မန္တလေး – မုံရွာ အဝေးပြေးကားလမ်းမကြီး ပိတ်ထားပြန်

  ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) မန္တလေးကနေ မုံရွာအထိ ၈၄ မိုင် ရှည်လျားတဲ့ မန္တလေး – မုံရွာ အဝေးပြေးကားလမ်းမကြီးက ချောင်းဦးမုံရွာ လမ်းပိုင်းကို မနေ့ ဇန်နဝါရီ ၂၈ ၊ ညနေပိုင်းကစလို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုတဲ့ နာမည်နဲ့ လမ်းပိတ်တားမြစ်အမိန့်ကို ထုတ်ပြန်ထားတာ လူမှုကွန်ယက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” မုံရွာ – မန္တလေး ကားလမ်းပိုင်းဆိုတာ မကွေးတိုင်း ပခုက္ကူခရိုင် ၊ ချင်းပြည်နယ် ၊ ချင်းတွင်းမြစ် အထက်ပိုင်းက မြို့တွေအထိ ကုန်စည်သယ်ယူပို့ဆောင်ရတာဖြစ်တယ် ၊ အဲ့ဒီကားလမ်းကို အမှီပြုပြီး မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတဲ့ ကားသမား တထောင်ကျော်ရှိတယ်…

Read More

အမေရိကန် စစ်အခြေစိုက်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သုံးယောက်သေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၉-၂၀၂၄ မျိုးဆက်(VOM) ဆီးရီးယားနဲ့ ဂျော်ဒန်နယ်စပ်အနီးရှိ အမေရိကန်အခြေစိုက်စခန်းတခုကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်တိုက်မှုဟာ အီရန်ကျောထောက်နောက်ခံပြုတဲ့ စစ်သွေးကြွတွေလက်ချက်ဖြစ်ပြီး ဒီကိစ္စကို လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဒါဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်-အစ္စရေးစစ်ပွဲစတင်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းကို လူသေဆုံးမှုတွေရှိခဲ့တဲ့ ပထမဆုံး တိုက်ခိုက်ခံမှုလည်းဖြစ်ပါတယ်။ ဒေသတွင်းမှာ အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခံရမှုတွေရှိခဲ့ပေမယ့်လည်း အခုလို ထိခိုက်သေဆုံးမှု မရှိဖူးကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပြီး တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ အီရတ်နဲ့ ဆီရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို အောက်တိုဘာ ၁၇ ရက်နောက်ပိုင်း ၉၇ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်အစိုးရက ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:AP

Read More

This Day in History

Voice of Myanmar ပြင်သစ်နိုင်ငံသည် တောင်ပစိဖိတ်ဒေသတွင် ဆဌမမြောက်နှင့် အကြီးမားဆုံး နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် နျူကလီးယား စမ်းသပ်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာခဲ့သည်။

Read More

ရေစကြိုမြို့နယ် ၊ ဆင်မရဲရွာ ပြည်သူ့စစ် စခန်း တိုက်ခိုက်ခံရ ၊ ထိခိုက်သေဆုံးမှုတွေရှိ

    ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဆင်မရဲကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို မနေ့ ဇန်နဝါရီ ၂၈ မနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ရေစကြို ဒေသခံတယောက်က ” မနက် ၅ နာရီလောက်မှာ ဆင်မရဲရွာကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ဝင်တိုက်တယ် ၊ သူတို့က လူအင်အားများတာကြောင့် ပြည်သူ့စစ်တွေက ရွာထဲကနေ ဆုတ်ခွာပေးလိုက်တယ် ၊ လတ်တလော သိရတာက ဆင်မရဲရွာခံ ကိုထွန်းထွန်း ၊ ကိုနိုင်ဝင်း ၊ ကိုရဝေ သတ်ခံရတယ် ၊…

Read More

တောင်သာမြို့နယ်က လူငယ် ခြောက်ယောက် မြင်းခြံမြို့နယ်ထဲမှာ ပစ်သတ်ခံရ

  ဇန်နဝါရီ ၊ ၂၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ မနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမား တယောက်က ” မနေ့ မနက်ပိုင်းက ပထမစတွေ့ရတဲ့ နေရာက မြင်းခြံ – မကျီးသမျှား လမ်းမှာ လူငယ်အမျိုးသား ငါးလောင်း ဖြစ်တယ် ၊ ဒုတိယ ထပ်တွေ့ရတဲ့ နေရာက မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ၊…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မန္တလေးနဲ့ ဧရာဝတီ

ဇန်နဝါရီ – ၂၈-၂၀၂၄ ရှိုင်းအောင်(VOM) နှင်းတွေဝေနေတဲ့ တရက်သော ဆောင်းမနက်ခင်းမှာ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ စာတိုက်ဟောင်းကြီးဘက်ကို ပစ္စည်းတခုသွားပို့ရာကအပြန် ကမ်းနားလမ်းဘက်ကနေ ပတ်ပြီးပြန်ချင်တဲ့ စိတ်ဆန္ဒပေါ်လာတဲ့အတွက် ကမ်းနားလမ်းရှိရာဘက် ဆိုင်ကယ်ကိုဦးတည်ပြီးတော့ မောင်းလာခဲ့ပါတယ်။ ကမ်းနားလမ်း ပလက်ဖောင်းဘေးနားမှာ အစီအရီရှိတဲ့ နှစ်ရှည်သက်တမ်းရင့် အပင်ကြီးတွေကို ငေးမောကာ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းရင်း ဂေါဝိန်ဆိပ်ရှေ့က မန္တလေးမြို့ဆိုတဲ့ နန်းမြို့ရိုးပုံသဏ္ဍာန်မုဒ်ဦးရှေ့ အရောက်မှာ မန္တလေးမြို့ရဲ့ အငွေ့အသက်တခုကို ရှူရှိုက်မိတာနဲ့ ဆိုင်ကယ်ကိုရပ်ပြီး ပါလာတဲ့ဖုန်းလေးကိုထုတ် ဓာတ်ပုံရိုက်ရင်း မန္တလေးဆိပ်ကမ်းအလှကို တဝကြီး ခံစားလိုက်ပါတယ်။ မန္တလေးမြို့ ဆိုတဲ့ မုဒ်ဦးရှေ့မှာ အဝါရောင် သုံးဘီးလေးတွေ အစီအရီတန်းပြီး ရပ်ထားတဲ့ အောက်ဖက်မှာတော့ လှေကြီး၊ လှေငယ်၊ မော်တော်၊ သင်္ဘော မျိုးစုံ ဘေးချဥ်ယှဥ်ရပ်ထားတဲ့ အစဥ်အလာကြီးမားတဲ့ သမိုင်းဝင် ဂေါဝိန်ဆိပ်။အရောင်အသွေးစုံတဲ့ ဂေါဝိန်ဆိပ်ကို ဆင်းကြည့်ဖို့ ဆိပ်ကမ်းဆင်းတဲ့လမ်းအတိုင်း မောင်းချလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်၊…

Read More

နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်အများအပြား မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

  ပြုံးယမ်း၊ ဇန်နဝါရီ-၂၈-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီအချိန်အတွင်းကလည်း ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသတွင်းမှာလည်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်က ပစ်ခတ်မှုကိုတော့ မြောက်ကိုရီးယားနိုင်ငံ ဆင်ပိုဆိပ်ကမ်းအနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုံးကျည်အမျိုးအစားနဲ့ အရေအတွက်ကို ရှင်းလင်းစွာ မသိရသေးပါဘူး။ မြောက်ကိုရီးယား ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ပူဝါဆယ်လ်-၃-၃၁ အမျိုးအစား မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်သစ်ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ုထုတ်ပြန်ကြေညာထားပါတယ်။ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ရန်စတဲ့နောက်ဆက်တွဲအခြေအနေတွေကို စောင့်ကြည့်ဖို့ အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဇန်နဝါရီလအတွင်းကလည်း မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ရေအောက်တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက် ပြီးဆုံးသွားပြီးလို့ ယခုလအစောပိုင်းက ကြေညာခဲ့ပြီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၀ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၅၀ ကျပ် ဝယ်ဈေး – ၂၆၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၆၅ ကျပ် ဝယ်ဈေး – ၃၇၈၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၅၀ ကျပ် ဝယ်ဈေး – ၉၈.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW