အမေရိကန် ကုန်တင်သင်္ဘောတစင်းကို ဟူသီသူပုန်အဖွဲ့က ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၄
မျိုးဆက်(VOM)

ဟူသီသူပုန်တွေဟာ အမေရိကန်ပိုင် ကုန်တင်သင်္ဘောတစင်းကို ယီမင်ကမ်းလွန်မှာ ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ဂျီဘရော်တာအီးဂဲလ်အမည်ရတဲ့ ကုန်တင်သင်္ဘောဟာ အခုလိုတိုက်ခိုက်ခံရမှုကြောင့် သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။

မာရှယ်ကျွန်းစုအလံတပ်ဆင်ထားတဲ့ အဲဒီကုန်တင်သင်္ဘောဟာ တိုက်ခိုက်မှုပြီးနောက် အေဒင်ပင်လယ်ကွေ့ကို ဆက်လက် ခုတ်မောင်းသွားပြီဖြစ်ပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီပုန်တွေဟာ ဟားမတ်စ်တို့ကို ထောက်ခံမှုပြသတဲ့အနေနဲ့ ပင်လယ်နီရှိ သင်္ဘောတွေကို နိုဝင်ဘာလကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်ခင် နာရီအနည်းငယ်အလိုကလည်း အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အမေရိကန် တိုက်လေယာဉ်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ပင်လယ်နီဒေသမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဟူသီတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီတွေအနေနဲ့ သင်္ဘောတွေကို လမ်းကြောင်းပြောင်း ပြေးဆွဲနေရပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအပေါ် အကြီးအကျယ်ထိခိုက်မှုတွေဖြစ်ပေါ်နေပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW