အမေရိကန် ကုန်တင်သင်္ဘောတစင်းကို ဟူသီသူပုန်အဖွဲ့က ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၄ မျိုးဆက်(VOM) ဟူသီသူပုန်တွေဟာ အမေရိကန်ပိုင် ကုန်တင်သင်္ဘောတစင်းကို ယီမင်ကမ်းလွန်မှာ ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ ဂျီဘရော်တာအီးဂဲလ်အမည်ရတဲ့ ကုန်တင်သင်္ဘောဟာ အခုလိုတိုက်ခိုက်ခံရမှုကြောင့် သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။ မာရှယ်ကျွန်းစုအလံတပ်ဆင်ထားတဲ့ အဲဒီကုန်တင်သင်္ဘောဟာ တိုက်ခိုက်မှုပြီးနောက် အေဒင်ပင်လယ်ကွေ့ကို ဆက်လက် ခုတ်မောင်းသွားပြီဖြစ်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီပုန်တွေဟာ ဟားမတ်စ်တို့ကို ထောက်ခံမှုပြသတဲ့အနေနဲ့ ပင်လယ်နီရှိ သင်္ဘောတွေကို နိုဝင်ဘာလကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုမတိုင်ခင် နာရီအနည်းငယ်အလိုကလည်း အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အမေရိကန် တိုက်လေယာဉ်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ပင်လယ်နီဒေသမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီတွေအနေနဲ့ သင်္ဘောတွေကို လမ်းကြောင်းပြောင်း ပြေးဆွဲနေရပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် အကြီးအကျယ်ထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

Voice of Myanmar ၁၉၉၀ ခုနှစ် သြဂုတ်လတွင် ကူဝိတ်ကို အီရတ်က သိမ်းပိုက်မှုကြောင့် အစပျိုးခဲ့သော ပါရှန်ပင်လယ်ကွေ့စစ်ပွဲသည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး ကြေညာသည်ထိ အမေရိကန်ဦးဆောင်သော မဟာမိတ်များက အီရတ်ကို လေကြောင်း ထိုးစစ်ဆင်ခဲ့ကြသည်

Read More

ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး ကွယ်လွန်

  ဇန်နဝါရီ ၁၅ – ၂၀၂၄ SN (VOM) ဂန္ထဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက် (၉၂) နှစ်ဟာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မြန်မာသံ အဆိုတော်ကြီးတဦးဖြစ်တဲ့ ဦးမောင်မောင်ကြီးဟာ မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ဒေါ်မာမာအေးတို့ခေတ်ထက် အနည်းငယ်စောပြီး အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး တ‌ယောက်ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ နိုင်ငံတော်ကနေ လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတယောက်ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဦးမောင်မောင်ကြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ခေတ်ပြိုင် ဂန္ထဝင်အဆိုတော်ကြီးတယောက်ဖြစ်တဲ့ သလ္လာဝတီ (ဒေါ်) လှလှရီက “တန်ဖိုးရှိတဲ့ ပန်းလေးတွေ ကြွေကြွေကုန်ပြီ။ မောင်မောင်ကြီးနဲ့ တို့တွေ၊ မအေးမြင့် (မာမာအေး) တို့က အတူတူပဲလေ။…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၁၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွာ အလှူ

    ဆူးငှက်       မြန်မာလူမျိုးများမှာ အဘိုး အဘွားတွေက သူတို့ မျက်စိနှစ်လုံး မမှိတ်ခင် မြေးလေး ရှင်ပြုတာ ကိုရင်ဝတ်တာ မြင်ချင်တယ် ဟု ပြောလေ့ ရှိကြသည်။ ထို့ကြောင့် ကျွန်တော့် အဘိုးဦးလူနီ မဆုံးခင် ရွာကို ကျွန်တော့် အဖေ ရောက်တော့ အိပ်ရာထဲလဲနေသော အသက်၉၀ နီးပါး အဘိုးက သူ့သား အဖေ့ကို ခေါ်ပြောသည်။ သူ့မြေး ကျွန်တော့်ကို သူရှိတုန်း ရှင်ပြုစေချင်တာတဲ့။ထိုသို့ အဖေ့ကို ခေါ်ပြောတော့ နောက်နှစ် တပို့တွဲ တပေါင်းအမီ ရွာမှာပဲ ပြန်လှူဖို့ အဘမှာ ပြင်ဆင်ရတော့သည်။   ရွာရှိ ဆွေမျိုးတွေကတဆင့် ကြိုတင်မှာသင့်တာတွေ မှာရသည်။ ငါးခြောက်တွေကိုတော့ မန္တလေး ဈေးချိုက ဝယ်ခဲ့မည်။ အလှူမှာ မောင်ရင်လောင်းက ကျွန်တော်နှင့်အတူ အစ်မကြီး၏…

Read More

အစ္စရေးရဲ့ ထိုးစစ်တွေရပ်ဖို့ ဓါစားခံသုံးယောက်ရဲ့ ဗီဒီယိုထုတ်ပြန်ပြီး ဟားမတ်စ်တို့ ခြိမ်းခြောက်

  ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးအနေနဲ့ ဂါဇာမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေ လွတ်မြောက်ရေး ရည်ရည်ပြီး ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံသုံးယောက်ရဲ့ရဲ့ ဗီဒီယိုကို ဟားမတ်စ်တို့က ထုတ်ပြန်ခဲ့ပါတယ်။ ဟားမတ်စ်တို့ ထုတ်ပြန်ခဲ့တဲ့ ၃၇ စက္ကန့်ကြာ ဗီဒီယိုမှာပါတဲ့ ဓါးစာခံတွေကတော့ အသက် ၂၆ နှစ်အရွယ် Noa Argamani၊ ၅၃ နှစ်အရွယ် Yossi Sharabi နဲ့ ၃၈ နှစ်အရွယ် Itai Svirsky တို့ဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာကို မနက်ဖြန်အကြောင်းကြားမယ်လို့ ဟားမတ်စ်တို့က ခြိမ်းခြောက်ထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဓါးစာခံအချို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။ စစ်ပွဲအစမှာတော့ ဟားမတ်စ်တို့ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဓါးစာခံတွေကို ကွပ်မျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဟားမတ်စ်တို့က ဓါးစာခံတွေရဲ့…

Read More

မော်တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်ခုနှစ် သတ်မှတ်ချက် ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်

ဇန်နဝါရီ ၁၅ – ၂၀၂၄ SN (VOM) ၂၀၂၄ ခုနှစ်အတွက် ပြည်ပကမော်တော်ယာဉ် တင်သွင်းခြင်းနဲ့ပတ်သက်လို့ ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်က ကားဈေးကွက်ကို ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းနဲ့ ပတ်သက်လို့ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၃) နဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ အများပြည်သူကို အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ “ကားတင်သွင်းခွင့် ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်က နှစ်ကုန်ခါနီးတိုင်း နှစ်တိုင်းထွက်နေကျ။ အဲ့ဒါ ဘာမှသိပ်ပြီး ထူးထူးခြားခြားကိစ္စမဟုတ်ဘူး။ သူက နှစ်တိုင်းဆိုရင်…

Read More

မူဆယ်မှာ ဒေသခံတွေ မိုင်းနင်းမိတာ မကြာခဏဖြစ်ဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေ

  ဇန်နဝါရီ ၁၅၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ မကြာသေးမီကာလတွေအတွင်း ဒေသခံတွေ မိုင်းနင်းမိတာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က အမျိုးသား တစ်ဦး ခြံသွားရာက မိုင်း ပြန်နင်းမိလို့ ခြေထောက် နစ်ဖက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၁၂ ကျော်ကျော်လောက်ပေါ့။ ပြန်လာပြီးတော့ ဖြစ်သွားတာပေါ့။ ဟုတ်တယ်။ ခြံထဲသွားတာ။ သူက ခြံထဲ ဖြစ်တာလေ။ ခြေထောက်က ပြတ်သွားတာ။ အသားပဲ ကျန်တော့တာ။ မူဆယ်မှာ မိုင်းနင်းမိတာ ၂ ယောက် မကဘူး။ တခြားအသင်းတွေ သွားသယ် တာလည်း ရှိတယ်။ အဲဒီ တောင်ပေါ်မှာပဲ။…

Read More

မြစ်ကြီးနား – ဖားကန့်လမ်းပိုင်း ဒီမနက်ကစလို့ လမ်းတွေပိတ်ထား ၊ အတက် အဆင်းကားတွေ ပိတ်မိနေ

ဇန်နဝါရီ ၊ ၁၅ ၊ ၂၀၂၄ SP(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့အကြား ဆက်သွယ်ထားတဲ့ ကားလမ်းကို ဒီကနေ့ မနက်ပိုင်းကစလို့ လုံခြုံရေးအရ ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက်ကစလို့ နန့်တိန်နဲ့ ဝှေခါဘက်မှာ လက်နက်ကြီး ပေါက်ကွဲသံတွေကြားရတယ် ၊ အဲ့ဒါကြောင့်မို့ လုံခြုံရေးအရ မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ယာယီ ပိတ်ထားလိုက်တာ ဖြစ်တယ် ၊ အတက်ကား နဲ့ အဆင်းကား အားလုံးပိတ်ထားတာပါ ” လို့ ဒေသခံ ကားသမားတယောက်က ပြောပါတယ်။ အဲ့ဒီ အပြင် ဖားကန့်မြို့ခံတယောက်က ” ဖားကန့်နယ်မှာက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ တရားဝင်ပိတ်ထားတယ် ၊ ဒါပေမယ့် လုပ်တဲ့နေရာတွေမှာ လုပ်နေကြတယ် ၊ ကုန်စည် သယ်ယူပို့ဆောင်ရေး…

Read More

လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

  ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ လောင်စာရည်သုံး ဒုံးပျံတွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်တဲ့ တာလတ်ပစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်းစမ်းသပ်ပစ်ခတ်တာဖြစ်သလို ၂၀၂၄ ခုနှစ်မှာ ပထဆုံးအကြိမ် ဒုံးကျည်စမ်းသပ်မှုလည်းဖြစ်ပါတယ်။ အဲဒီဒုံးကျည်မှာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတခုလည်းပါဝင်ပြီး ဒုံးကျည်ရဲ့ ရွေ့ရှားမှုနဲ့ ထိန်းချုပ်မှုတွေအပြင် အသစ်တီထွင်ထားတဲ့ ဒုံးကျည်အင်ဂျင်ရဲ့ယုံကြည်စိတ်ချရမှုကို စစ်ဆေးအတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် တာလတ်နဲ့တာတိုပစ်ဒုံးကျည်တွေမှာ အရည်လောင်စာအသုံးပြုမှုအစား လောင်စာခဲသုံးအင်ဂျင်တွေအသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အသံထက်ငါးဆမြန်တဲ့နှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ထိပ်ဖူးတွေတီထွင်နိုင်ရေးဟာလည်း မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒီလက်နက်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့ ခက်ခဲကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ Ref:NHK Photo:AFP  

Read More
VOM News

FREE
VIEW