ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းစုအနီးရေပြင်ကို တရုတ်ကမ်းခြေစောင့် သင်္ဘောတွေ ဝင်ရောက်

 

တိုင်ပေ၊ မတ်-၁၆-၂၀၂၄

မျိုးဆက်(VOM)

ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းအနီး တားမြစ်ထားတဲ့ရေပြင်ကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေ ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။

ဒါဟာ ကျွန်းအနီးရေပြင်ကို တရုတ်ကမ်းခြေစောင့်တပ်တွေ ပထမဆုံးအကြိမ် ဝင်ရောက်တာဖြစ်တယ်လို့ ထိုင်ဝမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ကတော့ အဲဒီကျွန်းရေပြင်မှာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေကို အခြေခံပြီး ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကင်မင်ကျွန်းစုမှာ ဖေဖော်ဝါရီ ၁၄ ရက်က တရုတ်ငါးဖမ်းသင်္ဘောတစင်း မတော်တဆနစ်မြုပ်မှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်က တောင်းပန်ဖို့ တရုတ်က တောင်းဆိုထားပါတယ်။ ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်က လိုက်ဖမ်းစဉ် တရုတ်ငါးဖမ်းသမားနှစ်ယောက် သေဆုံးခဲ့ပါတယ်။

ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့ တရုတ်နို်ငငံက အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း တရုတ်ဟာ ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေအပါအဝင် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးလာခဲ့ပါတယ်။

Ref:NHK

Photo:Focus Taiwan

 

Related posts

Leave a Comment

VOM News

FREE
VIEW