ဒေလီကို ချီတက်လာတဲ့ ဆန္ဒပြလယ်သမားတွေကို မျက်ရည်ယိုဗုံးနဲ့ ရဲတပ်ဖွဲ့ဖြိုခွင်း

 

ဒေလီ၊ ဖေဖော်ဝါရီ-၂၁-၂၀၂၄

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ အစိုးရနဲ့ ဆွေးနွေးမှု လေးကြိမ်တိုင် မအောင်မြင်ပြီးနောက် ဆက်လက်ပြီး ဆန္ဒပြချီတက်လာတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က ဒီကနေ ဖေဖော်ဝါရီ ၂၁ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

ကောက်ပဲသီးနှံတွေအတွက် အာမခံဈေးနှုန်းအတွက် တောင်းဆိုနေတဲ့ လယ်သမားတွေကတော့ လနဲ့ချီပြီး လုံလောက်အောင် ရိက္ခာတွေပြင်ဆင်လာတယ်လို့ ဆိုပါတယ်။ ဒေလီရဲ့ နယ်နိမိတ်ထဲကို ဆန္ဒပြလယ်သမားတွေ မဝင်ရောက်နိုင်ဖို့ အာဏာပိုင်တွေဟာ အတားအဆီးတွေကို ထူထပ်စွာချထားပါတယ်။

ဒါပေမယ့်လည်း လယ်သမားတွေကတော့ ဒီအတားအဆီးတွေကို ဖယ်ရှားဖို့ စက်ယန္တရားကြီးတွေ အသုံးပြုမယ်လို့ ပြောပါတယ်။ အိမ်နီးချင်း ပန်ဂျပ်ပြည်နယ်နဲ့ ဟာယာနာပြည်နယ်ကြား နယ်စပ်မှာတော့ လယ်သမားတွေဟာ မြေထိုးစက်တွေအသုံးပြုပြီး အတားအဆီးတွေကို ဖယ်ရှားဖို့ ပြင်ဆင်နေပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ ဒေလီကနေ ကီလိုမီတာ ၂၀၀ အကွာမှာ ရောက်ရှိနေပြီး ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကို ကာကွယ်ဖို့ နှာခေါင်စည်းတွေ၊ လက်အိတ်တွေနဲ့ လုံခြုံရေးဝတ်စုံတွေ အသုံးပြုခဲ့ကြပါတယ်။

လယ်သမားတွေ ချီတက်လာတဲ့သတင်းကြောင့် မြို့တော်ဒေလီမှာတော့ လုံခြုံရေးတင်းကြပ်ထားပြီး လူစုလူဝေး ပြုလုပ်ခွင့်ကိူ တလကြာ ပိတ်ပင်တားမြစ်ထားပါတယ်။

Ref:BBC

Ref: Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW