ကလေးသူငယ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူကို လွတ်ငြိမ်းချမ်းသာပေးခဲ့မိလို့ ဟန်ဂေရီသမ္မတ ရာထူးကနေ နှုတ်ထွက်

 

ဘူဒါပက် ၊ ဖေဖော်ဝါရီ-၁၁-၂၀၂၄

မျိုးဆက်(VOM)

ဟန်ဂေရီသမ္မတဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကျူးလွန်ခဲ့သူ အမျိုးသားတယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကြောင့် နှုတ်ထွက်ကြောင်း ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှတ်စဉ် ကြေညာလိုက်ပါတယ်။

သမ္မတနိုဗက်ဟာ အစိုးရပိုင် ကလေးသူငယ်စောင့်ရှောက်ရေးဌာနက ညွှန်ကြားရေးမှူးတယောက်ကျူးလွန်ခဲ့တဲ့ စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာပေးခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတနိုဗက် ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြမှုတွေလည်း ဟန်ဂေရီမှာ ကြီးထွားလာပါတယ်။ သမ္မတကတော့ နောက်ပိုင်းမှာ တောင်းပန်ခဲ့ပြီး ဒီလူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ အမှားဖြစ်တယ်လို့ ပြောဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုခဲ့တဲ့ တရားရေးဝန်ကြီးဟောင်း ဂျူဒစ်ဗာဂါဟာ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့အာဏာရပါတီအတွက် ဥရောပရွေးကောက်ပွဲတွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ နှုတ်ထွက်ခဲ့ပါတယ်။

ပုပ်ရဟန်မင်းကြီး ဖရန့်စစ်ရဲ့ ဟန်ဂေရီခရီးစဉ် တစိတ်တပိုင်းအဖြစ် ယမန်နှစ်ဧပြီလက သမ္မတနိုဗက်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ လူ ၂၅ ယောက်ရဲ့ အမည်စာရင်းကို ဟန်ဂေရီအခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပြီးနောက် အခုလိုအငြင်းပွားမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW