တိုက်ပွဲတွေကြောင့် ကနီနယ်ထဲကို ရေယာဥ်တွေ ဖြတ်သန်းခွင့် မရလို့ ရေယာဥ်လိုင်းတွေ ပိတ်ထားရ

မတ် ၊ ၅ ၊ ၂၀၂၄
SP (VOM)

ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိတဲ့ ကနီမြို့မှာ ပြီးခဲ့တဲ့ မတ် ၂ ရက်ကနေစလို့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေလို့ ရေယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ရေယာဥ်အသင်းအားလုံး ရပ်နားထားရတယ်လို့ ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တယောက်က

” ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေတဲ့ ရေယာဥ်အားလုံးက မုံရွာဆိပ်ကမ်းကနေ ထွက်ခွာပြီဆိုရင် ကနီမြို့ကို အရင်ဖြတ်ပြီးမှ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီးတွေဆီကို သွားလို့ရတယ် ၊ အခု ကနီမြို့မှာက တိုက်ပွဲဖြစ်နေတော့ ကနီနယ်တွေကို ရေယာဥ်အားလုံး ဖြတ်သန်း သွားလာခွင့် ပိတ်ထားတယ် ၊ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဘက်စလုံးက ရေယာဥ်တွေကို ဖြတ်သန်းခွင့် မပြုတာပါ ၊ အဲ့ဒါကြောင့် ချင်းတွင်းမြစ်ကြောင်း အညာကုန်စည်ပို့ဆောင်ရေး ရေယာဥ် အသင်းတွေနဲ့ ခရီးသည်ပို့ဆောင်ရေး ရေယာဥ်အသင်းတွေအားလုံး ပိတ်ထားရတယ် ၊ ချင်းတွင်းမြစ်ကြောင်းမှာက လတ်တလော ကနီ ၊ မင်းကင်းဘက်မှာ တိုက်ပွဲဖြစ်တယ် ၊ မော်လိုက်နဲ့ ဖောင်းပြင်ကြား တံငါရွာမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဂိတ်ဖွင့်ပြီး စစ်ဆေးတယ် ၊ သူတို့ ကန့်သတ်ထားတဲ့ ကုန်စည်တွေပါရင် အဲ့ဒီ ရေယာဥ်တွေကို အရေးယူတယ် ၊ လူတွေကိုလည် အပြစ်ပေးတယ် ၊ အဲ့ဒါကြောင့် ချင်းတွင်းမြစ်ကြောင်းမှာ ရေယာဥ်လုပ်ငန်းတွေ အဆင်မပြေကြဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချင်းတွင်းမြစ်အထက်ပိုင်း ရွှေပြည်အေးမြို့သစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဟုမ္မလင်းနဲ့ ဖောင်းပြင်ကြား သရောင်းစံပြရွာမှာ ရေယာဥ်ဂိတ်တွေဖွင့်ထားပြီး စိစစ်ကန့်သတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ချင်းတွင်းမြစ်မှာက ရေလမ်းခရီး နဲ့ ကုန်စည်ပို့ဆောင်ဖို့ မလွယ်ဘူး ၊ အဲ့ဒါကြောင့် ရေယာဥ်လုပ်ငန်းရှင်တွေက ရေကြောင်း အစားထိုး ကုန်လမ်းကနေ ကုန်စည်ကားတွေ ပြေးဆွဲပေးတယ် ၊ ဒါလည်း အဆင်မပြေဘူး ၊ တန့်ဆည် ၊ ကောလင်း ၊ ပင်လည်ဘူး စတဲ့နေတွေမှာ တိုက်ပွဲဖြစ်နေတော့ ကားသမားတွေက မသွားရဲကြဘူး ၊ အခုဆိုရင် ဟုမ္မလင်းနဲ့ ခန္တီးမှာ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီ ၊ စျေးကွက်မှာရှိတဲ့ ကုန်ပစ္စည်းက အရင်ကစျေးနူန်းထက် သုံးဆပိုပေးမှ ရတယ် ” လို့ ဟုမ္မလင်းနယ်ခံ ကုန်သည်တယောက်က ပြောပါတယ်။

မုံရွာဆိပ်ကမ်းကနေ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ကိုပြေးဆွဲနေတဲ့ ကုန်တင်အမြန်ရေယာဉ်အသင်း (၁၈)သင်း၊ ရေယာဉ်အစီးရေ (၄၇၀)စီး နဲ့ ခရီးသည်တင်အမြန်ရေယာဉ် အသင်း(၈)သင်း၊ ရေယာဉ်အစီးရေး(၁၂၉)စီးရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ VOM

Related posts

Leave a Comment

VOM News

FREE
VIEW