ဝါရှင်တန်၊ မတ်-၈-၂၀၂၄
မျိုးဆက်(VOM)
ဆီဒင်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးလုပ်ငန်းစဉ်တွေပြီးနောက် နေတိုးအဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။
ယူကရိန်းကိုး ရုရှားက အပြည့်အ၀ ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး နှစ်နှစ်အကြာမှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာပါ။
ညီညွတ်မှုနဲ့ စည်းလုံးမှုကို ဆွီဒင်အနေနဲ့ ပြသသွားမှာဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ခရစ်တာဆန်က ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ နေတိုးအဖွဲ့ဟာ ယခင်ကထက် ပိုမိုအားကောင်းလာတယ်လို့ ဆိုပါတယ်။
နေတိုးအဖွဲ့ဟာ ပိုမိုစည်းလုံး ၊ တက်ကြွနေပြီး မိမိတို့ရဲ့ နောက်ဆုံးမဟာမိတ် ဆွီဒင်နဲ့အတူ နောင်လာမယ့် မျိုးဆက်သစ်တွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဆက်လက်လုပ်ဆောင်သွာမယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
ဆွီဒင်၏ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို တူရကီနှင့် ဟန်ဂေရီတို့က ကနဦးတွင် ကန့်ကွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ခွင့်ပြုသဘောတူခဲ့သည်။ ဆွီဒင်ဟာ သူရဲ့ စွမ်းရည်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အတူ ပထမတန်းစား ကာကွယ်ရေးစက်မှုကဏ္ဍကို ယူဆောင်လာတာကြောင့် မဟာမိတ်အဖွဲ့သည် ပိုမိုအားကောင်း လုံခြုံလာတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။
Ref:BBC
Photo:AFP