ရုရှားသမ္မတ ပူတင်က ကင်ဂျုံအန်အတွက် ကားတစီး လက်ဆောင်ပေး

 

ပြုံးယမ်း ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၄

မျိုးဆက်(VOM)

ရုရှားသမ္မတ ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အတွက် ရုရှားလုပ်ကားတစီး လက်ဆောင်ပေးခဲ့တယ်လို့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အကိုဖြစ်သူအတွက် ကားလက်ဆောင်ပေးတဲ့အပေါ် ရုရှားဘက်ကို ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောဆိုထားပြီး ဒီလက်ဆောင်ဟာ ခေါင်းဆောင်တွေအကြား အထူးကိုယ်ရေးကိုယ်တာ ဆက်ဆံရေးရှိတယ်ဆိုတာ သိသာထင်ရှားတဲ့ လက္ခဏာတရပ်လို့ ဆိုပါတယ်။

ရုရှားသမ္မတပူတင် လက်ဆောင်ပေးလိုက်တဲ့ မော်တော်ကားရဲ့ မော်ဒယ် သို့မဟုတ် အသေးစိတ်အချက်အလက်တွေကိုတော့ ရိုဒေါင်ဆင်မန်သတင်းစာက ဖော်ပြထားခြင်းမရှိပါဘူး။

ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရုရှားကိုသွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကြောင့် နိုင်ငံတကာက ဖိအားတွေပေးနေစဉ်မှာ ရုရှားဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်တွေထောက်ပံ့နေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။ ရုရှားသမ္မတရွေးကောက်ပွဲအပြီးမှာတော့ ပူတင်ဟာ မြောက်ကိုရီးယားကို သွားရောက်ဖွယ်ရှိနေပါတယ်။

Ref:NHK

Photo:AFP

 

 

Related posts

Leave a Comment

VOM News

FREE
VIEW