Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်
Read MoreDay: March 31, 2024
တိုက်ပွဲကြားက အနာဂါတ်ရဲ့ကြယ်ပွင့်တွေကို လင်းလက်ခွင့်ပေးကြပါ
မတ် ၊ ၃၁ ၊ ၂၀၂၄ SP (VOM) ” သမီး စာကျက်နေတဲ့ သစ်ပင်နားကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲတယ် ၊ သမီးကျောပေးမှီထားတဲ့ သစ်ပင်နောက်ဘက်မှာလည်း ဗုံးပေါက်တာ လူတော့ မထိပေမယ့် ၊ စိတ်ထဲမှာ ဒီနေ့အထိ အလန့်မပြေသေးဘူး” အဲ့ဒီဖြစ်စဥ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်း အချိန်က ၊ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ကျွန်းလှခုံကျေးရွာနားမှာရှိတဲ့ ယာယီတိုက်ပွဲရှောင်နေရင်း ဒီနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ ကြိုးစား ပြင်ဆင်နေတဲ့ ကျောင်းသူတယောက်ရဲ့ အတွေ့ကြုံဖြစ်ပါတယ်။ ကောလင်းမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၃ ရက်ကနေစပြီး ၆ ရက်နေ့အထိ သုံးရက် ၊ သုံးည လုံးလုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက်…
Read Moreထိုင်းရောက် မြန်မာလုပ်သား ခြောက်ဦး သေဆုံးရတဲ့ဖြစ်စဥ်မှာ နစ်နာကြေး ရရှိပေမယ့် နည်းနေသေး
မတ် ၊ ၃၁ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ လယောင်းခရိုင်၊ လယောင်းမြို့မှာရှိတဲ့ တရုတ်အမျိုးသား ပိုင် သံထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းပြိုကျတာကြောင့် မြန်မာလုပ်သား ခြောက်ယောက် ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံးသူ မြန်မာလုပ်သားတွေရဲ့ မိသားစုအတွက် နစ်နာကြေးတော့ ရမှာဖြစ် ေပမယ့် နည်းနေသေးတယ်လို့ သိရပါတယ်။ ” မနေ့က လုပ်ငန်းရှင်နဲ့ မြန်မာလုပ်သား အကျိုးဆောင်တွေ နစ်နာကြေး ကိစ္စ ညှိနှိုင်းကြတယ် ၊အလုပ်ရှင်ဘက်က သေဆုံးသူ တယောက်ကို ကနဦး ပေးငွေ ဘတ် ငါးသိန်း ပေးမယ် ၊ ကျန်တဲ့ ပိုက်ဆံကိုတော့ သုံးလခြားပြီး နောက်ထပ် ဘတ် ၁၁ သိန်းစီ ပေးမယ်လို့ ၊…
Read More