ဟူသီတွေကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး အမေရိကန်က စတုတ္ထအကြိမ် တိုက်ခိုက်

  ဝါရှင်တန်၊ ဇန်နဝါရီ-၁၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့ကို စတုတ္ထအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုပြောဆိုပါတယ်။ ပင်လယ်နီအတွင်း သွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ဟူသီတို့ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၄ စင်းကိုလည်း အမေရိကန်စစ်တပ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်ရေတပ်သင်္ဘောတွေကနေ ပစ်လွှတ်လိုက်တဲ့ တွမ်မဟော့ခ်ဒုံးကျည်တွေဟာ ဟူသီတို့ရဲ့ ပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်း ဟူသီသူပုန်အဖွဲ့ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့စာရင်းမှာ အမေရိကန်က ပြန်လည်ထည့်သွင်းလိုက်ပြီး ဒေသတွင်းစီးပွားဖြစ်သင်္ဘောတွေကို တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ဟူသီတို့ဟာ ဂါဇာရှိ ဟားမတ်စ်တို့ကို ထောက်ခံပြီး အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ပင်လယ်နီရှိ ကုန်တင်သင်္ဘောတွေကို နိုဝင်ဘာလကတည်းက စတင်တိုက်ခိုက်ခဲ့ပါတယ်။ Ref:BBC Photo:US…

Read More

အီရန်ဘက်ကို ပါကစ္စတန်က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပစ်ခတ်၊ နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာ

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၁၈-၂၀၂၄ မျိုးဆက်(VOM) အီရန်က ပါကစ္စတန်ပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၁၈ ရက်မှာတော့ ပါကစ္စတန်ဟာ အီရန်ဘက်ကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ပါကစ္စတန်က အတည်ပြုပြောဆိုပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုဟာ နယ်စပ်ဒေသရှိ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်က ဆိုထားပြီး နျူကလီးယားပိုင်ဆိုင်တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးယောက်နဲ့ ကလေးငယ်လေးယောက်သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နယ်စပ်ဒေသတွေကို နှစ်နိုင်ငံအပြန်အလှန်တိုက်ခိုက်မှုဟာ စစ်သွေးကြွအုပ်စုတွေကို လက်ခံထားလို့ဖြစ်တာလို့ နှစ်ဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ဇန်နဝါရီ ၁၇ ရက်ညပိုင်းက ပါကစ္စတန်နယ်စပ်အနီး ဆာရာဗန်မြို့တဝိုက်မှာ ပေါက်ကွဲသံတွေများစွာ ကြားရကြောင်း အီရန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပြီး ထောက်လှမ်းရေးအခြေပြုစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ဟာ ပါကစ္စတန်ဘက်ကို ပြီးခဲ့တဲ့…

Read More

မူဆယ်ခရိုင်အတွင်း ပိတ်ထားရတဲ့ စာသင်ကျောင်းတွေက ကျောင်းသူ၊ကျောင်သားတွေကို မူဆယ်မြို့ပေါ် ကျောင်းတွေမှာ တက်ရောက်ခွင့်ပြု

ဇန်နဝါရီ ၁၈၊ ၂၀၂၄ Shy V(VOM) လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းကိုးမြို့၊ မန့်ဟီးရိုးမြို့ (မန်ဟျှိုး)၊ ပန်ဆိုင်းမြို့ (ကြူကုတ်) စတဲ့ မြို့နယ်ခွဲတွေ အပါအဝင် မူဆယ်မြို့နယ် နဲ့ နမ့်ခမ်းမြို့နယ်ရှိ ပိတ်ထားရတဲ့ အခြေခံပညာသင်ကျောင်းက ကျောင်းသူကျောင်းသား‌တွေ အနေနဲ့ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းတွေမှာ ဆက်လက်တက်ရောက်နိုင်ကြောင်း ဇန်နဝါရီ ၁‌၇ ရက်နေ့က မူဆယ်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကနေ သတင်းထုတ်ပြန်ပါတယ်။ မုံးကိုးမြို့ကနေ တရုတ်နိုင်ငံမှာ တက္ကသိုလ်မှာ တက်ရောက်ခဲ့သူ တဦးက “စာ တော်တော်၊ ညံ့ညံ့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့ သူတွေက တရားဝင် အစိုးရလို့ သတ်မှတ်ထားတဲ့ အစိုးရကျောင်းက လက်မှတ် လိုကို လိုတယ်။ အဲဒါကြောင့် အစိုးရကျောင်းက ဆယ်တန်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နစကတပ်ဖွဲ့ဝင် ၂၇၈ ဦး မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက် တိမ်းရှောင်

    ဇန်နဝါရီ ၊ ၁၈ ၊ ၂၀၂၄ SP ( VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင် ( Lawngtlai ) ခရိုင် ၊ ဘန်ဒုဘန်ဂါ ( Bandukbanga) ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၇ ရက် ၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ချင်းပြည်နယ်ဘက်ကနေ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ဝင်ရောက်လာတယ်လို့ မီဇိုရမ်ပြည်နယ်ရဲ့ ဒေသဆိုင်ရာ သတင်းဌာနတွေက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် ၊အိုက်ဇောမြို့ခံ တယောက်က ” မနေ့က နေ့လယ်ပိုင်းမှာ ဘန်ဒုဘန်ဂါရွာဘက်ကို နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၂၇၈ ယောက် ထပ်မံဝင်ရောက်လာတယ်လို့ သတင်းတွေထုတ်ပြန်ထားတယ် ၊…

Read More

ထိုင်းအလယ်ပိုင်းမှာ မီးရှူးမီးပန်း အလုပ်ရုံပေါက်ကွဲမှု ၂၃ ယောက်ထက်မနည်း သေဆုံး

  ဘန်ကောက်၊ ဇန်နဝါရီ-၁၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မီးးရှူးမီးပန်း အလုပ်ရုံတခုမှာ ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၂၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ပေါက်ကွဲမှုဟာ ဆူဖန်ဘူရီခရိုင်အလယ်ပိုင်းရှိ ဆာလာကာအိုမြို့နယ်အနီးမှာ ဇန်နဝါရီ ၁၇ ရက်ပိုင်းက နေ့လယ်သုံးနာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ၂၃ ယောက်ရှိလာကြောင်း ပေါက်ခွဲရေးဆိုင်ရာ စီမံခန့်ခွဲမှုအအက်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစက်ရုံမှာ တနေ့ကို ပျှမ်းမျှ လူ ၂၀ ကနေ ၃၀ ကြား အလုပ်လာလုပ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်ရုံဟာ တရားဝင်လုပ်ကိုင်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာက ညွှန်ကြားထားပါတယ်။ မီးရှူးမီးပန်းနဲ့ အခြားသောယမ်းအသုံးပြုထုတ်ကုန်စက်ရုံတွေမှာ ဒီလိုပေါက်ကွဲမှုတွေဟာ ထိုင်းနိုင်ငံမှာ မကြာခဏဆိုသလို…

Read More

This Day in History

Voice of Myanmar စစ်သေင်္ဘာ ပျံသန်းမှု ကုန်းပတ်ပေါ်တွင် ပထမဆုံးသော လေယာဉ်ဆင်းသက်မှုကို အမေရိကန်လေယာဉ်မှူး ယူဂျင်းအီလီက ၁၉၁၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဆန်ဖရန်စစ္စကိုပင်လယ်အော်ရှိ ပင်ဆယ်ဗေးနီးယားစစ်သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့သည်။

Read More

ယုဇနဥယျာဉ်မြို့တော်မှာ ကလေးနှစ်ယောက် ငါးလွှာက ပြုတ်ကျ သေဆုံး

  ဇန်နဝါရီ ၁၇ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ မနေ့ ဇန်နဝါရီ ၁၅ ရက်က ကလေးနှစ်ယောက် ငါးလွှာကနေ ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်တွင်း နေထိုင်သူတွေဆီက သိရပါတယ်။ အဲ့ဒီ့ဖြစ်စဉ်ဟာ မနေ့ ညပိုင်းက ယုဇနဥယျာဉ်မြို့တော် (A)၊ ၁၀ လမ်း၊ တိုက်အမှတ် ၁၅ မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် တနှစ်ကျော်အရွယ်နဲ့ အသက် ငါးနှစ်အရွယ် ကလေးနှစ်ယောက် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “သေသွားတဲ့ ကလေးတွေက မိန်းကလေးတွေပါ။ ငါးလွှာ အိပ်ခန်း၊ ကုတင်ပေါ်မှာ ဆော့နေရင်း ပြတင်းပေါက်ကနေ ပြုတ်ကျသွားတာ။ တနှစ်အရွယ်လေးကတော့ ပွဲချင်းပြီးသေသွားတယ်။ ငါးနှစ်ကလေးလေးကတော့ ဆေးရုံမှာဆုံးတာပါ။ ဒီကလေးတွေက ဘာမှတော့ သွေးသားမတော်စပ်ဘူး။ အိမ်နီးချင်းတွေလို့…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW