ဂါဇာမှာ အရပ်သားတွေကို ပိုမိုကာကွယ်ဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

  သည်ဟိဂ်၊ ဇန်နဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေကို ပိုမိုကာကွယ်ပေးဖို့ ကုလသဂ္ဂရဲ့ အိုင်စီဂျေက အမိန့်ထုတ်လုပ်ပေမယ့် ဒီစစ်ပွဲကို ရပ်တန့်ဖို့တော့ တောင်းဆိုခဲ့ခြင်းမရှိပါဘူး။ အစ္စရေးအနေနဲ့ ဂါဇာမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုပြီး တောင်အာဖရိကနိုင်ငံက အိုင်စီဂျေမှာတိုင်ကြားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတွေ ချက်ချင်းအဆုံးသတ်ဖို့ကိုပါ တောင်းဆိုထားပါတယ်။ အစ္စရေးကတော့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပယ်ချထားပါတယ်။ လက်ရှိမှာလည်း အိုင်စီဂျေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံတရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေတိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရမယ်လို့ အိုင်စီဂျေကဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒါဟာ ဂျူးနိုင်ငံတနိုင်ငံကို ပြောင်ပြောင်တင်းတင်း ခွဲခြားဆက်ဆံတာလို့ ပြောပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Riyad al-Maliki ကတော့ အိုင်စီဂျေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ တာဝန်ရှိတယ်လို့ တိုက်တွန်းထားပါတယ်။…

Read More

အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ တူရကီကိုရောင်းချဖို့ အမေရိကန်အစိုးရ ခွင့်ပြု

  ဝါရှင်တန်၊ ဇန်နဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို တူရကီက ခွင့်ပြုပြီးနောက် အမေရိကန်အစိုးရဟာ အက်ဖ်-၁၆ တိုက်လေယာဉ်သစ် အစင်း ၄၀ ကို တူရကီကို ရောင်းချဖို့ ခွင့်ပြုလိုက်ပါတယ်။ ရောင်းချမှုမှာ တူရကီမှာရှိနေတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ၇၉ စင်းအတွက် ခေတ်မီရေးကိရိယာတွေ အဆင့်မြှင့်တင်မှုလည်း ပါဝင်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ရေးမှာ တင်းမာမှုတွေ တနှစ်ကျော်ကြာဖြစ်ပွားပြီးနောက်မှာ တူရကီက ဆွီဒင်ရဲ့ ဝင်ရောက်မှုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တူရကီဟာ ကာ့ဒ်ခွဲထွက်ရေးသမားတွေကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တူရကီက ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ရေးကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တူရကီပါလီမန်က ခွင့်ပြုပြီး သမ္မတ အာဒိုဂန်က လက်မှတ်ထိုးခဲ့တာပါ။ ဒီနောက်မှာတော့ တူရကီကို အက်ဖ်-၁၆ တိုက်လေယာဉ်သစ်တွေ ရောင်းချရေးကို အချိန်မဆိုင်းဖို့ သမ္မတ ဂျိုးဘိုင်ဒင် တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို…

Read More

ကန့်ဘလူနယ် ကာဘိုးရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိ

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ကာဘိုးကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်လို့ ကာဘိုးဒေသခံတယောက်က ” မနေ့မနက်ပိုးမှာ ကာဘိုးရွာ ပြည်သူ့စစ် စခန်းကို လာတိုက်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေဖြစ်တယ် ၊ ပြည်သူ့စစ် စခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်နိုင်တာေတာ့မရှိေသးဘူး ” လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကာဘိုးမှာ ထိတွေ့မှုဖြစ်တယ် ၊ ​စစ်သည် နှစ်ဦး ၊ ပြည်သူ့စစ်…

Read More

ရွှေပြည်အေးမြို့သစ်မှာ ၁၄ ရက်ကြာတိုက်ပွဲတွေ ဖြစ်ပြီးနောက် ၊ နစကက ပြန်လည်ထိန်းချုပ်

  ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက် ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ရယူထိန်းချုပ်ထားခဲ့တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့တွေက အဲ့ဒီ ရွှေပြည်အေးမြို့သစ်ဝန်းကျင်မှာ ၁၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ ဇန်နဝါရီ ၂၆ ရက်က နစကနဲ့ ရှမ်းနီပြည်သူ့စစ်တွေက ပြန်လည်ရယူ ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ရွှေပြည်အေးမြို့သစ်ဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေတာ ကြာပြီး ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာနယ်မှာ ဒီရက်ပိုင်းအတွင်း ဓားပြတိုက်မှုနဲ့ လူပြန်ပေးဆွဲမှုတွေ ဆက်တိုက်နီးပါး ဖြစ်ပွားနေ

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း ဓားပြတိုက်မှုတွေနဲ့ လူပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလို့ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာမြို့ခံတယောက်က ” ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းမှာရှိတဲ့ သရဖူရွှေစင် ရွှေသန့်စင်ရေးလုပ်ငန်းကို အမည်မသိ (စုံစမ်းဆဲ) လူ သုံးယောက်က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး သေနတ်တွေနဲ့ ချိန်ရွယ်ကာ ဓားပြတိုက်ခဲ့တယ် ၊ အဲ့ဒီ ဓားပြတိုက်မှုမှာ ရွှေသန့်စင်ရေး ဆိုင်ရှိ ဗီရိုအတွင်းက ငွေကျပ် သိန်းသုံးရာ ၊ ရွှေအလေးချိန် နှစ်ကျပ်သားခန့် ရွှေအရိုင်းတုံး…

Read More

အေဒင်ပင်လယ်ကွေ့မှာ ဟူသီတို့ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘောတစင်း မီးလောင်

ဆာနား၊ ဇန်နဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) အေဒင်ပင်လယ်ကွေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘောတစင်း မီးလောင်ခဲ့တယ်လို့ ဟူသီသူပုန်အဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရေနံတင်သင်္ဘော မာလင်လူအန်ဒါကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီတို့ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် သင်္ဘောရဲ့ ကုန်တင်ကန်များအနက် တခုမီးလောင်ခဲ့တယ်လို့ သင်္ဘောကုမ္ပဏီ ထရာဖစ်ဂါရာက ထုတ်ပြန်ပါတယ်။ ရေနံတင်င်္ဘောဟာ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်ထိမှန်ပြီးနောက် ရေတပ်သင်္ဘောတစင်းက အရေးပေါ် အကူအညီတောင်းခံမှုရရှိပြီး လာရောက်ကူညီခဲ့ကာ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ ပင်လယ်နီနဲ့ အနီးတဝိုက်မှာ စီးပွားဖြစ်သင်္ဘောတွေကို ဟူသီတို့ရဲ့ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး အေဒင်မြို့ရဲ့ အရှေ့တောင်ဘက် ရေမိုင် ၆၀ အကွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားသော ယီမင်အခြေစိုက် ဟူသီသူပုန်တို့ဟာ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တွေကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်နွယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ…

Read More

This Day in History

Voiece of Myanmar အမေရိကန်၏ အကြာရှည်ဆုံးစစ်ပွဲအဖြစ် ထိုအချိန်က သတ်မှတ်ခဲ့ရသော ဗီယက်နမ်စစ်ပွဲသည် နှစ်ဘက်အကျဉ်းသားများ လဲလှယ်ရေးနှင့် တောင်ဗီယက်နမ်မှ အမေရိကန်တပ်များ ဆုတ်ခွာပေးရန် အချက်များပါဝင်သည့် ပါရီသဘောတူညီချက်ကို ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီးနောက် အဆုံးးသတ်ခဲ့လေသည်။

Read More

၃၉ သိန်းနား ရောက်လာပြန်တဲ့ ပြည်တွင်းရွှေ‌ဈေး

  ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW