ကင်ညာမှာ ဓါတ်ငွေ့တင်ကား ပေါက်ကွဲမှုကြောင့် လူ ၃၀၀ နီးပါး ဒဏ်ရာရ

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီမှာ ဖြစ်ပွားခဲ့တဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးပြီး ၃၀၀ နီးပါဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။ ပေါက်ကွဲမှုဟာ အမ်ဘာစကီခရိုင်မှာ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဓါတ်ငွေ့တင်ကား တစီးပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကြက်ခြေနီအဖွဲ့ဟာ ဒဏ်ရာရသူ ၂၇၁ ယောက်ကို ဆေးရုံပို့ပေးထားပြီး အခြား ၂၇ ယောက်ကိုသီးခြားကုသမှုပေးနေပါတယ်။ ဒါဏ်ရာရသူတွေထဲမှာ ကလေးငယ် ၂၅ ယောက်ပါတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် နေအိမ်တွေ၊ လုပ်ငန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပြီး လက်ရှိမှာတော့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။မီးလောင်ပေါက်ကွဲမှုဟာ အနီးနားရှိ တိုက်ခန်းတွေကိုလည်း ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက…

Read More

အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ဖို့ အမေရိကန် အတည်ပြုပြီ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၄ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တွေကို အမေရိကန်က အတည်ပြုလိုက်ပြီလို့ စီဘီအက်စ်သတင်းဌာနက တာဝန်ရှိသူတွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။ တိုက်ခိုက်မှုတွေကို ရက်အတန်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အချိန်မှာ စတင်တိုက်ခိုက်မလဲဆိုတာကတော့ ရာသီဥတုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမေရိကန်အနေနဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ကတိပြုထားပေမယ့် အီရန်နဲ့ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ သို့မဟုတ် ဒေသတွင်းတင်းမာမှုတွေ တိုးမြင့်လာဖို့ လုပ်ဆောင်နေတာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ မကြာသေးမီက တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့ပြီးနောက် အီရန်ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေလက်ချက်လို့ အမေရိကန်က ပြောဆိုထားပါတယ်။ အီရတ်ရှိ အစ္စလာမ္မစ်ခုခံရေးအဖွဲ့မှာ အီရန်က…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၃၅ ကျပ် ဝယ်ဈေး – ၂၅၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၅ ကျပ် ဝယ်ဈေး – ၇၄၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ခင်ဦးမြို့နယ်က ၊ ကလုံရွာမှာ လူနေအိမ် ၁၄ လုံး မီးလောင် ၊ လူ သုံးယောက် သတ်ခံရ

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ကလုံကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက လူနေအိမ် ၁၄ လုံး မီးလောင်ပြီး လူသုံးဦးလည်း အသတ်ခံရသေးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” မနေ့က မနက်စောပိုင်းမှာ စစ်ကြောင်းတွေဝင်လာနေတယ်ဆိုပြီး ရွာလုံးကျွတ် ထွက်ပြေးကြတယ် ၊ အဲ့ဒီလို ထွက်ပြေးရတဲ့အထဲမှာ သရက်ကုန်း၊ ကင်းပြစ်၊ ကလုံ၊ ရှင်မင်းတွေ၊ ဝါးရုံကြီး၊ ရှားတော၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ ဥယျာဥ်၊ ကျွန်းတောကြီး စတဲ့ရွာတွေလည်းပါတယ်၊ မနက်မိုးလင်းတော့ ရွာတွေထဲမှာ လူမရှိတော့ဘူး ၊ အဲ့ဒီနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ…

Read More

ခမောက်ကြီးမြို့နယ် ဆိတ်ဖူး – မာရမ်း ကားလမ်းမှာ ကားတစီးပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံး

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄ SP (VOM) တနင်္သါရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ် ၊ ခမောက်ကြီး(မြို့နယ်ခွဲ) ၊ မာရမ်းကျေးရွာ နဲ့ ဆိတ်ဖူးကျေးရွာကြား ကားလမ်းမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ၊ မနက်ပိုင်းက အိမ်စီးကား တစီးပစ်ခတ်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ လူနှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပရဟိတ သမားတယောက်က ” မနေ့ မနက်က ၁၁ နာရီဝန်းကျင်လောက်မှာ ဆိတ်ဖူးကျေးရွာကနေ မာရမ်းကျေးရွာ (မာရမ်းရွာဆိုတာ မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်) ကို ကားနဲ့ ပြန်အလာ လမ်းမှာ ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ…

Read More

ညောင်လေးပင်ခရိုင်က စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

ဖေဖော်ဝါရီ ၂ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း (အရှေ့ခြမ်း)၊ ညောင်လေးပင်ခရိုင်အတွင်းက စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီက သိရပါတယ်။ ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ပိုမို ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက်တွေ တိုးလာနေတာဖြစ်ပြီး လက်ရှိမှာတော့ နှစ်သိန်းလေးသောင်း ရှစ်ထောင်‌ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “အခုတလော မိုးတွေကလည်း ရွာနေတာဆိုတော့ တောထဲတောင်ထဲမှာ နေရာထိုင်ခင်း အမိုးအကာတွေလည်း မရှိကြဘူး။ အဲ့ဒါ့အပြင်ကိုမှ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ ရာသီဥတုကလည်း နေပူလိုက်၊ မိုးရွာလိုက်၊ အေးလိုက်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ရှိတယ်။ အဲ့ဒီ့အတွက် လုံလောက်တဲ့ ဆေးဝါးတွေလည်း မရှိသေးဘူး။ မိုးကလည်း ဒီလထဲ ဆက်ရွာဖို့…

Read More

This Day in History

Voice of Myanmar တောင်အာဖရိကသမ္မတ ဒီကလပ်ခ်သည် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးဦးဆောင်နေသည့် အာဖရိကအမျိုးသားကွန်ဂရက်ပါတီကို နှစ် ၃၀ ကြာပိတ်ပင်တားမြစ်ထားခြင်းအား ရုပ်သိမ်းပြီး အကျဉ်းချထားသည့် ပါတီခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကို လွှတ်ပေးမည်ဟု ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။

Read More

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အရပ်သားတွေအပေါ် ဆိုးရွားစွာ သက်ရောက်နေကြောင်း ကုလအကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ-၁-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားဖို့အတွက် နိုင်ငံတကာက အားထုတ်ကြိုးပမ်းကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီး သုံးနှစ်မြောက်ဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ အရပ်သားတွေအပေါ် ဆိုးရွားစွာ သက်ရောက်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်မတိုင်ခင်က အခြေအနေနဲ့ ဒီနေ့နှိုင်းယှဉ်မယ်ဆိုရင် မြန်မာပြည်သူ သုံးပုံတပုံ သို့မုဟုတ် လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဂူတာရက်စ်က ထောက်ပြပြောဆိုပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုပုံစံအားလုံးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုံ့ချထားပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ရန်လိုမှုတွေရပ်တန့်ဖို့ သူက တိုက်တွန်းထားပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်တာနဲ့…

Read More
VOM News

FREE
VIEW