ယူကရိန်းတောင်ပိုင်း အိုဒီဆာမြို့ကို ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှု လူ ၂၀ သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရ

 

ကိယက်ဗ်၊ မတ်-၁၆-၂၀၂၄

မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒီဆာမြို့မှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၂၀ ထက်မနည်းသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးဒဏ်ရာရသူတွေထဲမှာ အရေးပေါ် ဆေးအဖွဲ့က လူတွေလည်းပါဝင်ပါတယ်။ ပထမဆုံး ရုရှားဒုံးကျည်ဟာ နေအိ်မ်တွေနဲ့ အရပ်ဘက်ပစ်မှတ်ကိုထိမှန်ခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့တွေ သွားရောက်ချိန်မှာ နောက်ထပ်ဒုံးကျည် တစင်း ထပ်မံကျရောက်ခဲ့တာဖြစ်ပါတယ်။

ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပြီး တရားမျှတတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဒုံးကျည်တွေကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသကနေ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း ယူကရိန်း စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူနေအိမ်၊ မော်တော်ကားတွေနဲ့ ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အိုဒီဆာဟာ ပင်လယ်နက်ရှိ အရေးပါတဲ့ ဆိပ်ကမ်းဖြစ်ပြီး ရုရှားက ဘာကြောင့် ဒုံးကျည်နဲ့ပစ်ခတ်လည်းဆိုတာ ရှင်းလင်းစွာမသိရပါဘူး။ ဒီတိုက်ခိုက်မှုဟာ ရုရှားသမ္မတရွေးကောက်ပွဲ ပထမနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ရုရှားသမ္မတ ပူတင်ကတော့ ရွေးကောက်ပွဲနောက်ထပ် သက်တမ်းတခု ထပ်မံအနိုင်ရဖို့ သေချာနေပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW