Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read MoreYear: 2023
ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအင်ဒိုနီးရှား နီကယ်စက်ရုံပေါက်ကွဲမှု အလုပ်သမား ၁၃ ယောက်သေဆုံး
ဂျကာတာ၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ နီကယ်စက်ရုံပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၃ ယောက်ထက်မနည်း သေဆုံးသွားပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိကာ အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ ရှစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး ကျန်ငါးယောက်တော့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ဒီစက်ရုံဟာ တရုတ်နိုင်ငံရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ မီးဖိုတခုပေါ်မှာ ပြုပြင်နေစဉ်အတွင်း မီးလောင်လွယ်တဲ့အရည်တမျိုးကျရောက်မီးလောင်ကာ အနီးနားရှိ အောက်ဆီဂျင်ကန်တွေ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေမှာ ဆိုပါတယ်။ အလုပ်သမားတွေဟာ ပေါက်ကွဲမှုကြောင့် မျက်နှာတွေနဲ့ အဝတ်အစားတွေကို မီးလောင်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အလုပ်သမားတွေကို ကုသထောက်ပံ့စရိတ်ပေးမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ထက်ဝက်နီးပါးဟာ နိုင်ငံခြားသားအလုပ်သမားတွေဖြစ်ပြီး ၁၇ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ခရိုင်အကြီးအကဲ မိုရိုဝါလီက ပြောပါတယ်။တရုတ်နိုင်ငံဟာ သူ့ရဲ့ တန်ဖိုးနည်းလျှပ်စစ်ကားလုပ်ငန်းကို ကြီးထွားလာစေဖို့ အာရုံစိုက်နေပြီး အင်ဒိုနီးရှားမှာ ရင်းနှီးမြုပ်နှံမှုတွေ…
Read MoreThis Day in History
Voice of Myanmar ဂျပန်နိုင်ငံတွင် ဟီရိုဟီတိုသည် ဖခင်ဖြစ်သူ ဧကရာဇ် ယိုရှီဟီတိုကို ဆက်ခံပြီး ဂျပန်နိုင်ငံ၏ ၁၂၄ ဆက်မြောက် ဧကရာဇ်အဖြစ် ၁၉၂၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဆက်ခံခဲ့သည်။
Read Moreစက်သုံးဆီ ပြတ်လပ်လာပြန်လို့ တန်းစီ ဝယ်ယူနေရပြီး ဆိုင်တချို့ အရောင်းပိတ်ထားပြန်
ဒီဇင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းတွေမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စက်သုံးဆီတွေ ပြန်လည် ပြတ်လပ်လာတာကြောင့် ကားတွေ ပြန်တန်းစီနေရသလို အရောင်းပိတ်ထားတဲ့ ဆိုင်တချို့လည်း ရှိတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခြေအနေကတော့ အခု အစောကြီးထပြီး တန်းစီလာရတယ်။ ဆီကတော့ လိုသလောက် ဝယ်လို့ ရနေသေးတယ်။ ဒါပေမယ့် ဆီဈေးကတော့ ၂၅၀၀ ကျော်သွားပြန်ပြီ။ ဆိုင်တွေကတော့ ဆီဘောက်ဆာကား မရောက်သေးရင် အရောင်းပိတ်ထားကြတယ်။ တချို့ဆိုင်တွေကျတော့လည်း 95 တမျိုးပဲရတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။ တချို့ ဆီဆိုင်တွေမှာ 92 အောက်တိန်း တမျိုးသာရပြီး တချို့ဆိုင်တွေမှာတော့ 95 တမျိုးသာသာရကာ တချို့ဆိုင်တွေကတော့ သီလဝါကနေ စက်သုံးဆီ ထုတ်ယူနေတာဖြစ်တဲ့အတွက် ခေတ္တအရောင်းပိတ်ထားကြတယ်လို့…
Read Moreယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၄ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမြေဆီ မြေကောင်းနှင့် ပန်းပေါင်းတစ်ရာ
ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် လေးစုကျော် ကာလများက ဝါဆိုလပြည့်ကျော်သည့်နောက် မန္တလေးမြို့လယ်ခေါင် က ဝါးကပ်မိုးထရံကာ၊ သက်ကယ်မိုး ထရံကာ ဇာတ်ရုံကြီးများလည်း အလျှိုအလျှို ပေါ်ပေါက်လာခဲ့၏။ တရုတ်တန်း လမ်း၈၀ ပေါ် ၃၁လမ်းနှင့် ၃၂လမ်းကြား (ယခု ကြည်တင်ဟိုတယ်နေရာ) မှာ တစ်ရုံ၊ ၇၈လမ်း မျက်ပါးရပ်မှာ မာလာရွှေစင်အမည်ဖြင့်တစ်ရုံ၊ မြောက်ပြင် ၁၅လမ်း ထီးရိုးဝင်းမှာ တစ်ရုံ၊ ဒေးဝန်း ၃၅လမ်းမှာ မြသီတာအမည်ဖြင့် တစ်ရုံ၊ အောင်မြေသာဇံ မိုးဗြဲကွင်းမှာ တစ်ရုံ၊ ဘုရားကြီး လေးဆယ့်ငါးတာမှာ နှစ်ရုံပြိုင်။ဇာတ်ရုံကြီးများကလည်း ဧရာမ အကြီးကြီးတွေ။ အရှည်ကပင် ဆယ့်ငါးပေခန်း အခန်းနှစ်ဆယ် နီးပါးရှိမည်။ အကျယ်ကခြောက်ခန်း၊ ခုနစ်ခန်း။ ဇာတ်ရုံကြီးတွေက တချို့ ဝါးကပ်မိုး၊ တချို့ သက်ကယ်မိုး ထားပြီး ဝါးထရံများဖြင့် ပတ်ပတ်လည်…
Read Moreဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်း အီရန်ဘက်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ဓါတုဗေဒ ကုန်တင်သင်္ဘောတစင်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ အီရန်ကစေလွှတ်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်တစင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။ ချမ်ပလူတိုသင်္ဘောဟာ အိန္ဒိယနိုင်ငံကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀ အကွာမှာ ဒီဇင်ဘာ ၂၃ ရက် ဒေသစံတော်ျချိန် မနက် ၁၀ နာရီက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပေမယ့် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း သိရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်ဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ မကြာသေးမီအချိန်တွေအတွင်း အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်ရှိ ဟူသီသူပုန်တွေဟာ ပင်လယ်နီဒေသမှာရှိတဲ့ သင်္ဘောတွေကို ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မနေ့ကလည်း ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေလမ်းကြောင်းမှာ ဟူသီတွေက သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် သင်္ဘောတွေ ထိခိုက်တာမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။ ဂါဇာမှာ အစ္စရေးနဲ့ စစ်ဖြစ်နေတဲ့ ဟားမတ်စ်တို့ကို…
Read Moreမြောက်ဦးမြို့အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရ
ဒီဇင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊ မနက်အစောပိုင်းမှ စတင်ကာ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ တယောက်သေ၊ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်အနီးရှိ ရဲစခန်းနဲ့ သူတော်မတောင် စစ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မနက် ၃ နာရီ၊ မိနစ် ၅၀ ဝန်းကျင်အချိန်က စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြကာ မနက် ၉ နာရီကျော်ဝန်းကျင်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်က ရွာတွေဆီ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ရွာဟောင်းတောကျေးရွာမှ တဦး၊ ဆင်ချဆိပ်ရပ်ကွက်က လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက်…
Read Moreရွှေဘိုနယ် မြင်ချင်ရွာမှာ လူနေအိမ် ၁၅၀ ကျော် မီးလောင် ၊ ဒေသခံ တဦး သေဆုံး
ဒီဇင်ဘာ ၂၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မြင်ချင် (ဒေသအခေါ် မြင်းချင်းကျေးရွာ)မှာ ဒီမနက် အစောပိုင်းကစလို့ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ထိခိုက် သေဆုံးသူတွေရှိကာ လူနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၃ နာရီလောက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့ လူ ၄၀၀ ကျော်ဝန်းကျင်က လာရောက်တိုက်ခိုက်တယ် ၊ ရွာထဲက လူနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးတယ် ၊ အခု နေ့ခင်းအထိ မီးလောင်နေတုန်းဖြစ်တယ် ၊ ရွာခံ မခက်ခက်ဦး ၂၃ နှစ် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ် ၊…
Read More