This Day in History

  Voice of Myanamar ပါလက်စတိုင်း လွတ်မြောက်အရေးအဖွဲ့ဥက္ကဌ ယာဆာအာရဖတ်၏ တိုက်တွန်းချက်အရ ပါလက်စတိုင်းအမျိုးသားကောင်စီသည် အယ်လ်ဂျီးရီယားတွင် ဆွေးနွေးပြီးနောက် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသကို လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။

Read More

ဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးစစ်တပ် ဝင်ရောက်စီးနှင်း ၊ ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ တိုက်တွန်း

    ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တွေကို နိုဝင်ဘာ ၁၅ ရက်မှာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီမှာ ဆေးရုံကို ဝင်ရောက်စီးနှင်းမှာဖြစ်ကြောင်း အစ္စရေးက သတိပေးခဲ့တယ်လို့ဆိုထားပြီး ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ အစ္စရေးစစ်တေပ်က တိုက်တွန်းထားပါတယ်။ ဟားမတ်စ်တွေဟာ ဆေးရုံကို အကာအကွယ်ပြုပြီး စစ်ဆင်ရေးနဲ့ အမိန့်ပေးဌာနရှိနေတယ်လို့ အစ္စရေးကဆိုပါတယ်။ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို အခြေခံပြီး အယ်လ်ရှီဖာဆေးရုံရှိ သတ်မှတ်ဧရိယာမှာ ဟားမတ်စ်တွေကို အတိအကျပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အယ်လ်ရှီဖာဆေးရုံရဲ့ အနောက်ဘက်ခြမ်းကို အစ္စရေးတပ်တွေ ဝင်ရောက်စီးနှင်းခဲ့တာဖြစ်ကြောင်း ဆေးရုံထဲမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမူနီယာက ပြောပါတယ်။ ဂါဇာကို ငါးပတ်ကြာတိုက်ခိုက်ပြီးနောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ…

Read More

ရခိုင်မှာ နယ်ခြားစောင့်စခန်းတချို့ကို AA သိမ်း

  နိုဝင်ဘာ ၁၄- ၂၀၂၃ SN (VOM)   ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ ချိန်ခါလိန် နယ်ခြားစောင့် တပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် ( AA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မနေ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို အဲ့ဒီ့နေ့မှာပဲ သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလိန် နယ်ခြားစောင့်တပ်စခန်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။   တိုက်ပွဲတွေကတော့ ဒီမနက်မှာ ၅ နာရီခွဲလောက်ကတည်းက အသံတွေ ကြားနေရတာ။ အသံတွေ ကြားပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ဘေးလွတ်ရာကို အသည်းအသန်…

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၆ သိန်းကျော်ထိ ထပ်မံ မြင့်တက်

  နိုဝင်ဘာ ၁၄ – ၂၀၂၃ SN (VOM)   ပြည်တွင်း အခေါက်ရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းကစလို့ ကျပ် ၃၆ သိန်းကျော်ကို ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။   အခုလို ပြည်တွင်း‌ရွှေဈေး ထပ်မံ မြင့်တက်လာခြင်းဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်မှုရှိနေပြီး တိုက်ပွဲတွေကြောင့် ကုန်စည် စီးဆင်းမှု ရပ်တန့်နေပြီး ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ရွှေဈေးပါ လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။   “ဒီနေ့ ဒေါ်လာဈေးတွေလည်း တက်သွားတယ်။ ၃၃၀၀ ကနေ ၃၄၀၀ လောက်အထိ ဖြစ်သွားတယ်။ ဒေါ်လာဈေးတက်တော့ ရွှေဈေးလည်း လိုက်တက်သွားတယ်ပေါ့။ တိုက်ပွဲတွေနဲ့လည်း ဆက်စပ်မှုရှိမယ်။ အဲ့ဒါကြောင့်လည်း ဒေါ်လာဈေးတွေ တက်တာပေါ့။ အဲ့ဒီ့ကနေမှ ဆင့်ကဲ…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar   -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၆ ဒေါ်လာ   -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၀၀၀၀ ကျပ်   -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ်   လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။   ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

  ရန်ကုန် ၊နိုဝင်ဘာ ၁၄ -၂၀၂၃ GG( VOM)   ရခိုင်ပြည်နယ်ကို ရေကြောင်းနဲ့ ကုန်းကြောင်းကပါ ဝင်ရောက်ခွင့် ၊ထွက်ခွာခွင့် ပိတ်ထားတဲ့အတွက် မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။   ရခိုက်ပြည်နယ်ထဲက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အပါအဝင် နေရာတချို့မှာ AA နဲ့ စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်နေတာကြောင့် နစက ဘက်က ရခိုင်ပြည်နယ်ကို အဝင်အထွက်ပိတ်လိုက်တာဖြစ်ပါတယ်။   ဒါ့ကြောင့် လက်ရှိ ရန်ကုန် – စစ်တွေ အဝေးပြေးကားလမ်းမှာ ရောက်နေတဲ့ ကုန်စိမ်းကားတွေ ၊ရေထွက်ကုန်ပစ္စည်းကားတွေ မြို့ထဲကိုဝင်ခွင့် ပိတ်မိနေသလို စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းတွေကနေလည်း ဘင်္ဂလား ဒေ့ရှ် ဘက်ကို ကုန်တင်ပို့တာ ၊ ပြည်တွင်းကို ပစ္စည်းတင်သွင်းတာတွေ အားလုံးရပ်ကုန်ပြီဖြစ်တယ်လို့သိရပါတယ်။   ” လမ်းကြောင်းတွေအကုန်ပိတ်လိုက်တော့…

Read More

ဂါဇာဆေးရုံမှာ လူထောင်ချီပိတ်မိပြီး အလောင်းတွေကြောင့် သင်္ချိုင်းတခုလိုဖြစ်နပြီလို့ WHO သတိပေး

    ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာရှိ အကြီးဆုံးဆေးရုံအနီးမှာ တိုက်ပွဲတွေကြောင့် ဆေးရုံမှာ လူထောင်ချီပိတ်မိနေပြီး ပုပ်ပွဲနေတဲ့အလောင်းတွေ စုပုံနေကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဓါတ်အားပြတ်တောက်မှုနဲ့ လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ အယ်လ်ရှီဖာဆေးရုံဟာ သင်္ချိုင်းတခုနီးပါး ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။ ဆေးရုံဟာ ပိတ်ဆို့မှုအောက်မှာရှိနေပြီး ခွေးတွေဟာ အလောင်းတွေကို စတင်စားသောက်နေကြောင်း ဆေးရုံမန်နေဂျာကဆိုပါတယ်။ ဆေးရုံအနီးမှာ မကြာသေးမီရက်တွေအတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဟားမတ်စ်တို့ဟာ ဆေးရုံအောက်မှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတွေမှာ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနအဖြစ် လုပ်ဆောင်နေတယ်လို့ အစ္စရေးကစွပ်စွဲထားပြီး ဟားမတ်စ်တို့ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဆေးရုံမှာပိတ်မိနေတဲ့ အရပ်သားတွေကို ကာကွယ်ရမယ်လို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။ အလ်ရှီဖာဆေးရုံအနီး တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ဆေးရုံကို ပစ်ခတ်မှုမရှိသလို ဝိုင်းရံထားခြင်းလည်းမရှိဘဲ ထွက်ခွာလိုသူမည်သူမဆို ထွက်ခွင့်ပေးထားကြောင်း အစ္စရေးက ပြောပါတယ်။ ဆေးရုံထဲမှာ လူပေါင်း ၆၀၀ လောက်ပိတ်မိနေပြီး…

Read More

ပလက်ဝမြို့နယ်ထဲမှာ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ် ၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ချင်းပြည်နယ် ၊ တောင်ပိုင်း ပလက်ဝမြို့နယ်ထဲကို ဒီကနေ့ မနက်၂ နာရီဝန်းကျင်ကနေ စတင် ကူးစက်လာပြီး ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ စစ်တပ်နဲ့ AA အဖွဲ့တွေကြား တိုက်ခိုက်တာတွေ ဖြစ်လာနေတယ်လို့ ပလက်ဝ ဒေသခံတွေဆီက သိရပါတယ်။ ” ပလက်ဝမြို့နယ် ၊ တရွန်အိုင်ရွာနားမှာ ဒီမနက် ၂ နာရီလောက်က တိုက်ပွဲစဖြစ်တယ် ၊ တရွန်အိုင်ရွာနားမှာရှိတဲ့ စစ်တပ်စခန်းကို AA အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာဖြစ်တယ် ၊ ဒီမနက်အထိ ပစ်နေကြတာဖြစ်တယ် ၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ် ၊ ထိခိုက်ဆုံးရှုံးမှု နှစ်ဘက်စလုံးမှာရှိတယ် ၊…

Read More

လွိုင်ကော်မှာ တိုက်ပွဲတွေအပြင်းအထန် ဆက်လက်ဖြစ်ပွားနေ

  နိုဝင်ဘာလ ၁၅- ၂၀၂၃ GG(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး လက်ရှိမှာလည်း လေယာဉ်နဲ့ ဗုံးကြဲမှုတွေရှိနေတာကြောင့် ပုန်းခိုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အခုလက်ရှိ အ ခြေအနေမကောင်းဘူး၊ဂျက်ဖိုက်တာတွေဝဲနေတယ် ဗုံးတွေလည်းကြဲနေတယ် ဒါတိကျတဲ့အဖြေပဲ ” လို့ လွိုင်ကော်ဒေသခံတယောက်ကပြောပြပါတယ်။ လက်ရှိမှာ လွိုင်ကော်မြို့ကို အဝင်အထွက်လည်းပိတ်ဆို့ထားသလို တိုက်ပွဲအကြားမှာ ဒေသခံတွေ လက်နက်ထိမှန်သေဆုံးတာနဲ့ ဒဏ်ရာရသူတွေပါရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက်ကတည်းက ပစ်ခတ်မှုတွေရှိနေတာ၊နောင်ယားဈေးဝန်းကျင်ဆိုဖြစ်နေတာပဲ၊နာနတ်တော ရပ်ကွက်ဖက်ဆို ဗုံးကြဲခံရတာပဲ၊ ဒေါခူရွာ ဘက်လည်း ကြဲတယ်၊ ခေါင်းပေါ်မကျလာရင်တော့ဘာမှ မဖြစ်ဘူးပေါ့၊မြို့ထဲတောင် ညနေ ၃ နာရီလောက်ထိပဲ သွားလာလို့ရတယ်၊ဒါတောင်ရပ်ကွက်ထဲလောက်ပဲ၊ဟိုဖက်ရပ်ကွက်ဒီဖက်ရပ်ကွက်တောင်ကူးဖို့ မလွယ်ဘူး ” လို့ နောက်ထပ် လိုင်ကော်ဒေသခံတယောက်ကပြောပါတယ်။ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထေးဌားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် (၅၄) အရှေ့မှ အလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ

  နိုဝင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အမှတ် (၅၄) ခြံရှေ့မှာ ချိတ်ဆွဲထားတဲ့ NLD ပါတီအလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၁၀ နာရီခွဲလောက်မှာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က လာရောက်ဖြုတ်ချသွားတာဖြစ်ပြီး ကြိုတင် အကြောင်းကြားထားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ “ဒါက နဂိုကတည်းက တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်ထားတော့ ပါတီတခုအဖြစ် မရပ်တည်နိုင်တော့ဘူးလေ။ တရားဝင် မရပ်တည်နိုင်တဲ့ ပါတီတခုက သူ့မှာဆိုင်းဘုတ် ထားရှိခွင့် မရှိဘူးလေ။ မြို့နယ်တိုင်းမှာရှိတဲ့ NLD ဆိုင်းဘုတ်တွေကလည်း ဖြုတ်ချရမှာပဲ။ သမာသမတ်ကျကျ ပြောရရင်တော့ တရားဝင်အဖြစ် မှတ်ပုံတင်ပေါ့။ မတင်နိုင်ရင်တော့ ဆိုင်းဘုတ်တင်ခွင့်မှ မရှိတော့ဘဲ။ ဒီဆိုင်းဘုတ်က…

Read More
VOM News

FREE
VIEW