တောင်ကိုရီးယား ဆရာဝန်တွေသပိတ်မှောက်မှု ထိပ်တန်းဆရာဝန်ကြီးတွေပါ ရာထူးကနေ နှုတ်ထွက်တော့မယ်

ဆိုးလ်၊ မတ်-၁၆-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံမှာ ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကမောက်ကမ ဖြစ်စေခဲ့တဲ့ အငယ်တန်းဆရာဝန်တွေရဲ့ သပိတ်ကို ထောက်ခံတဲ့အနေနဲ့ တောင်ကိုရီးယား အကြီးတန်းဆရာဝန်အဖွဲ့တဖွဲ့က မတ် ၂၅ ရက်ကစပြီး အလုပ်ထွက်မယ်လို့ ဒီနေ့ မတ် ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ဆေးကျောင်းဝင်ခွင့်အရေအတွက် တိုးမြှင့်မယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် တောင်ကိုရီးယား အငယ်တန်းဆရာဝန်ထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။

အထွေထွေဆေးရုံများမှ ဆရာဝန်ကြီးတွေဖြစ်ကြပြီး တက္ကသိုလ် ၂၀ ကျော်က ဆေးဘက်ဆိုင်ရာ ပါမောက္ခများကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က အစည်းအဝေးကျင်းပခဲ့ပြီး တက္ကသိုလ် ၁၆ ခုက ကိုယ်စားလှယ်တွေဟာ အငယ်တန်းဆရာဝန်တွေရဲ့ သပိ
တ်မှောက်တာကို အပြည့်အဝထောက်ခံခဲ့ကြပါတယ်။

တက္ကသိုလ်တခုချင်းစီက ပါမောက္ခတွေဟာ မတ် ၂၅ ရက်စတင်ပြီး နှုတ်ထွက်စာတင်ဖို့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့ကြပြီး မနှုတ်ထွက်မီအချိန်ထိ လူနာတွေကို အကောင်းဆုံး ကုသပေးသွားမယ်လို့ အဖွ့ဲအကြီးအကဲဖြစ်သူ ဘန်ဂျေးဆောင်က ပြောပါတယ်။

အရေးပါတဲ့ ခွဲစိတ်မှုနဲ့ ကုသမှုတွေကို ဖျက်သိမ်းလိုက်ရပေမယ့် သူနာပြုနဲ့ အကြီးတန်းဆရာဝန်တွေအပြင် ကူညီဖို့ စေလွှတ်ထားတဲ့ စစ်ဆရာဝန်တွေကြောင့် ကျန်းမာရေးဆိုင်ရာ အကြပ်အတည်းကို လက်ရှိချိန်ထိ ရှောင်ရှားနိုင်သေးတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

Ref:AFP
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW