မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်ဘေးရှောင် စခန်းမှာ နေအိမ် ရှစ်လုံး မီးလောင်

 

ဖေဖော်ဝါရီ ၊ ၂၂ ၊ ၂၀၂၄

SP ( VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ရှီမွှေး ( Sihhmui ) မြန်မာစစ်ဘေးရှောင် စခန်းမှာ မနေ့ ဖေဖော်ဝါရီ ၂၁ ညပိုင်း ၇ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အိုက်ဇောမြို့မှာနေတဲ့ မြန်မာအမျိုးသား ဒေသခံတယောက်က

” ညက ၇ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ ၊ မီးလောင်ဆုံးရှုံးရတာ နေအိမ် ၈ လုံးဖြစ်တယ် ၊ အဲ့ဒီ နေအိမ်တွေဟာ ရှီမွှေး မြန်မာ စစ်ရှောင်စခန်းထဲက အိမ်တွေဖြစ်တယ် ၊ အဲ့ဒီ မီးလောင်မှုဖြစ်တဲ့အချိန်မှာ ရှီမွှေး စစ်ရှောင်စခန်းမှာ ရှိတဲ့ လူတွေအားလုံးက စခန်းရဲ့ ခန်းမဆောင်ထဲမှာရောက်နေကြတာဖြစ်တယ် ၊ ခန်းမထဲရောက်ရတဲ့ အကြောင်းအရင်းကတော့ စစ်ရှောင်စခန်းကို ကူညီပေးဖို့ အိုက်ဇောမြို့က လာရောက်သူ ခရစ်ယာန် ဓမ္မဆရာ ပါစတာ Emanuel ရောက်နေလို့ တွေ့ဆုံဖို့ဖြစ်တယ် ၊ အဲ့ဒီအချိန်မှာ စခန်းထဲက နေအိမ်တခုကနေ ဂက်စ်အိုးပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းတာဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ ရှီမွှေး မြန်မာစစ်ရှောင်စခန်းမှာနေထိုင်တဲ့

ဦး ပါဘက် ( U PaBiak) နေအိမ်၊ ဦးထန်ကိမ်း( U ThangKim)၊ ဦး ဘွေဆန်း ( U Boi Sang) ၊ ဦး ပါကြွယ် ( U Pa Coi) ၊ ဦးလိုင်းထန် ( U Lai Thang) ၊ ဒေါ် ဟန်စန် ( Daw Han Cang) ၊ ဦး ပါထန် ( U Pa Thang) နဲ့ ဦးခေါ်တွီ ( U KhawTawi) ဆိုသူတွေရဲ့ နေအိမ် ရှစ်လုံး လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်တွင်း ပစ္စည်းတွေ ဘာတခုမှ မရလိုက်ဘူးလို့ သိရပါတယ်။

ရှီမွှေး ( Sihhmui) မြန်မာစစ်ဘေးရှောင်စခန်းဟာ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ဘက်က ထွက်ပြေးခိုလှုံလာသူ အများစု နေထိုင်ရာ စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နဲ့ မဏိပူရ်ပြည်နယ်တွေဘက်မှာ မြန်မာ စစ်ဘေးရှောင်သူတွေ စုဝေးနေထိုင်ကြပေမယ့် မီးလောင်မှုဖြစ်စဥ်ဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ မတ် ၂၂ ရက်က ဘင်္ဂလာဒေရှ့်နိုင်ငံ ၊ မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာစစ်ဘေးရှောင် စခန်း မီးလောင်တာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်း – မြန်မာနယ်စပ် ၊ ထိုင်နိုင်ငံ ထဆောင်ယန်မြို့မှာရှိတဲ့ မဲလ ဒုက္ခသည်စခန်းက ခရစ်ယာန်ဘာသာရေး စာသင်ကျောင်းလည်း ၂၀၁၂ ဧပြီ ၂၈ ရက်က မီးလောင်တဲ့ ဖြစ်စဥ် ပေါက်ပေါက်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ မီဇိုရမ် ဒေသခံတဦး

 

Related posts

Leave a Comment

VOM News

FREE
VIEW