တောင်ကိုရီးယားသမ္မတရဲ့ လက်ထောက်ဖြစ်သူ အီးမေးလ်ကို မြောက်ကိုရီးယား ဟတ်ကာတွေတိုက်ခိုက်ပြီး အချက်အလက်တွေ ရယူ

ဆိုးလ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယား ဟတ်ကာတွေဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ လက်ထောက်အသုံးပြုတဲ့ ကိုယ်ရေးကိုယ်တာ အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အချက်အလက်တွေ ရယူခဲ့တယ်လို့ သမ္မတရုံးက အတည်ပြုထုတ်ပြန်ပါတယ်။

ဒီလို အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်မှုဟာ သမ္မတယွန်းဆွတ်ခ်ယိုးလ် နိုဝင်ဘာလအတွင်းက ဗြိတိန်ကို နိုင်ငံတော်ခရီးစဉ် သွားရောက်ချိန်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သမ္မတလက်ထောက်တယောက်ရဲ့ အလုပ်အတွက်သုံးတဲ့ အီးမေးလ်ကို မြောက်ကိုရီးယားဟတ်ကာတွေ ဖောက်ထွင်းဝင်ရောက်ခဲ့ရဖြစ်တယ်လို့ သမ္မတရုံးက ဆိုပါတယ်။ ဟတ်ကာတွေဟာ သမ္မတရဲ့ ခရီးစဉ်အစီအစဉ်တွေကိုပါ ရရှိခဲ့တယ်လို့ ပြောပါတယ်။

သမ္မတပေးပို့ခဲ့တဲ့ စာတွေကိုလည်း ဟတ်ကာတွေက ခိုးယူခဲ့တယ်လို့ သမ္မတရုံးက ပြောဆိုထားပြီး ဘယ်လိုအချက်အလက်တွေ ခိုးယူခံရတယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် သမ္မတရုံးရဲ့ လုံခြုံရေးစနစ်ကိုတော့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြားမှာ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အတွက် ဟတ်ကာတွေရဲ့ ဒစ်ဂျစ်တယ်ငွေကြေးခိုးယူမှုတွေကို ရန်ပုံငွေအဖြစ် အသုံးပြုနေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

Ref:BBC
Photo: Reuters

Related posts

✕
VOM News

FREE
VIEW