အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဆေးရုံတက်ရပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂
မျိုးဆက်(VOM)

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဆီးအိမ်ပြသနာနဲ့ပတ်သက်ပြီး ကုသမှုခံယူဖို့ ဆေးရုံပြန်တက်နေရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ကြေညာပါတယ်။

လွိုက်အော်စတင်ဟာ ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေကို လက်ထောက်ကာကွယ်ရေးဝန်ကြီး ကက်သလင်းဟင့်ခ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။

မစ္စတာ အော်စတင်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်း ဆေးရုံလျှို့ဝှက်တက်ခဲ့တာကြောင့် တောင်းပန်ခဲ့ပြီးနောက် တလမပြည့်မီမှာ အခုလိုဆေးရုံတက်ရတာဖြစ်ပါတယ်။

အသက် ၇၀ အရွယ် အော်စတင်ဟာ ဆီးအိမ်ပြသနာကို ညွှန်ပြတဲ့ ရောဂါလက္ခဏာတွေ တွေ့ရှိတာကြောင့် ဝါရှင်တန်အနောက်မြောက်ဘက်ရှိ ဆေးရုံတရုံကို ပို့ဆောင်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကလည်း ဆီးကျိတ်ကင်ဆာကို ခွဲစိတ်ခဲ့ရပါသေးတယ်။

အော်စတင်ဟာ ဒီဇင်ဘာလအတွင်းက လျှို့ဝှက်စွာ ဆေးရုံတက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့ အခြားတာဝန်ရှိသူတွေကို အသိမပေးခဲ့တဲ့အပေါ် ကွန်ဂရက်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆင့်ခေါ်ထားပါတယ်။

Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW