ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ သိလိုတာတွေ စုံစမ်းမေးမြန်းနိုင်မယ့် ဖုန်းနံပါတ်များ

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ သိလိုတာတွေ စုံစမ်းမေးမြန်းနိုင်မယ့် ဖုန်းနံပါတ်များ

Read More

စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ထိခိုက်သေဆုံးတာတွေများလာ

ဖေဖော်ဝါရီ ၊၁၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ယင်းမာပင်ခရိုင်နဲ့ ကောလင်းခရိုင်တွေမှာ ဒီကနေ့ မနက်ပိုင်းက နစကတပ် နယ်မြေရှင်းလင်းရေး ထိုးစစ်အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေလည်း များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မုံရွာမြို့ခံတယောက်က ” ဒီမနက် အစောပိုင်းက မုံရွာမြို့ရဲ့ အရှေ့ဘက်ခြမ်း မုံရွာနဲ့ ဗောဓိတထောင်ကြား သက္ကယ်ကျင်း ၊ လယ်ဇင်ရွာတွေဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ငါးယောက်သေတယ် ၊ သေတဲ့ လူတွေက အရပ်ဖက်အဖွဲ့က နယ်ခံ လူတွေမဟုတ်ဘူး ၊ အဲ့ဒါကြောင့် နာမည်တို့ အသက်တို့ မသိရသေးဘူး ” လို့ပြောပါတယ်။ အဲ့ဒီ…

Read More

ဗဟိုဘဏ်က ပို့ကုန်ရငွေအပေါ် ပြန်ထိန်းချုပ်မယ်ဆိုတဲ့သတင်းကြောင့် ပဲမျိုးစုံစျေးတွေကျဆင်း

    ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ – ၂၀၂၄ GG (VOM) ဗဟိုဘဏ်က ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး ပြန်လည်တင်းကျပ်မှုအဖြစ် ၆၅ % ၃၅ % စနစ်ပြန်ကျင့်သုံးမယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်း ပဲမျိုးစုံစျေးတွေ ကျဆင်းသွားတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေး နဲ့ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နူန်းကိုသာ ပေါက်စျေးအတိုင်းရောင်းချခွင့်ရှိတော့မှာဖြစ်လို့ ပို့ကုန်သမားတွေက ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ စျေးချပြီး ဝယ်ယူနေကြတာဖြစ်တယ်လို့သိရပါတယ်။ ” လောလောဆယ်တော့ အချိုးတွေပြောင်းဖို့လေသံကြားလာရတယ်။ပြင်အုံးမယ်ပေါ့။ အဲ့လိုပြောင်းရင် အခုပေါက်နေတဲ့ ပြည်တွင်းပဲစျေးတွေအပေါ် လာရိုက်ခတ်မှာပဲ ။ အခုဖြစ်နေတာက ကြာရှည်ကျမှာလား ဘယ်လိုလဲဆိုတာတော့ အချိန်ခဏစောင့်ကြည့်ဖို့လိုမယ်။ငွေလဲနူန်းလည်းပြောင်းမယ်ကြားတယ်။သူတို့ပြောင်းလိုက်တာက ကုန်သည်တွေထိခိုက်မယ့်ဟာမျိူးဆိုရင် ကုန်သည်တွေက ကြိုကာပြီး လျှော့ချဝယ်ကြတာပေါ့။ သူတို့ဘဏ်ဘက်ကလည်း တရားဝင်ထွက်လာပါလိမ့်မယ်။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ ပြောင်း၊နှမ်းကုန်သည်များအသင်းဝင် တဦးကပြောပါတယ်။…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကိုရီးယားကို EPS စနစ်နဲ့ မိန်းကလေးတွေပါ သွားရောက်လုပ်ကိုင်နိုင်ပြီ

  ရန်ကုန် ၊ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၄ GG (VOM) ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံက အမျိုးသား အလုပ်သမားအပြင် ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး အမျိုးသမီးတွေပါ စတင်ပြီး အလုပ်သွားရောက်လုပ်ကိုင်နိုင်ပြီဖြစ်တယ် လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သိရပါတယ်။ ကိုရီးယားနိုင်ငံက သူတို့နိုင်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် မြန်မာလုပ်သားခေါ်ယူမှုကို ခုနှစ်မှာ ထပ်တိုးခေါ်ယူလာတာကြောင့် အမျိုးသမီးတွေပါ စာမေးပွဲဖြေဆိုပြီး ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရရှိလာတာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် မြန်မာ အမျိုးသမီးတွေအနေနဲ့ လက်ရှိ ၂၀၂၄ ခုနှစ်မှာ ပြုလုပ်မယ့် ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ကြောင်း၊ ပထမအသုတ် စာမေးပွဲက ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ဖြစ်ပြီး ဒုတိယအသုတ်စာမေးပွဲက မေလ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ဖြစ်တယ်လို့သိရပါတယ်။ ”…

Read More

လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း (၉) ဖောက်ခွဲ တိုက်ခိုက်ခံရ

  ဖေဖော်ဝါရီ ၁၄ – ၂၀၂၄ SN (VOM) မနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း (၉) တို့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “စု‌ပေါင်းရုံးနားမှာရယ်၊ ပြီးတော့ ပုသိမ်လမ်းမကြီး၊ နည်းပညာ ကျောင်းလမ်းထိပ်က ရဲတပ်ရင်း (၉) ဘက်မှာ ပေါက်တာ။ ညက ဆက်တိုက်ပဲ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ လူထိခိုက်မှုတွေလည်း ရှိတယ်လို့ ပြောကြတယ်၊ သေချာတော့ မသိသေးဘူး။ အဲ့ဒီ့ ရဲတပ်ရင်း (၉) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက် (နှစ်သစ်ကူးည) ကလည်း ပေါက်ကွဲမှု ဖြစ်ခဲ့သေးတယ်” လို့ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။ အဲ့ဒီ့ ဖောက်ခွဲတိုက်ခိုက်မှုတွေဟာ မနေ့ည ၉…

Read More

တောင်ကိုရီးယားသမ္မတရဲ့ လက်ထောက်ဖြစ်သူ အီးမေးလ်ကို မြောက်ကိုရီးယား ဟတ်ကာတွေတိုက်ခိုက်ပြီး အချက်အလက်တွေ ရယူ

ဆိုးလ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယား ဟတ်ကာတွေဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ လက်ထောက်အသုံးပြုတဲ့ ကိုယ်ရေးကိုယ်တာ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အချက်အလက်တွေ ရယူခဲ့တယ်လို့ သမ္မတရုံးက အတည်ပြုထုတ်ပြန်ပါတယ်။ ဒီလို အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်မှုဟာ သမ္မတယွန်းဆွတ်ခ်ယိုးလ် နိုဝင်ဘာလအတွင်းက ဗြိတိန်ကို နိုင်ငံတော်ခရီးစဉ် သွားရောက်ချိန်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သမ္မတလက်ထောက်တယောက်ရဲ့ အလုပ်အတွက်သုံးတဲ့ အီးမေးလ်ကို မြောက်ကိုရီးယားဟတ်ကာတွေ ဖောက်ထွင်းဝင်ရောက်ခဲ့ရဖြစ်တယ်လို့ သမ္မတရုံးက ဆိုပါတယ်။ ဟတ်ကာတွေဟာ သမ္မတရဲ့ ခရီးစဉ်အစီအစဉ်တွေကိုပါ ရရှိခဲ့တယ်လို့ ပြောပါတယ်။ သမ္မတပေးပို့ခဲ့တဲ့ စာတွေကိုလည်း ဟတ်ကာတွေက ခိုးယူခဲ့တယ်လို့ သမ္မတရုံးက ပြောဆိုထားပြီး ဘယ်လိုအချက်အလက်တွေ ခိုးယူခံရတယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်တာမျိုးမရှိပါဘူး။ ဒါပေမယ့် သမ္မတရုံးရဲ့ လုံခြုံရေးစနစ်ကိုတော့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြားမှာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အတွက် ဟတ်ကာတွေရဲ့ ဒစ်ဂျစ်တယ်ငွေကြေးခိုးယူမှုတွေကို…

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်တော့မယ်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ဘီလျံနာတယောက်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရေးမှာ သြဇာကြီးခဲ့တဲ့ သက်ဆင်ဟာ ထောင်ကျမှုကို ရှောင်ရှားဖို့အတွက် ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့တာဖြစ်ပါတယ်။ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ပြည်တော်ပြန်လာပြီးနောက် ချမှတ်ခံခဲ့ရတဲ့ ထောင်ဒဏ်ရှစ်နှစ်ကို ထိုင်းဘုရင်က လျှော့ပေါ့ပေးခဲ့ပြီးနောက်မှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာသာ နေထိုင်နေရတာဖြစ်ပါတယ်။ “ တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ အကျဉ်းထောင်ဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ကိုက်ညီပါတယ်”လို့ သက်ဆင်မိသားစုရဲ့ မဟာမိတ်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။ အကျဉ်းထောင်ဌာနရဲ့ စည်းမျဉ်းအရ သက်ဆင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်နှောင်းပိုင်းမှာ လွတ်မြောက်လာနိုင်ပါတယ်။ ဒါပေမယ့် သက်ဆင်ရဲ့ ရှေ့နေဖြစ်သူကတော့ လွတ်မြောက်မယ့်ရက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ Ref:Reuters Photo:Reuters

Read More

ESPERADO ဟိုတယ် လူသတ်မှုမှာ သံသယရှိသူကို ဖမ်းဆီး စစ်ဆေးနေ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Esperado ဟိုတယ်ပိုင်ရှင်ရဲ့ဇနီး သေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် အလုပ်ထုတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်ရှိ Esperado Hotel ရဲ့ သုံးလွှာကအခန်းမှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က ဟိုတယ်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ အသတ်ခံရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသတ်ခံရသူဟာ အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီဖြစ်ပြီး ကျောပြင်မှာ ဓားဒဏ်ရာ ငါးချက်အပါအဝင် လည်ပင်း ပွန်းခြစ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က “CCTV မှတ်တမ်းအရ လွန်ခဲ့တဲ့…

Read More

ကျောက်ဆည်မြို့နယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကြိုဆိုထောက်ခံပွဲက ပြန်လာသူနှစ်ဦး ပစ်ခတ်ခံရလို့ တယောက်သေဆုံး

ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ၊ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြပွဲကနေ ပြန်လာတဲ့ လူနှစ်ယောက် လမ်းမှာ ပစ်သတ်ခံရတယ်လို့ တယောက်သေဆုံးသွားကြောင်း ကျောက်ဆည်မြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောက်ဆည်မြို့ခံတယောက်က ” ပစ်ခံရတဲ့သူတွေကတော့ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နဲ့ နောက်ပြီး ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝင်းကို ၊ ဖြစ်တယ်၊ အဲ့ဒီ နှစ်ယောက်ဟာ ကျောက်ဆည်မြို့ပေါ်မှာ လုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံကြိုဆိုပွဲပါဝင်ပြီး အုတ်ဖိုရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်အလာ လမ်းမှာ အမည်မသိ (စုံစမ်းဆဲ)…

Read More
VOM News

FREE
VIEW