ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေ မပေးဖို့ အီရန်ကို ဂျီ-၇ ခေါင်းဆောင်တွေ သတိပေး

 

 

ဘာလင်၊ မတ်-၁၇-၂၀၂၄

မျိုးဆက်(VOM)

 

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေမပေးဖို့ အီရန်ကို ဂျီ-၇ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

 

အီရန်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေကို ရုရှားကို လွှဲပြောင်းပေးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ဂျီ-၇ ခေါင်းဆောင်တွေက ဆိုပါတယ်။

 

အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲထားပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရေး စေ့စပ်ညှိနှိုင်းမှုတွေကို တက်ကြွစွာလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပါတယ်။

 

အီရန်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ရှားဖို့ ဂျီ-၇ ခေါင်းဆောင်တွေက သတိပေးထားပြီး ဒါဟာ ဒေသတွင်းမတည်အငြိမ် ဖြစ်စေမှုကို တိုးမြင့်လာနိုင်တယ်လို့ ပြောပါတယ်။ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း ဝယ်ယူနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

 

“ အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည် ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေ ပံ့ပိုးပေးမယ်ဆိုရင် ဂျီ-၇ အဖွဲ့အနေနဲ့ မြန်မြန်ဆန်ဆန် ညှိနှိုင်းပြီး တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ”ထုတ်ပြန်ထားပါတယ်။

 

Ref:NHK

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW