ဒေလီဝန်ကြီးချုပ် အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ

ဒေလီ၊ မတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)

ထင်ရှားတဲ့ အိန္ဒိယအတိုက်အခံနိုင်ငံရေးသမားနဲ့ ဒေလီဝန်ကြီးချုပ်ဖြစ်သူ အာဗင်ကာဂျ်ရီဝယ်လ်ကို အိန္ဒိယ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သူ့ရဲ့ အေအေပီပါတီက ပြောပါတယ်။

မစ္စတာကာဂျ်ရီဝယ်လ်နဲ့ အေအေပီပါတီတို့ကတော့ ဘာအမှားမှကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ ခြေထိုးမှုဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

ဖမ်းဆီးမှုဟာ မြို့တော်ဒေလီမှာ အရက်ရောင်းချမှုမူဝါနဲ့ ပတ်သက်နေပြီး အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဆက်စပ်နေကာ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တပတ်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာ သူ့ရဲ့နေအိမ်ကို မတ် ၂၁ ရက်က ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရရဲ့ လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒေလီအစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ အရက်ရောင်းချမှု မူဝါဒဟာ ပုဂ္ဂလိက ရောင်းချသူတွေကို မလျော်ကန် အခွင့်ကောင်းတွေ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဖမ်းဆီးမှုဟာ အာဏာရ ဘီဂျေပီပါတီရဲ့ မရိုးဖြောင့်တဲ့ နိုင်ငံရေးကစားကွက်ဖြစ်ပြီး မစ္စတာကာဂျ်ရီဝယ်လ် လွတ်မြောက်ရေးအတွက် တရားရုံးချုပ်မှာ အရေးတကြီးကြားနာဖို့ တောင်းဆိုသွားမယ်လို့ အေအေပီပါတီက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW