ထောင်ချခံထားရတဲ့ အိန္ဒိယရေတပ် အရာရှိဟောင်းရှစ်ယောက်ကို ကာတာတရားရုံး ပြန်လွှတ်ပေး

 

ဒိုဟာ၊ ဖေဖော်ဝါရီ-၁၂-၂၀၂၄

မျိုးဆက်(VOM)

အိန္ဒိယရေတပ် အရာရှိဟောင်း ရှစ်ယောက်ကို ကာတာနိုင်ငံတရားရုံးက သေဒဏ်ချမှတ်ထားရာမှ ပြန်လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ထဲက ခုနှစ်ယောက်ဟာ အိန္ဒိယကို ပြန်ရောက်နေပြီဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မှ ထုတ်ပြန်ထားပါတယ်။

သူတို့ရှစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ သေဒဏ်ကနေ နှစ်ရှည်ထောင်ဒဏ်လျှော့ပေါ့ပေးပြီးနောက် အခုလို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့အပေါ် စွဲချက်တွေကိုတော့ အိန္ဒိယနဲ့ ကာတာတို့က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

သူတို့ရှစ်ယောက်ဟာ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါပေမယ့် ဖိုင်နယ်ရှယ်တိုင်းမ်နဲ့ ရိုက်တာသတင်းဌာနတို့ရဲ့အဆိုအရ အစ္စရေးအတွက် သူလျှိုလုပ်ခဲ့တာကြောင့်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဟာ သူတို့ရဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဝင်ခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ ကာတာနိုင်ငံတို့ဟာ ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်ပြီး အိန္ဒိယဟာ ၂၀၄၈ ခုနှစ်ထိ ကာတာဆီကနေ သဘာဝဓါတ်ငွေ့တင်သွင်းဖို့ ဒေါ်လာ ၇၈ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW