မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းနှင့် ဂိုးနည်းပြဟောင်းဖြစ်သူ ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်

 

ရန်ကုန် ၊ မတ် ၂ – ၂၀၂၄

GG (VOM)

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းနှင့် ဂိုးနည်းပြဟောင်းတစ်ဦးဖြစ်သူ ဦးစိုင်းမောင်မောင်ဦး မတ်လ ၁ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘောလုံးအားကစား အသိုင်းအဝိုင်းက သိရပါတယ်။

ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်ချိန်မှာ အသက် ၆၀ နှစ်ရှိပြီဖြစ်ပြီး အူမကြီးကင်ဆာရောဂါဝေဒ နာကြောင့် သေဆုံး ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” မနေ့ကညနေ ၅ နာရီခွဲလောက်မှာပဲ ရောဂါနဲ့ပဲဆုံးတာလို့သိရတယ်၊ ဆရာစိုင်းက ဘောလုံးကန်ရင်သူက ခြေတပေါင်ကျိုးပုံနဲ့ ကန်လေ့ရှိတဲ့ ဂိုးသမားကောင်းတစ်ဦးပါ ၊ ဆရာစိုင်းကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ် ” လို့ ဝါရင့် ဘောလုံးအားကစားသမား တ​ယောက်ကပြောပါတယ်။

ဦးစိုင်းမောင်မောင်ဦးဟာ ရထားပို့ဆောင်ရေး အသင်းရဲ့ မရှိမဖြစ် ဂိုးသမားတစ်ဦးဖြစ်ခဲ့သလို

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း၊ ရန်ကုန်ယူနိုက်တက်၊ မကွေး၊ ရတနာပုံ၊ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ဂိုးနည်းပြဟောင်းလည်းဖြစ်ပါတယ်။

ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ ယှဉ်ပြိုင်ကစားသွားမယ့် MNL League Cup 2024 ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်တွေမှာ ၁ မိနစ်ငြိမ်သက်ခြင်း အခမ်းအနားကို ပြုလုပ်သွားမယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း မြန်မာ့လက်ရွေးစင်ရွှေခေတ်ကစားသမားဟောင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြဟောင်းဖြစ်သူ အသက် ၇၉ နှစ်အရွယ်ရှိသူ ဦးတင်ဟန်လည်း လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW