ဓါတ်ပုံလှလှ ရိုက်လို့ရမယ့် မန္တလေးက စန္ဒာမုနိဘုရား

 

” အေးအောင်ရေသွင်း ၊ ဘိုးတော်မင်း ၊ တည်ရင်းစန္ဒာ မုနိမဟာ ”

မန္တလေး၊ မတ်- ၂၂- ၂၀၂၄

SA(VOM)

မဟာစန္ဒာမုနိဘုရား ဟာဆိုရင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အစွန် အမရပူရမြို့နယ်အဝင်ဆိုင်းဘုတ်အနီး စစ်ကိုင်း – မန္တလေးလမ်းရဲ့ အရှေ့ဘက်အခြမ်းမှာတည်ရှိတာဖြစ်ပါတယ်။


ဓါတ်ပုံလှလှ ရိုက်လို့ရမယ့် မန္တလေးက စန္ဒာမုနိဘုရား

မဟာစန္ဒမုနိစေတီတော်ကို ဘိုးတော်ဘုရားက အမရပူရမြို့တည်ပြီး ၂ နှစ်အကြာ ၁၇၈၄ ခုနှစ်မှာတည်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။


ဓါတ်ပုံလှလှ ရိုက်လို့ရမယ့် မန္တလေးက စန္ဒာမုနိဘုရား

လက်ရှိမှာတော့ ဘိုတော်ဘုရားတည်ထားခဲ့တဲ့ မဟာစန္ဒာမုနိစေတီတော်ကို ထုံးသင်္ဃန်းကပ်ထားတဲ့ သီတာခုနှစ်သွယ် ဖိနပ်တော်ငါးဆင့်အပေါ်မှာ ရွှေသင်္ဃန်းကပ်လှူပူဇော်ထားတဲ့ စေတီတော်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မဟာစန္ဒာမုနိလို့ ဆိုလိုက်တာနဲ့ မန္တလေးနဲ့ မစိမ်းတဲ့သူတွေကတော့ လှေကားအဆင့်ဆင့် ပါတဲ့ မဟာမင်္ဂလာကန်တော်နဲ့ တွဲမြင်ရမှာဖြစ်ပါတယ်။

မဟာစန္ဒာမုနိစေတီတော် ပရဝဏ်အတွင်းမှာတော့ လေ့လာစရာ အဓိကနေရာကြီးသုံးခုရှိပါတယ်။ မဟာစန္ဒာမုနိစေတီတော်၊ မဟာကန်တော်မင်္ဂလာ နဲ့ ရဟန္တာရှစ်ဆယ်ဂူတို့ပဲ ဖြစ်ပါတယ်။

မဟာစန္ဒာမုနိစေတီတော်ကို အပြင်တံတိုင်းနဲ့ အတွင်းတံတိုင်းဆိုပြီး တံတိုင်းကြီး နှစ်ခုနဲ့ ပူဇော်ခဲ့ပြီး အတွင်းတံတိုင်းရဲ့ မျက်နှာပြင်တစ်ခုစီမှာ ရဟန္တာရုပ်ပွားတော်တွေ ကိမ်းဝတ်စံပယ်ဖို့ အရံစေတီတော် ၂၀ ဆူ ရှိတာကြောင့် စုစုပေါင်း ရဟန္တာဂူ ၈၀ တိတိတည်ရှိတာပဲဖစ်ပါတယ်။

လက်ရှိမှာတော့ ရဟန္တာရုပ်ပွားတော် တွေလည်းမရှိတော့သလို အရံစေတီတော် အဆူ ၈၀ ဟာလည်း ယိုယွင်းပျက်စီးနေတာကို မြင်တွေရမှာဖြစ်ပါတယ်။

မဟာကန်တော်မင်္ဂလာကြီးကိုတော့ ရှေးမူမပျက် ထိမ်းသိန်းပြုပြင်စောင့်ရှောက်လာတာကြောင့် မူလအလှတရားနဲ့အညီ မျက်စိပသာဒ တင့်တယ်တာကြောင့် လာရောက်လည်ပတ်သူတွေဟာ ကန်တော်မင်္ဂလာအတွင်းက လှေခါးထစ်တွေမှာ အလှဓာတ်ပုံ ရိုက်ကူးလေ့ရှိကြပါတယ်။

လေးထောင့်ပုံသဏ္ဍန်ရှိတဲ့ အဲ့ဒီရေကန်ကြီးတည်ဆောက်ခဲ့တုန်းက အုပ်ချပ်ပါင်း ၁၀ ကုဋေ ၉ သန်း ၈သိန်း ၇ သောင်း ၆ ထောင် နဲ့ ၅၅ ချပ် အသုံးပြုပြီး တည်ဆောက်ခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

မဟာစန္ဒာမုနိဘုရား ပရဝဏ်အတွင်းမှာ စိတ်ဝင်စားစရာ နေရာတခုရှိပါသေးတယ်။ အဲ့ဒါကတော့ လာရောက်လည်ပတ်သူတွေအနေနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် ရှုခင်းအကောင်းဆုံးဖြစ်တဲ့ သက်တမ်းရင့် ထနှောင်းပင်ကြီးဖြစ်ပါတယ်။

မဟာစန္ဒာမုနိစေတီတော်ကြီးနဲ့ ပရဝဏ်အတွင်းက စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို ကြည့်ရှုနိုင်ဖို့အတွက် Voice Of Myanmar သတင်းဌာနက ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW