တနိုင်းမြို့နယ် နမ်ဂေါန် ရွှေမှော်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မတ် ၊ ၁၈ ၊ ၂၀၂၄
SP (VOM)
ကချင်ပြည်နယ် ၊ တနိုင်းခရိုင် ၊ တနိုင်းမြို့နယ် ၊ နမ်ဂေါန် (Nam Gawn) ရွှေမှော်မှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က နစက တပ်နဲ့ KIA – PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံ ရွှေလုပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” နမ်ဂေါန် (Nam Gawn) မှော်ဆိုတာ ၊ တနိုင်းမြို့နဲ့ မိုင်း ၂၀ ဝန်းကျင်လောက်ရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက တိုက်ပွဲတွေဖြစ်လို့ ရွာပျက်သွားတယ် ၊ အဲ့ဒီနေရာကို အခုတော့ ရွှေမျှောတွေလုပ်နေကြတယ် ၊ ဒီမနက် ၅ ခွဲလောက်မှာ KIA နဲ့ PDF အဖွဲ့က လာတိုက်တယ် ၊ တိုက်ပွဲအရှိန်မြင့်လာတာကြောင့် ဒေသခံ ရွှေလုပ်သား တထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်ရတယ် ၊ အခုတော့ လေကြောင်းပစ်ကူတွေ ရောက်နေတယ် ၊ တိုက်ပွဲရလဒ်ကတော့ အခုထိ မသိရသေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကချင်ပြည်နယ်ဟာ မြေပေါ် မြေအောက် သယံဇာတတွေထွက်ရှိပြီး အဲဒီလို သယံဇတ ထွက်ရှိတဲ့နေရာတွေမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ၊ ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ တာမခန် ၊ ဆိုင်းတောင် (ဆိပ်မူး) ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး ယာယီတိုက်ပွဲရှောင် တထောင်ကျော်လောက်ရှိတယ်လို့ သိရပါတယ်။\
ဒါကြောင့် နှစ်ဘက်တိုက်ပွဲတွေကြားမှာ မှော်လုပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အလုပ်ကိုင်တွေ ရပ်နားထားရပြီး စားဝတ်နေရေး ခက်ခဲလာတယ်လို့ သိရပါတယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/5806
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW