ကလေးမြို့နယ် ဘာတွေဖြစ်ခဲ့သလဲ

မတ် ၊ ၁၈ ၊ ၂၀၂၄
SP (VOM)
ဒီရက်ပိိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေကို VOM က ဆက်သွယ် မေးမြန်းထားပါတယ်။
” မနေညက ၈ နာရီကျော်မှာ ၊ ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၇ မှာရှိတဲ့ ဆည်မြောင်းရုံးနဲ့ သစ်တောရုံး မီးလောင်တယ် ၊ အဲ့ဒီ အဆောက်ဦးတွေ မီးလောင်ပျက်စီးတယ် ၊ မီးသတ်ကား ရောက်မလာတာကြောင့် ၊ ရပ်ကွက်က လူတွေ ဝိုင်းငြိမ်းရတယ် ၊ မနေ့ (မတ် ၁၇)က ၊ ကလေးမြို့တောင်ပိုင်း ထိုမာရွာဘက်က တိုက်ပွဲရှောင်ဖို့ ထွက်လာတဲ့ကားတစီးကို တိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါ တိုက်ပွဲရှောင် လူနှစ်ယောက် ထိခိုက်သေဆုံးပြီး ၊ ကိုးယောက် ဒဏ်ရာရတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် ခရစ်ယာန် ဂိုဏ်းဂနပေါင်းစုံ မိတ်သဟာယ အဖွဲ့ သင်းအုပ်ဆရာတယောက်က
” ပြီးခဲ့တဲ့ မတ် ၃ ရက်က ၊ ကလေးမြို့မှာနေတဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲရှောင်ထွက်ပေးဖို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက အမိန့်ထုတ်ပြန်တယ် ၊ အဲ့ဒီလို အမိန့်ထုတ်ပြန်တာဟာ မနှစ်ကလည်း တကြိမ်ထုတ်ပြန်ဖူးတယ် ၊ ဒါရောဆို နှစ်ကြိမ်ရှိတယ် ၊ အခုဆိုရင် ကလေးမြို့ခံ တချို့က တိုက်ပွဲရှောင်နေကြပေမယ့် အများစုကတော့ ကားခတွေဈေးကြီးပြီး ထွက်မယ့်ကားတွေရှားပါးတာကြောင့် အခုထိ တိုက်ပွဲရှောင်တာမရှိဘူး ၊ ကိုယ့်အိမ်မှာပဲ ခိုလှုံနေကြတယ် ၊ အိမ်ထဲ အိမ်ပြင် မထွက်ပဲ နေကြတယ် ၊ အဲ့ဒီနောက် ကလေးနယ်မှာ နှစ်ဘက် ပစ်ခတ်မှုတွေ အရှိန်မြင့်လာတယ် ၊ ၊ သိရသလောက်ကတော့ မနေ့ (မတ် ၁၆ ) က ပျဥ်းခုံလေးရွာမှာ ပေါက်ကွဲမှုဖြစ်လို့ လူသုံးယောက်သေပြီး ၊ လေးငါးယောက်လောက် ပြင်းထန် ဒဏ်ရာရတယ် ၊ သေဆုံးသူတွေကတော့ မ Angel Vanrempuii (၁၀နှစ်)၊ ဒေါ် Edenthari (၃၂နှစ်)၊ ဒေါ် Lalfamkimi (၆၂နှစ်) တို့ဖြစ်တယ် ၊ မတ် ၁၄ ရက်ည ၉ နာရီလောက်မှာ လက်ပန်ချောင်းရွာမှာ ရွာခံ Pi (ဒေါ်) Lalzuali ၆၂ နှစ် ဆိုသူနဲ့ (ဦး)Tv – Lalramdika ၄၂ နှစ် မြေးအဘွားတော်စပ်သူ နှစ်ယောက် ထိခိုက်သေဆုံးခဲ့ပြီး ရွာခံ ခြောက်ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီညက ၈ နာရီလောက်မှာလည်း နန်းချောင်းရွာထဲက ကလေးနှစ်ယာက်လည်း သေတယ်လို့သိရတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြို့သုံးပင်နဲ့ မွန်းလိုင် ဘက်က အသက် ၂၉ နှစ်အရွယ် Nu Cing Khawl Kim နဲ့ အသက် ၄၈ နှစ်အရွယ် Nu Cing Khawm Vung တို့နှစ်ယောက် နက်လက်ကြီးကျည်ထိမှန်ပြီး သေဆုံးတယ် ၊ နောက်ပြီး မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာနေတဲ့ လယ်နွမ်းသာ (Lal Nun Thar) ၊ သူ့အစ်မ မိုင်ထျာန်ကျုယ် (Mai Than Cuai ) နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ မိုင်မိုနီကာ (Mai Monica) ဆိုသူသုံးယောက်က လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ် ၊ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာ အခုထိမသိရသေးဘူး ၊ PDF အဖွဲ့တွေ ထုတ်ပြန်တဲ့ သတင်းအရကတော့ မတ် ၁၆ ရက်က ကျောင်းတိုက် ထိတွေ့မှုမှာ PDF အဖွဲ့က Nang Khua Khai နဲ့ HNB အဖွဲ့က ရဲဘော်တဦး ပေါင်းနှစ်ယောက် သေဆုံးတယ် ၊ နောက်ပြီး နစက လုံခြုံရေးအဖွဲ့တွေဆီကနေ လက်နက်ငယ် ၁၇လက်၊ကျည်မျိုးစုံ ၁၃၀၀ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၁၀ ကျော်၊ကျည်အိမ် ၃၀ ကျော်နဲ့ စစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် နစကတပ်က ငါးဦးထက်မနည်း ထိခိုက်သေဆုံးတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်း ၊ ဂန့်ဂေါမြို့နယ်နဲ့ ကြားမှာရှိတဲ့ မှန်တောကျေးရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဲ့ဒီ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များပြားလျက်ရှိနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်သူတွေဆီက သိရပါတယ်။
မတ် ၁၆ ရက်ကလည်း ကလေးမြို့မြောက်ပိုင်း ကျောင်းတိုက်ရွာမှာ တိုက်ပွဲတွေဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်ထဲကို ကားတွေဝင်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။
အဲ့ဒါကြောင့် ကလေးမြို့မှာ ကွမ်းရွက်အပါအဝင် စက်သုံးဆီ ၊ မိုးရေးကုန်စည် စတာတွေ ရှားပြီး ပြတ်သလောက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မတ် ၁၇ရက်ညက ကလေးမြို့ ဆည်မြောင်းရုံးနဲ့ သစ်တောရုံး မီးလောင်နေပုံ ၊ (ဒေသခံတဦး)
VOM Telegram Channel: https://t.me/VOMNEWS2023/5792
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW