မြန်မာကရလာတဲ့ နျူကလီးယားဓါတ်သတ္တုတွေ ရောင်းချဖို့ကြိုးပမ်းတဲ့ ဂျပန်ယာကူဇာခေါင်းဆောင်ကို အမေရိကန် စွဲချက်တင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဆီက ရရ်ှိခဲ့တဲ့ နျူကလီးယား ဓါတ်သတ္တုပစ္စည်းတွေကို သယ်ဆောင်ရောင်းချဖို့ ကြိုးပမ်းတဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်ဆောင် တယောက်ကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

အသက် ၆၀ အရွယ် တာကိရှီအီဘီဆာဝါဆိုသူဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် အီရန်ကို လွှဲပြောင်းပေးမယ်လို့ ယူဆရတဲ့ ယူရေနီယံနဲ့ ပလူတိုနီယမ်တို့ကို ရောင်းချဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

မစ္စတာအီဘီဆာဝါနဲ့ အမှုတွဲ ထိုင်းနိုင်ငံသားတယောက်တို့ကို လက်နက်နဲ့ မူးယစ်ဆေးဝါး စွဲချက်တွေကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောက်ဆုံးစွဲချက်တွေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တသက်တကျွန်း ကျခံရမှာဖြစ်ပါတယ်။

ဘရွတ်ကလင်း အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မစ္စတာ အီဘီဝါဆာဟာ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနဲ့အမေရိကန်တို့မှာ လှုပ်ရှားနေတဲ့ ဂျပန်ယာကူဆာဂိုဏ်း ထိပ်တန်းတာဝန်ရှိသူလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

မစ္စတာ အီဘီဆာဝါနဲ့ အဖွဲ့ဟာ အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးက အသွင်ယူထားတဲ့ အေးဂျင့်ကို နျူကလီးဓါတ်သတ္ထုတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ မြန်မာနိုင်ငံက အမည်ဖော်ပြခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီကရတဲ့ ယူရေနီယ်နဲ့ သိုရီယမ်တန်ချိန် ၅၀ ကို ဒေါ်လာ ၆ ဒသမ ၈၅ သန်းနဲ့ ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ အမေရိကန်အစိုးရရှေ့နေတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW