မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး လူတဦး သေဆုံး

 

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၄

Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၊ ၆၈လမ်း ၁၁၁နဲ့၁၁၂လမ်းကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၀ရက် မနက်အစော ၁နာရီကျော်အချိန်ခန့် နေအိမ်တလုံး မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုသား တဦး မီးခိုးမွန် သေဆုံးခဲ့တယ်လို့ မီးသတ်နဲ့နီးစပ်သူဆီက သိရပါတယ်။

” ဖြစ်တာက ရေခဲသေတ္တာ အပူလွန်ပြီး ဖြစ်တာလို့ သိရတယ်၊ လောင်တဲ့အိမ်က အမျိုးသား(၁)ဦး မီးခိုးမွှန် သေဆုံးခဲ့တယ်”လို့ မီးသတ်နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်ဟာ နေအိမ်အပေါ်ထပ်ရှိ ရေခဲသေတ္တာအပူလွန်ကဲရာကနေ မီး‌စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက်အဦနဲ့ အတွင်းခန်းပစ္စည်းအချို့ မီးလောင်ခဲ့ကာ မီးသတ်တွက်ချက်တန်ဖိုးငွေ(၃၁)သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်နေစဉ်အတွင်း နေအိမ်ပိုင်ရှင်ဖြစ်သူ အသက်(၇၇)နှစ်အရွယ် အမျိုးသားတဦး မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ သိရပြီး မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကာ မနက်(၂)နာရီအချိန်ခန့်မှာ မီးလုံးဝငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်း အမှတ်(၁၁)က သေဆုံးသွားသူ နေအိမ်ပိုင်ရှင်ကို (ပ-၁၁/၂၀၂၄)၊ ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader

 

Related posts

VOM News

FREE
VIEW