မန္တလေးကနေ မြစ်ကြီးနားကိုထွက်လာတဲ့ ခရီးသည်ကား မိုင်းဆွဲခံရလို့ နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

  မတ် ၊ ၁၇ ၊ ၂၀၂၄ SP ( VOM) ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ကားတစီးဟာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရွှေဘို – ကျောက်မြှောင်းကားလမ်း ၊ တအုံကျေးရွာနားမှာ မိုင်းဆွဲခံရလို့ ယာဥ်ပေါ်ပါ ခရီးသည်တချို့ သေဆုံး ၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ဒီမနက် ၈ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ မိုင်းထိမှန်ထားတဲ့ကားက နုတ်အမျိုးအစား ကချင်မင်းသား ခရီသည်တင် ကားလေးဖြစ်တယ် ၊ အခင်းဖြစ်နေရာမှာ ခရီးသည် နှစ်ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ မသဲမာကျော် ၃၉ နှစ်နဲ့ အမည်မသိ ( Unknow…

Read More

ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေ မပေးဖို့ အီရန်ကို ဂျီ-၇ ခေါင်းဆောင်တွေ သတိပေး

    ဘာလင်၊ မတ်-၁၇-၂၀၂၄ မျိုးဆက်(VOM)   ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေမပေးဖို့ အီရန်ကို ဂျီ-၇ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။   အီရန်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေကို ရုရှားကို လွှဲပြောင်းပေးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ဂျီ-၇ ခေါင်းဆောင်တွေက ဆိုပါတယ်။   အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲထားပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရေး စေ့စပ်ညှိနှိုင်းမှုတွေကို တက်ကြွစွာလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပါတယ်။   အီရန်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ရှားဖို့ ဂျီ-၇ ခေါင်းဆောင်တွေက သတိပေးထားပြီး ဒါဟာ ဒေသတွင်းမတည်အငြိမ် ဖြစ်စေမှုကို တိုးမြင့်လာနိုင်တယ်လို့ ပြောပါတယ်။ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၇၀ ကျပ် ဝယ်ဈေး – ၃၆၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၂၀ ကျပ် ဝယ်ဈေး – ၂၆၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ဟေတီရှိ အမေရိကန်နိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူ

    ပို့အော့ပရင့်၊ မတ်-၁၇-၂၀၂၄ မျိုးဆက်(VOM)   ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပေါ်နေတဲ့ ဟေတီရှိ အမေရိကန်ုနိုင်ငံသားတွေကို အမေရိကန်အစိုးရက စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။   အမေရိကန်နိုင်ငံသားတွေအတွက် စင်းလုံးငှားလေယာဉ်ဟာ မြို့တော်ပို့အော့ပရင့်ကနေ မိုင် ၁၂၀ အကွာရှိ ကက်ပ်ဟေတီယန်ဆိပ်ကမ်းမြို့ကနေ ဒီနေ့မှာ ထွက်ခွာမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။   မြို့တော်ပို့အော့ပရင့်မှာတော့ ဟေတီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဂျင်မီချီရီဇီယာချုပ်ကိုင်ထားတဲ့နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။   ဘာဘီကျူးလို့ လူသိများတဲ့ ဂျင်မီချီရီဇီယာဟာ ဒယ်လ်မက်စ်ရပ်ကွက်မှာရှိနေပြီး ရဲတွေကသူ့ကို ဖမ်းဆီးဖို့ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ သူ့ကိုဖမ်းဆီးဖို့ ရပ်ကွက်ထဲထိ ရဲတွေဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။   ဒီစစ်ဆင်ရေးမှာ ရာဇဝတ်ဂိုဏ်းသားတွေ အများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုတွေကြီးထွားလာတာကြောင့် မတ် ၇ ရက်ကတည်းက ပိတ်ထားတဲ့…

Read More

This Day in History

Voice of Myanmar တောင်အာဖရိကတွင် လူမျိုးရေးအရခွဲခြားဆက်ဆံသည့် ဥပဒေများရုပ်သိမ်းခြင်းနှင့် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးများပါဝင်သည့် သမ္မတ ဖရက်ဒရစ်ဝီလမ်ဒီကလပ်၏ ပြုပြင်ပြောင်းလဲမှုများကို လူဖြူ တောင်အာဖရိက မဲဆန္ဒရှင် ၆၉ ရာခိုင်နှုန်းနီးပါးက ၁၉၉၂ ခုနှစ် မတ် ၁၇ ရက်တွင် ထောက်ခံမဲပေးခဲ့ကြသည်။

Read More

ကလေး – တမူး ကားလမ်း အခြေအနေ ဘယ်လိုရှိသလဲ

    မတ် ၊ ၁၇ ၊ ၂၀၂၄ SP ( VOM) မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းတခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့အကြားမှာ လွန်ခဲ့တဲ့ ငါးလကျော်ကစလို့ လမ်းတွေပိတ်ထားတာကြောင့် ကလေးနဲ့ တမူးကြားမှာ ခရီးသည်တွေ ဘယ်လိုသွားလာနေရသလဲဆိုတာ သိရဖို့ ဒေသခံတွေဆီကို VOM က မေးမြန်းထားပါတယ်။ တမူးနယ် ဒေသခံတယောက်က ” မုံရွာကနေ တမူးကိုလာမယ်ဆိုရင် ကလေးမှာ တညအိပ်ရတယ် ၊ နောက်တနေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ကနေ တမူးဘက်ကို ကားတွေ ထွက်တယ် ၊ ကားခ ၊ ခရီးသည်တယောက်ကို သုံး​သောင်းရှိတယ် ၊ အဲ့ဒီ ကားတွေအားလုံးက တမူမြို့ပေါ်အထိ မရောက်ဘူး ၊ ကားစီးချိန် ငါးနာရီ ၊…

Read More

နွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်

  မတ်-၁၇-၂၀၂၄ SN (VOM) နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တနှစ်ထက် တနှစ် နွေက ပိုပူလာပါပြီ။ လက်ရှိ မြန်မာနိုင်ငံရဲ့ နွေရာသီကလည်း အတော်လေးကို ပူပြင်းလာပါတယ်။ တရိပ်ရိပ် တက်လာတဲ့ အပူချိန်နဲ့အတူ ကျန်းမာရေးပြဿနာတွေကလည်း တွဲကပ်ပြီး ပါလာစမြဲပါ။ အဲဒီထဲက တခုကတော့ နွေရာသီရောက်တိုင်း မဖြစ်မနေသတိထားရမယ့် Heat Stroke လို့ ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ပြဿနာပါ။ Heat Stroke ဖြစ်ရင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီး ဒဏ်ခံရတယ်လို့ သိရပါတယ်။ Heat Stroke မဖြစ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုပြီးခံကြရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ Heat Stroke…

Read More
VOM News

FREE
VIEW