ထိုင်းအလယ်ပိုင်းမှာ မီးရှူးမီးပန်း အလုပ်ရုံပေါက်ကွဲမှု ၂၃ ယောက်ထက်မနည်း သေဆုံး

 

ဘန်ကောက်၊ ဇန်နဝါရီ-၁၈-၂၀၂၄

မျိုးဆက်(VOM)

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မီးးရှူးမီးပန်း အလုပ်ရုံတခုမှာ ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၂၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ပေါက်ကွဲမှုဟာ ဆူဖန်ဘူရီခရိုင်အလယ်ပိုင်းရှိ ဆာလာကာအိုမြို့နယ်အနီးမှာ ဇန်နဝါရီ ၁၇ ရက်ပိုင်းက နေ့လယ်သုံးနာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ၂၃ ယောက်ရှိလာကြောင်း ပေါက်ခွဲရေးဆိုင်ရာ စီမံခန့်ခွဲမှုအအက်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစက်ရုံမှာ တနေ့ကို ပျှမ်းမျှ လူ ၂၀ ကနေ ၃၀ ကြား အလုပ်လာလုပ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်ရုံဟာ တရားဝင်လုပ်ကိုင်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာက ညွှန်ကြားထားပါတယ်။

မီးရှူးမီးပန်းနဲ့ အခြားသောယမ်းအသုံးပြုထုတ်ကုန်စက်ရုံတွေမှာ ဒီလိုပေါက်ကွဲမှုတွေဟာ ထိုင်းနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ယမန်နှစ်ကလည်း နာရာသီဝပ်ပြည်နယ်တောင်ပိုင်း ဆန်ဂိုင်ကိုလော့ခ်မြို့မှာ မီးရှူးမီးပန်းဂိုထောင်ပေါင်ကွဲလို့ လူ ၁၀ ယောက်သေဆုံးခဲ့ပါတယ်။

Ref:AFP

Photo: AFP/AP

Related posts

Leave a Comment

VOM News

FREE
VIEW