အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ဟေတီရှိ အမေရိကန်နိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူ

 

 

ပို့အော့ပရင့်၊ မတ်-၁၇-၂၀၂၄

မျိုးဆက်(VOM)

 

ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပေါ်နေတဲ့ ဟေတီရှိ အမေရိကန်ုနိုင်ငံသားတွေကို အမေရိကန်အစိုးရက စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။

 

အမေရိကန်နိုင်ငံသားတွေအတွက် စင်းလုံးငှားလေယာဉ်ဟာ မြို့တော်ပို့အော့ပရင့်ကနေ မိုင် ၁၂၀ အကွာရှိ ကက်ပ်ဟေတီယန်ဆိပ်ကမ်းမြို့ကနေ ဒီနေ့မှာ ထွက်ခွာမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

 

မြို့တော်ပို့အော့ပရင့်မှာတော့ ဟေတီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဂျင်မီချီရီဇီယာချုပ်ကိုင်ထားတဲ့နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

 

ဘာဘီကျူးလို့ လူသိများတဲ့ ဂျင်မီချီရီဇီယာဟာ ဒယ်လ်မက်စ်ရပ်ကွက်မှာရှိနေပြီး ရဲတွေကသူ့ကို ဖမ်းဆီးဖို့ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ သူ့ကိုဖမ်းဆီးဖို့ ရပ်ကွက်ထဲထိ ရဲတွေဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

ဒီစစ်ဆင်ရေးမှာ ရာဇဝတ်ဂိုဏ်းသားတွေ အများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုတွေကြီးထွားလာတာကြောင့် မတ် ၇ ရက်ကတည်းက ပိတ်ထားတဲ့ မြို့တော်ရဲ့ အဓိကဆိပ်ကမ်းကိုလည်း ပြန်လည်ထိန်းချုပ်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။

 

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW