ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ချက်ချင်းရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချနိုင်ခြင်းမရှိကြောင်းနဲ့ ထိရှလွယ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ကလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။

အစ္စရေးဓါးစာခံတွေ လွှတ်ပေးရေးနဲ့ ဆက်စပ်နေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကိုယ်ပိုင်မူကြမ်းတခုကို အမေရိကန်က လုံခြုံရေးကောင်စီမှာ တင်သွင်းသွားမယ်လို့ အမေရိကန်သံအမတ်က ပြောဆိုပါတယ်။

ဂျပန်၊ ပြင်သစ်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၃ နိုင်ငံက အယ်လ်ဂျီးရီးယားက ရေးဆွဲတင်ပြတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခဲ့ပြီး ဗြိတိန်ကတော့ ကြားနေခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်နဲ့ပတ်သက်ပြီး လုံခြံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အောက်တိုဘာလမှာ ပဋိပက္ခစတင်ပြီးနောက်ပိုင်း အမေရိကန်ဟာ ဗီတိုအာဏာသုံးပြီး စတုတ္ထအကြိမ်မြောက် ပယ်ချခဲ့ခြင်းဖြစ်ပါတယ်။

Ref:NHK
Photo:UN Photo

Related posts

Leave a Comment

VOM News

FREE
VIEW