ယူကရိန်းတောင်ပိုင်း အိုဒီဆာမြို့ကို ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှု လူ ၂၀ သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရ

  ကိယက်ဗ်၊ မတ်-၁၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒီဆာမြို့မှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အရေးပေါ် ဆေးအဖွဲ့က လူတွေလည်းပါဝင်ပါတယ်။ ပထမဆုံး ရုရှားဒုံးကျည်ဟာ နေအိ်မ်တွေနဲ့ အရပ်ဘက်ပစ်မှတ်ကိုထိမှန်ခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့တွေ သွားရောက်ချိန်မှာ နောက်ထပ်ဒုံးကျည် တစင်း ထပ်မံကျရောက်ခဲ့တာဖြစ်ပါတယ်။ ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး တရားမျှတတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒုံးကျည်တွေကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသကနေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ယူကရိန်း စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ မော်တော်ကားတွေနဲ့ ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အိုဒီဆာဟာ…

Read More

ကလေးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေ

  မတ် ၊ ၁၆ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ရဲ့ မြောက်ဘက်ခြမ်းမှာ ဒီကနေ့ မနက် ၃ နာရီလောက်ကစပြီး နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၃ နာရီကစလို့ ကလေးမြို့ မြောက်ဘက်ခြမ်း ဆည်တော်ဦး ၊ ကျောင်းတိုက် ( ပြည်သူ့စစ်) ရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ် ၊ တိုက်ပွဲအရှိန်က ပြင်းထန်လာတာကြောင့် ပျဉ်းခုံကြီး ၊ ပျဉ်းခုံလေး ၊ နန်းချောင်း ၊ ပြည်တော်သာ ၊ သာယာကုန်း စတဲ့ရွာမှာနေတဲ့ အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ လေကြောင်း…

Read More

သင်္ဃန်းညီနောင်အနီး တိုက်ပွဲတွေဆက်ဖြစ်နေလို့ ရွာလုံးကျွတ် ဘေးလွတ်ရာ တိမ်းရှောင်ရတာတွေရှိ

  မတ် ၁၆ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်ရွာအနီး တိုက်ပွဲဆက်ဖြစ်နေလို့ ဝှေ့ရှမ်းကျေးရွာက ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ မနေ့ မတ်လ ၁၅ ရက်၊ မနက်ပိုင်းအချိန်မှာ သင်္ဃန်းညီနောင်အနီး နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော် (KNLA) မဟာမိတ်ပူးပါင်းတပ်တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ဝှေ့ရှမ်းကျေးရွာက ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ “အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာကတော့ ဒီအချိန်မှာ ပြောလို့မရသေးဘူး။ တိုက်ပွဲကြောင့် စာရင်းကောက်လို့ အဆင်မပြေဘူးလေ။ တိုက်ပွဲကတော့ မနေ့ မနက် ၄ နာရီ ကျော်လောက်ကတည်းက ဝှေ့ရှမ်းစာသင်ကျာင်းဘက်မှာ ဖြစ်နေတာ။ လက်နက်ကြီးရန်‌ရော၊ လေကြောင်းရန်ရော ရှိနေတော့ ရွာသားတွေ ဘယ်သူမှ မနေရဲကြဘူး။ ရွာလုံးကျွတ်ပြေးကြရတာပေါ့။…

Read More

တောင်ကိုရီးယား ဆရာဝန်တွေသပိတ်မှောက်မှု ထိပ်တန်းဆရာဝန်ကြီးတွေပါ ရာထူးကနေ နှုတ်ထွက်တော့မယ်

ဆိုးလ်၊ မတ်-၁၆-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကမောက်ကမ ဖြစ်စေခဲ့တဲ့ အငယ်တန်းဆရာဝန်တွေရဲ့ သပိတ်ကို ထောက်ခံတဲ့အနေနဲ့ တောင်ကိုရီးယား အကြီးတန်းဆရာဝန်အဖွဲ့တဖွဲ့က မတ် ၂၅ ရက်ကစပြီး အလုပ်ထွက်မယ်လို့ ဒီနေ့ မတ် ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။ ဆေးကျောင်းဝင်ခွင့်အရေအတွက် တိုးမြှင့်မယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် တောင်ကိုရီးယား အငယ်တန်းဆရာဝန်ထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။ အထွေထွေဆေးရုံများမှ ဆရာဝန်ကြီးတွေဖြစ်ကြပြီး တက္ကသိုလ် ၂၀ ကျော်က ဆေးဘက်ဆိုင်ရာ ပါမောက္ခများကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က အစည်းအဝေးကျင်းပခဲ့ပြီး တက္ကသိုလ် ၁၆ ခုက ကိုယ်စားလှယ်တွေဟာ အငယ်တန်းဆရာဝန်တွေရဲ့ သပိ တ်မှောက်တာကို အပြည့်အဝထောက်ခံခဲ့ကြပါတယ်။ တက္ကသိုလ်တခုချင်းစီက ပါမောက္ခတွေဟာ မတ် ၂၅ ရက်စတင်ပြီး နှုတ်ထွက်စာတင်ဖို့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့ကြပြီး မနှုတ်ထွက်မီအချိန်ထိ လူနာတွေကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၈၀ ကျပ် ဝယ်ဈေး – ၃၆၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၃၀ ကျပ် ဝယ်ဈေး – ၂၆၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၇၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၃၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၃၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာမြို့နားက ကျေးရွာတွေမှာ မီးလောင်မှုတွေဖြစ်လို့ အကူညီတွေလိုအပ်နေ

  မတ် ၊ ၁၆ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတွေမှာရှိတဲ့ ကျေးရွာတချို့ ဒီရက်ပိုင်းအတွင်း မီးလောင်မှုတွေဖြစ်ပြီး ၊ မီးဘေးသင့် ပြည်သူတွေမှာ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ဒေသခံ ပရဟိတသမားတယောက်က ” ပြီးခဲ့တဲ့ မတ် ၂ ရက်က မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တဲကြီးကုန်း ၊ ကံပြားကြီး ၊ ပေကုန်း ၊ ဆုံကုန်း ၊ ပုလ္လင်ကုန်း ၊မင်းတဲ ၊ ခိုးသန်း ၊ ကျီးဗဒုံ စတဲ့ ကျေးရွာတွေဘက်မှာ လူနေအိမ်တွေ မီးလောင်ပျက်စီးတယ် ၊ တနေ့ မတ် ၁၄…

Read More

ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းစုအနီးရေပြင်ကို တရုတ်ကမ်းခြေစောင့် သင်္ဘောတွေ ဝင်ရောက်

  တိုင်ပေ၊ မတ်-၁၆-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းအနီး တားမြစ်ထားတဲ့ရေပြင်ကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေ ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။ ဒါဟာ ကျွန်းအနီးရေပြင်ကို တရုတ်ကမ်းခြေစောင့်တပ်တွေ ပထမဆုံးအကြိမ် ဝင်ရောက်တာဖြစ်တယ်လို့ ထိုင်ဝမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ကတော့ အဲဒီကျွန်းရေပြင်မှာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို အခြေခံပြီး ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကင်မင်ကျွန်းစုမှာ ဖေဖော်ဝါရီ ၁၄ ရက်က တရုတ်ငါးဖမ်းသင်္ဘောတစင်း မတော်တဆနစ်မြုပ်မှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်က တောင်းပန်ဖို့ တရုတ်က တောင်းဆိုထားပါတယ်။ ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်ဖမ်းစဉ် တရုတ်ငါးဖမ်းသမားနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ တရုတ်နို်ငငံက အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ မကြာသေးမီနှစ်တွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေအပါအဝင် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးလာခဲ့ပါတယ်။ Ref:NHK…

Read More

This Day in History

Voice of Myanmar ကရိုင်းမီးယားဒေသသည် ယူကရိန်းမှခွဲထွက်ပြီး ရုရှားနိုင်ငံတွင်ပါဝင်ရန် ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်တွင် လူထုဆန္ဒခံယူပွဲကျင်းပ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံအများအပြားက ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းဒေသကို ရုရှားက သိမ်းပိုက်ခဲ့သည်။

Read More

ပဲခူးတိုင်းမှာ မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ ဆယ်ယောက်ကျော် ဒဏ်ရာရ

မတ် ၊ ၁၆ ၊ ၂၀၂၄ TT (VOM) ပဲခူးတိုင်း အရှေ့ပိုင်းမှာ မတ် ၁၅ ရက် မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားတာကြောင့် ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်း လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က တရက်တည်းမှာ ပဲခူးတိုင်းအတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်တယ် ၊ ပထမ ပေါက်ကွဲမှုက ပဲခူးခရိုင် ၊ ဝေါမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနက် ၁၁ နာရီဝန်းကျင်က ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုနေတဲ့အချိန် ဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ပျက်စီးမှု မရှိပေမယ့် မပေါက်ကွဲသေးတဲ့ ဖျက်အားပြင်း ရှေ့ထွက်မိုင်း နှစ်လုံး သက်မဲ့လုပ်ပြီး ဖယ်ရှား ရှင်းလင်းခဲ့ရတယ် ၊ နောက်…

Read More
VOM News

FREE
VIEW