘက်စုံမဟာဗျုဟာမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရှိနေမယ်လို့…
Read MoreYear: 2023
ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတွေ တိုးမြင့်နေချိန်မှာ ထိုင်ဝမ်ကို ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချဖို့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ ဒီလို စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုဟာ ဇန်နဝါရီ ၁၃ ရက်သမ္မတရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်လုံခြုံရေးအတွက် အမေရိကန်အစိုးရရဲ့ ကတိကဝတ်ကိုပြသဖို့ ရည်ရွယ်တာထင်ရှားကြောင်း အကဲခတ်တွေက ဆိုပါတယ်။ နည်းဗျူဟာဆိုင်ရာ အချက်အလက်တွေကို စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဆက်သွယ်ရေးကိရိယာတွေနဲ့ အခြားစစ်ဘက်သုံးပစ္စည်းတွေပါဝင်တဲ့ ဒီရောင်းချမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက ကွန်ဂရက်ကို အကြောင်းကြားထားပါတယ်။ ဒီလိုရောင်းချမှုအတွက် အမေရိကန်ဟာ ထိုင်ဝမ်ကို နည်းပညာပိုင်းရာ အကူအညီတွေပါ ပေးအပ်မှာဖြစ်ပြီး အမေရိကန်က အင်ဂျင်နီယာနဲ့ နည်းပညာကျွမ်းကျင်သူ ၂၆ ယောက်လိုအပ်မှာဖြစ်ပါတယ်။ ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေကြောင့် ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေအတွအက် ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မယ့်အပြင် လက်ရှိနဲ့ အနာဂတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက…
Read Moreအစ္စလာမ်ဘာသာရေး ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့သူတွေကို ပန်းဘဲတန်းရဲစခန်းမှာ အမှုဖွင့်ထား
ဒီဇင်ဘာ ၁၆ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့သူတွေကို ပန်းဘဲတန်းရဲစခန်းမှာ ပုဒ်မ ၃၇၇/၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ အဲ့ဒီ့ကျောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ အဲ့ဒီ့ကျောင်းရဲ့ ဆရာနှစ်ယောက်က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျူးလွန်ခံရတဲ့ ကလေးတွေထဲက ကလေးတချို့ရဲ့မိဘတွေက ပန်းဘဲတန်းရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့ ဒီဇင်ဘာ ၁၅ ရက်က အမှုဖွင့်လိုက်ပြီ။ ကျောင်းဘက်က ဖွင့်တာတော့ မဟုတ်ပါဘူး။ ကလေးမိဘနှစ်ယောက်က ဖွင့်တာပါ။ သက်သေ ဗီဒီယိုတွေလည်း တာဝန်ရှိသူတွေ လက်ထဲ ရောက်သွားပါပြီ” လို့ အဲ့ဒီ့ကျောင်းနဲ့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၆ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂျပန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေး ဒီနေ့စတင်ကျင်းပမယ်
တိုကျို၊ ဒီဇင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) ဂျပန်-အာဆီယံ ဆက်ဆံရေးနှစ် ၅၀ ပြည့်အဖြစ် ဂျပန်နဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ တိုကျိုမှာပြုလုပ်မယ့် သုံးရက်ကြာ အထူးထိပ်သီး အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို ဒီနေ့ညနေပိုင်းမှာ ဧည့်ခံပွဲနဲ့စတင်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ ရေကြောင်လှုပ်ရှားမှုတွေ တိုးမြင့်လာတာအပါအဝင် အခြားသော နိုင်ငံတကာပဋိပက္ခတွေကို ဆွေးနွေးဖွယ်ရှိနေပါတယ်။ စီးပွားရေး ၊လုံခြုံရေး၊ ယဉ်ရေးမှုဖလှယ်ရေး ၊ သီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအပါအဝင် ကဏ္ဍစုံနယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း အစည်းအဝေးမှာ ပါဝင်မှာဖြစ်ပါတယ်။ အာဆီယံနဲ့ ဂျပန်ခေါင်းဆောင်တွေဟာ သူတို့တွေရဲ့ အဓိကဆွေးနွေးမှုတွေကို ဒီဇင်ဘာ ၁၇ ရက်မှာ စတင်မှာဖြစ်ပြီး ဒေသတွင်းပြသနာတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ အာဆီယံနိုင်ငံခေါင်းဆောင်အချို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး…
Read MoreThis Day in History
Voice of Myanamr အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်)ကို အိန္ဒိယက ကျူးကျော်ဝင်ရောက်ပြီးနောက် နှစ်ပတ်အကြာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပါကစ္စတန်တပ်ဖွဲ့ဝင် ကိုးသောင်းကျော်သည် အိန္ဒိယစစ်တပ်ထံ လက်နက်ချခဲ့သည်။
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၅ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံနေတဲ့ ဟားမတ်စ်အဖွဲ့ဝင်တွေအပါအဝင် ခုနှစ်ယောက်ကို ဖမ်းဆီး
ဘာလင်၊ ဒီဇင်ဘာ-၁၅ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဝင် လေးယောက်နဲ့ ဥရောပရှိ ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ကြံစည်နေသူ ခုနှစ်ယောက်ကို ဒိန်းမတ် ၊ ဂျာမနီနဲ့ နယ်သာလန်တို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သုံးနိုင်ငံက အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဂျာမနီရှိ ဂျူးနေရာတွေကို တိုက်ခိုက်ရန်ကြံစည်နေတဲ့ ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်နေသူလေးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ သံသယရှိသူတွေဟာ တိုက်ခိုက်ရာမှာ အသုံးပြုနိုင်ခြေရှိတဲ့ လက်နက်တွေကို ဘာလင်မှာ သိုလှောင်သိမ်းဆည်းဖို့ ရည်ရွယ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဖမ်းမိသူတွေထဲက သုံးဦးဟာ လက်ဘနွန်နဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်ပြီး ကျန်တယောက်ကတော့ နယ်သာလန်နိုင်ငံသားဖြစ်ပါတယ်။ အတောအတွင်းဒိန်းမတ်မှာလည်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံရသူ သုံးယောက်ကိုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒိန်းမတ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Reuters
Read Moreရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မှ ယူကရိန်းငြိမ်းချမ်းရေးရမယ်လို့ ပူတင်ပြော
မော်စကို၊ ဒီဇင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆိုတာ ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မြောက်မှာသာ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အဝကျူးကျော်တိုက်ခိုက်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ကို ဆက်တိုက်မယ်ဆိုတဲ့ သဘောဖြစ်ကြောင်း အကဲခတ်တွေကဆိုပါတယ်။ လက်ရှိမှာတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုးတက်ဖြစ်ထွန်းတဲ့ အခြေအနေကောင်းတွေရှိတယ်လို့ ပူတင်က ဆိုပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်မှ ယူကရိန်းမှာ ငြိမ်းချမ်းရေးရမှာဖြစ်ပြီး ဒီရည်ရွယ်ချက် မပြောင်းလဲဘူးလို့လည်း သူကပြောပါတယ်။ ယူကရိန်းစစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားစုစုပေါင်း ၆၁၇၀၀၀ ရှိပြီး ယူကရိန်းအတွက် မဟာမိတ်တွေဆီက အထောက်အပံ့တွေ ကုန်ဆုံးသွားပြီလို့ ပူတင်ကဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာမှာတော့ စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်းစစ်မြေပြင်က ရုရှားစစ်သာူး ၃၁၅၀၀၀ ဟာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။…
Read More