ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေမှာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရလို့ ရုရှားစစ်သား ၆၀ သေဆုံး

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ရုရှားသိမ်းပိုက်ထားတဲ့ဒေသရှိ လေ့ကျင့်ရေးနေရာနှစ်ခုကို ဒုံးကျည်နှစ်စင်း ထိမှန်မှုကြောင့် ရုရှားစစ်သား ၆၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ရုရှားစစ်တပ် ထိပ်တန်းတပ်မှူးတယောက်လာရောက်မှာ ဖြစ်တာကြောင့် ရုရှားစစ်သားတွေဟာ ဒွန်နက်ခ်ဒေသရှိ အဲဒီလေ့ကျင့်ရေး နေရာမှာ စုဝေးနေကြချိန်မှာ ဒုံးကျည်တွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဒွန်နက်ခ်ဒေသ ထရူဒေါ့ဗ်စကီး ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရုရှားတာဝန်ရှိသူတယောက်က တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့် အခြေအနေအတွေကို ချဲ့ကားပြောလွန်းတယ်လို့ ဆိုပါတယ်။

ယူကရိန်းကတော့ ဒီကိစ္စအပါ် တရားဝင်မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုမှာ အမေရိကန်လုပ် ဟိုင်းမားစ်ဒုံးကျည်တွေအသုံးပြုခဲ့တာလို့ သတင်းဌာနတွေက ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူနဲ့မတွေ့ဆုံမီ နာရီပိုင်းအလိုမှာ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အစည်းအဝေးမှာတော့ ယူကရိန်းအရှေ့ပိုင်း အက်ဗ်ဒီကာမြို့ကို ရုရှားတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ် ကာကွယ်ရေးဝန်ကြီးက ပူတင်ကို အစီရင်ခံတင်ပြခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW