အဘူဂျာ၊ ဒီဇင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်မှာ မွတ်ဆလင်ဘာသာရေးအခမ်းအနားတခု ကျင်းပစဉ် လေကြောင်းကနေ မှားယွင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၈၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ဂျီးရီးယားစစ်တပ်ကအကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင်ဓါးပြတွေကို မှားယွင်းပြီး လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ယူဘာဆာနီကပြောပါတယ်။ စစ်ဆင်ရေးအတွင်းမလိုအပ်ဘဲ ကြေကွဲဝမ်းနည်းစရာဖြစ်ရပ်ကြောင့် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးဟာ ရပ်ရွာအတွင်းပြည်သူတွေကိုအမှတ်မထင် ထိခိုက်စေခဲ့ကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး တိုရေးဒ်လက်ဘာဂျာကဒေသခံတွေက ိုတောင်းပန်ခဲ့ပြီး ရွာကိုလည်းသွားရောက်ဂါရဝါပြုခဲ့ပါတယ်။ ဖြစ်စဉ်အပေါ် အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နိုင်ဂျီးရီးယားသမ္မတတီနူဘူက ညွှန်ကြားထားပါတယ်။ နိုင်ဂျီးရီးယားစစ်တပ်ဟာ ကျေးရွာတွေကို ဝင်ရောက်စီးနှင်းတိုက်ခိုက်ပြီး ပြန်ပေးဆွဲမှုတွေ လုပ်ဆောင်နေတဲ့ စစ်သွေးကြွနဲ့ လက်နက်ကိုင်ဓါးပြတွေကိုနှိမ်နှင်းဖို့ နှစ်ပေါင်းများစွာ ရုန်းကန်နေရပါတယ်။ Ref:BBC Photo:Getty Images
Read MoreYear: 2023
စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာသလို ဆီပြတ်တဲ့နေရာတွေ ပိုများလာ
ရန်ကုန်၊ ဒီဇင်ဘာ ၆ – ၂၀၂၃ KT +GG (VOM) စက်သုံးဆီဈေး မြင့်တက်လာပြီးနောက် ရန်ကုန်၊ နေပြည်တော် အပါ အဝင် မြို့နယ်အများစုမှာ စက်သုံးဆီ ဝယ်ယူမရတော့ဘဲ ပြတ်လပ်မှုတွေရှိလာတဲ့အပြင် ဆီကိုအချိန်သတ်မှတ်ပြီးသာ ရောင်းချတဲ့ပုံစံတွေပါရှိလာတယ်လို့ သိရပါတယ်။ ” ရန်ကုန်မှာ ရတဲ့ဆိုင်အရမ်းကိုနည်းသွားပါတယ်၊ဆီရှိတဲ့ဆိုင်ကျလည်း တန်းစီစောင့်ရတယ်။ တချို့ဆိုင်တွေကတော့ ဆီရနိုင်မယ့်အချိန်ကိုမှန်းပြီး ပြန်လာဖို့ ပြောကြတယ် ။ ဆီဝယ်ဖို့ပတ်ရှာရင်းနဲ့ကို ကားထဲရှိတဲ့ဆီက ကုန်သွားတယ် ” လို့ ရန်ကုန်က တက္ကစီယာဉ်မောင်းတယောက်ကပြောပါတယ်။ နေပြည်တော်အပါအဝင် စက်သုံးဆီလက်ကျန်ရှိနေသေး တဲ့ စက်သုံးဆီအရောင်းဆိုင်ကြီးတွေမဟုတ်တဲ့ လမ်းဘေးဆီအရောင်းဆိုင်တွေကတော့ ဆီရောင်းချနေကြတာမျိုးတွေရှိပြီး ဆီတဂါလံဈေးမြင့်တက်ရောင်းချလာနေကြတယ်လို့သိရပါတယ်။ ” ဆီကလုံးဝပြတ်သွားပါပြီ.လမ်းဘေးဆိုင်တွေမှာတဂါလံ ၂၈၀၀၀ ကျပ်ဖြစ်သွားပြီ..တပုလင်းကို ၁၀၀၀၀ ကျော်သွားပြီ၊ဗဟိုဘဏ်ကလည်းဒေါ်လာကိုလွှတ်ချလိုက်ပြီ.ဒေါ်လာနဲ့လှုပ်ရှားနေကြသူတွေလှမ်းမေးလိုက်တော့ ဒေါ်လာကိုင်ထားပြီးကစားနေသူတွေအကုန်လစ်ကုန်ကြပြီလို့ပြောပါတယ်၊ဒေါ်လာဒိုင်ကြီးတွေပေါ့ ဒေါ်လာကိုမကိုင်တော့ဘူးလွှတ်ချတော့မယ်ဆိုတဲ့အကြောင်းကြိုသတင်းရ ဒေါ်လာကိုလွှတ်ပေးလိုက်ရင်ဘာဖြစ်မလဲဆိုပြီးခေါ်မေးကြောင်း..ဗဟိုဘဏ်နဲ့ပြင်ပဒေါ်လာဝယ်ရောင်းလုပ်ကိုင်နေသူတွေဆက်စပ်မှုရှိနေကြ တယ် ” လို့ နေပြည်တော်က လုပ်ငန်းရှင်တယောက်က ပြောပါတယ်။…
Read Moreကျင်စန်းကျော့မှာ ပိတ်မိနေတဲ့ ပြည်သူ တထောင်ကျော် စားစရာ ပြတ်လပ်ပြီး အခက်အခဲ ဖြစ်နေ
ဒီဇင်ဘာ ၆၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့မှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်တို့အကြား တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူ တထောင်ကျော် လက်ရှိ စားစရာ ပြတ်လပ်ပြီး အခက်အခဲ ဖြစ်နေကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “ကားသမား၊ အလုပ်သမား၊ ရွှေ့ပြောင်း လုပ်သားတွေ စားစရာ ပြတ်လပ်လို့ အကူအညီ တောင်းလာတယ်။ ခန့်မှန်း လူဦးရေ တထောင်လောက်ရှိတယ်လို့ ပြောတယ်။” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ကျင်စန်းကျော့ဘက် သွားတဲ့ လမ်းတွေ ပိတ်ထားတာကြောင့် အကူအညီရဖို့လည်း အခက်အခဲ ဖြစ်နေသလို မည်သည့်အကူအညီမှ မရကြဘူးလို့ ဒေသခံ တယောက်က ပြောပါတယ်။ “ဖုန်းလိုင်း မရှိတဲ့…
Read Moreမြောက်ကိုရီးယားအမျိုးသမီးတွေ ကလေးများများမွေးကြဖို့ ကင်ဂျုံအန်တိုက်တွန်း
ပြုံးယမ်း၊ ဒီဇင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယား အမျိုးသမီးတွေအနေနဲ့ ကလေးများများမွေးကြဖို့ ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံလုံးဆိုင်ရာ မိခင်များတွေ့ဆုံပွဲမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မိခင်များရဲ့ တွေ့ဆုံမှုကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ရက်တိုင်ကျင်းပခဲ့ပြီး မိခင်တွေအနေနဲ့ ကလေးများများမွေးဖွားပြီး ပြုစုပျိုးထောင်ခြင်းဟာ မျိုးချစ်စိတ်ဖြစ်တယ်လို့ ကင်ဂျုံအန်ကပြောပါတယ်။ မြောက်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်းသည် အမျိုးသမီးတယောက်ကို ၁ ဒသမ ၇၉ ရာခိုင်နှုန်းသာရှိပြီး ဒီအရေအတွက်ဟာ မြောက်ကိုရီးယားနည်းတူ ဝင်ငွေအဆင့်ရှိ နိုင်ငံတွေထက် များစွာနိမ့်ကျနေတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံမှာ ကလေးမွေးဖွားနှုန်းကျဆင်းနေတဲ့အပေါ် စိုးရိမ်ပူပန်နေကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ မကြာသေးမီက သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ နိုင်ငံတကာက…
Read MoreThis Day in History
Voice of Myanmar အိန္ဒိယနိုင်ငံတွင် ဟိန္ဒူစစ်သွေးကြွအဖွဲ့တဖွဲ့က အယိုဒယရှိ ဘာဘရီ ဗလီနှင့် ဒေသတွင်းရှိ မွတ်ဆလင်အိမ်များနှင့် ပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လကြာ အဓိကရုဏ်းအတွင်း လူနှစ်ထောင်ကျော် သေဆုံးခဲ့သည်။
Read Moreအိမ်သုံးဂက်စ် ပြတ်လပ်နေပြီး ဈေးထပ်တက်လာ
ဒီဇင်ဘာ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့အပါအဝင် မြို့တချို့က အိမ်သုံးဓာတ်ငွေ့ရည် (LPG) ဆိုင်တွေမှာ ဂက်စ်ပြတ်လပ်နေပြီး ဈေးတွေ ထပ်တက်လာတယ်လို့ ဂက်စ်အရောင်းဆိုင်တွေနဲ့ သုံးစွဲသူတွေဆီက သိရပါတယ်။ အိမ်သုံးဂက်စ် ဈေးနှုန်းတွေဟာ လက်ရှိမှာ တပိဿာကို ၈၀၀၀ ကနေ ၉၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာတာဖြစ်ပြီး ဆိုင်တိုင်းမှာလည်း ဝယ်ယူလို့မရဖြစ်နေတယ်လို့ သိရပါတယ်။ “ဂက်စ်သင်္ဘောက သုံးစင်းရောက်နေပြီ။ ဒါပေမယ့် လိုင်စင်ကိစ္စကြောင့် ကမ်းကပ်လို့မရသေးဘူးလို့ ကြားတယ်။ လိုင်စင်က ကမ်းကပ်ရင်လည်း လိုတယ်၊ ပြန်ထွက်ရင်လည်း လိုတယ်လေ။ အဲ့ဒါကို ဒီဘက်က ဘာလို့ လက်မှတ်မထိုးပေးသေးလဲ မသိဘူး။ အဲ့ဒါကြောင့် ဆိုင်တွေမှာ ဂက်စ်မရှိဖြစ်နေတာ။ သူတို့ပြောတာတော့ ၈ ရက်နေ့လောက်မှ အဆင်ပြေမယ်ပြောတာပဲ။ အဲ့နေ့မှမရရင်တော့ အဲ့ထက်လည်း ပိုကြာနိုင်သွားနိုင်တယ်လို့လည်း ပြောတယ်။ အခုက ဂက်စ်ပြတ်သွားတဲ့ဆိုင်က တခြား…
Read Moreရွှေစျေး အနည်းငယ် ပြန်ကျ
ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၅ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဂျပန်မှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်နဲ့ လိုက်ပါသွားသူတွေရဲ့ အလောင်းတွေ တွေ့ရှိ
တိုကျို၊ ဒီဇင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ယာကူရှီးမားကျွန်းအနီးမှာ ပျက်ကျခဲ့တဲ့ အမေရိကန်စစ်လေယာဉ်ရဲ့ အပျက်အစီးတွေနဲ့ အတူ ကျန်ရှိနေတဲ့ အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ စီဗွီ-၂၂ အော်စပရေး အမျိုးအစားလေယာဉ်ဟာ လွန်ခဲ့တဲ့သီတင်းပတ်က ပျက်ကျခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူရှစ်ဦးအနက် နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်ကတည်းက ရှာဖွေေတွေ့ရှိခဲ့ကာ သေဆုံးသူတယောက်ရဲ့ အလောင်းကိုတော့ ပျက်ကျပြီး နာရီအနည်းငယ်အတွင်း တွေ့ရှိခဲ့ပါတယ်။ အော်စပရေးအမျိုးအစားလေယာဉ်ဟာ လေယာဉ်ပျက်ကျချိန်မှာ ယာမာဂူရှီစီရင်စုရှိ အမေရိကန်လေတပ်စခန်းကနေ အိုကီနာဝါရှိ ကာဒီနာလေတပ်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ခြင်းမပြုမီ မီးလောင်ကျွမ်းပြီးနောက် ပျက်ကျခဲ့ကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေဟာ လေယာဉ်ရဲ့ပင်မကိုယ်ထည်နဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC Photo:AP
Read Moreသီလဝါ ဆိပ်ကမ်းမှာ ထုတ်ယူမှုအခက်အခဲကြောင့် ရန်ကုန်ဆီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေ
ဒီဇင်ဘာ ၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ ဆိပ်ကမ်းမှာ ဆီထုတ်ယူမှု အခက်အခဲကြောင့် ရန်ကုန်မြို့က ဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။ “သီလဝါဆိပ်ကမ်းမှာတောင် ဆီဘောက်ဆာကားတွေ ပုံနေတယ်။ လီတာ တသောင်းငါးထောင့်ငါးရာကို လေးပွိုင့်၊ လေးနေရာခွဲထုတ်ရတယ်။ တပွိုင့်ထုတ်ဖို့ နှစ်ရက်ကြာတယ်။ စက်သုံးဆီ PO တွေကို တရက်စာရောင်းဖို့ ခွဲတမ်းချပေးတယ်။ အဲ့ဒီ့ ချပေးတဲ့ တရက်စာ PO လေးမှာမှ ဆီက လေးမျိုး၊ ထုတ်ရမယ့် Terminal က သုံးခု၊ လေးခု။ Terminal တခုစီမှာ ဆီထုတ်ရတာက တညအိပ်၊ နှစ်ရက်က အနည်းဆုံးပဲ” လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတယောက်က ပြောပါတယ်။ လက်ရှိမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာနဲ့အတူ စက်သုံးဆီအရောင်းဆိုင်…
Read Moreးလင်းနယ် ရေမျက်နီ စခန်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးသူ များပြား
ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီ စံပြကျေးရွာ ၊ မုံရွာ – ဂန့်ဂေါ ကားလမ်းမှာရှိတဲ့ ရေမျက်နီစခန်းကို မနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာ ထိထိုက်သေဆုံးသူ များပြားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ရေမျက်နီစခန်းဆိုတာ မုံရွာ – ဂန့်ဂေါ – ဟားခါး ကားလမ်းဘေးမှာရှိတယ် ၊ ရေမျက်နီရွာအဝင် ဘုရားတောင် နားက ကုန်းပေါ်မှာ ရှိတယ် ၊ အဲ့ဒီ စခန်းကုန်းကို မနေ့က မနက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီ…
Read More