ထိုင်းရောက် မြန်မာလုပ်သား ခြောက်ဦး သေဆုံးရတဲ့ဖြစ်စဥ်မှာ နစ်နာကြေး ရရှိပေမယ့် နည်းနေသေး

မတ် ၊ ၃၁ ၊ ၂၀၂၄
SP ( VOM)
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ၊ လယောင်းခရိုင်၊ လယောင်းမြို့မှာရှိတဲ့ တရုတ်အမျိုးသား ပိုင် သံထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကရိန်းပြိုကျတာကြောင့် မြန်မာလုပ်သား ခြောက်ယောက် ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံးသူ မြန်မာလုပ်သားတွေရဲ့ မိသားစုအတွက် နစ်နာကြေးတော့ ရမှာဖြစ် ​ေပမယ့် နည်းနေသေးတယ်လို့ သိရပါတယ်။
” မနေ့က လုပ်ငန်းရှင်နဲ့ မြန်မာလုပ်သား အကျိုးဆောင်တွေ နစ်နာကြေး ကိစ္စ ညှိနှိုင်းကြတယ် ၊အလုပ်ရှင်ဘက်က သေဆုံးသူ တယောက်ကို ကနဦး ပေးငွေ ဘတ် ငါးသိန်း ပေးမယ် ၊ ကျန်တဲ့ ပိုက်ဆံကိုတော့ သုံးလခြားပြီး နောက်ထပ် ဘတ် ၁၁ သိန်းစီ ပေးမယ်လို့ ၊ စာချုပ်ခဲ့တယ် ၊ အဲ့ဒီ စာချုပ် ၊ ချုပ်ဆို နှစ်ခါပြန်ချုပ်ရတယ် ၊ ပထမတခါက စာချုပ်ပါ ကတိကဝှက် အားနည်းတာကြောင့် နောက်တခါ ပြန်ချုပ်ရတယ် ၊ နောက်ဆုံး ဖိုင်နယ်စာချုပ်က သေဆုံးသူ မြန်မာ လုပ်သား ခြောက်ယောက်အတွက် ၊ တယောက်ကို နစ်နာကြေးငွေ ဘတ် ၁၆ သိန်း (မြန်မာကျပ်ငွေ သိန်းတထောင့်ခြောက်ရာ) နဲ့ ညိနှိုင်းပြီးခဲ့တယ် ” လို့ မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ (MHAC)အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပြတာက
” ” ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၃ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်ဖြစ်စဥ်တုန်းက နစ်နာကြေး ပိုက်ဆံ ဘတ်ငွေ ၆ ဒသမ ၂ သန်းရရှိတယ် ၊ အဲ့ဒီ နစ်နာကြေး ထောက်ပံ့ငွေထဲမှာ ရှော့ပင်းမောလ် လုပ်ငန်းစုက ပေးအပ်တဲ့ပိုက်ဆံ ဘတ်ငွေ ၅ သန်း (မြန်မာ ကျပ်ငွေ သိန်း ၅,၀၀၀ ခန့်) လည်း ပါဝင်တယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် ကရိန်းပြုတ်ကျလို့သေဆုံးတဲ့ မြန်မာလုပ်သား ခြောက်ယောက်ဟာ မမိုးမြင့် ဖြစ်စဥ်လို နစ်နာကြေး မရကြဘူး “လို့ ပြောပါတယ်။
မမိုးမြင့်ဟာ မွန်ပြည်နယ် ၊ သထုံမြိုနယ်ဖြစ်ပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ ဆီယမ် ပါရာဂွန်ရှိ Toys Co.Ltd မှာ လုပ်ကိုင်နေတဲ့ အသက် ၃၁ နှစ်ရှိ မြန်မာလုပ်သားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ၊ အဲ့ဒီ အရေအတွက်ထဲမှာ MoU လုပ်သား ၁၅ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကလည်း ထိုင်းရောက် မြန်မာလုပ်သား တဦး ၊ ကွန်ဒိုထပ်မြင့် အဆောက်ဦး ဆေးသုတ်ရာက ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။
ဒါ့အပြင် ထိုင်း ၊ မလေးရှား ၊ စင်္ကါပူ ၊ တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယာစတဲ့နိုင်ငံတွေမှာ မြန်မာလုပ်သားတွေရှိပြီး အဲ့ဒီထဲက မြန်မာလုပ်သားတချို့ဟာ ခက်ခဲညစ်ပတ်အန္တရာယ်များတဲ့ လုပ်ငန်းခွင် တွေမှာ အလုပ်လုပ်ကြရတာများပြီး ထိခိုက်သေဆုံးရင် ထိုက်တန်တဲ့ နစ်နာကြေး ရတဲ့သူ နည်းတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ ၊ မနေ့က ကရိန်ပြုတ်ကျမှု အလုပ်ရှင် အလုပ်သမားတွေ ညှိနှိုင်းနေပုံနဲ့ ထိခိုက် သေဆုံးခဲ့တဲ့
လုပ်ငန်းခွင်
Photo ၊ (MHAC)အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW