Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၄၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၈ ကျပ် ဝယ်ဈေး – ၄၈၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: March 2024
ယနေ့ ရွှေဈေး (မတ် – ၁၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအိန္ဒိယဘက်ကနေ မြန်မာဘက်ကိုတင်ပို့မယ့် ဖောက်ခွဲရေး Gelatin မိုင်း တရာကျော် မီဇိုရမ်ပြည်နယ်ရဲကဖမ်း
မတ် ၊ ၁၉ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ဇိုခွာသရ်ကျေးရွာ ၊ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်လမ်းမှာ မနေ့ မတ် ၁၈ ရက်က မြန်မာနိုင်ငံသား လင်မယားနှစ်ယောက်ဆီကနေ မြန်မာဘက်ကို တင်ပို့မယ့် ဖောက်ခွဲရေးမိုင်းအလုံး တရာကျော်ကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တယ်လို့ အဲ့ဒီ ပြည်နယ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့နေတဲ့ ဖောက်ခွဲရေး မိုင်း Gelatin ၁၁၀ ချောင်းနဲ့ ယမ်းကြိုး ၁၁၀ ချောင်းတို့ကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခွါမွေးကျေးရွာမှာနေထိုင်တဲ့ ဦးဗျက်ရဲမ် အသက် ၂၉ နှစ် နဲ့ သူ့မိန်းမ ဒေါ် ရမ်ထဇွာလ် အသက် ၂၈ နှစ်တို့က 125…
Read Moreပဲခူးတိုင်းမှာ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ နှစ်ဆယ်ကျော်သေဆုံး
မတ် ၊ ၁၉ ၊ ၂၀၂၄ TT(VOM) ဒီရက်ပိုင်းအတွင်း ပဲခူးတိုင်ထဲက မြို့ရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ မတ် ၁၈ ရက်အထိ တလအတွင်း ပစ်သတ်ခံရတာနဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူ လူပေါင်း နှစ်ဆယ်ကျော်ရှိတယ်လို့ ပဲခူးနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ မတ် ၁၈ ရက် ညက ၉ နာရီလောက်မှာ တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရဲ့ တွဲဘက်ကော်မတီဝင် တာဝန်ယူထားတဲ့ တောင်ငူမြို့နယ် ၊ နေပူကုန်းကျေးရွာအုပ်စု၊ ကန်တရာကျေးရွာမှာနေထိုင်တဲ့ ဦးစိန်မြင့် ၅၉ နှစ်ဟာ သူ့အိမ်မှာရှိနေတဲ့အချိန် အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင် လူလေးငါးယောက်လောက်က သူ့အိမ်တံခါးဖွင့်ခိုင်းနေတုန်း ဦးစိန်မြင့်က တခြားခြံဝန်းဘက်ထွက်ပြေးတယ် ၊ အဲ့ဒီ အချိန် သူ့နောက်ကနေ သေနတ်နဲ့…
Read Moreရွက်ဝါကြွေ…နွေမူးမူး
ဆူးငှက် “မိုးကုပ်ကုပ်ဝယ် အို..ရုတ်တရက် မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ ဟ,ဟလာပြီး မိုးပြာကိုဖြတ် ပတ္တမြားရည် စီးလည်အဟုန် နီမြန်းကုန်ပြီ အရုဏ်ပေါ်စ . . . ဝိုးတဝါး . . .။” တပေါင်းလဆန်းပြီလေ…..။ တပေါင်းလက ပြက္ခဒိန်မှာ အများဆုံး အကျုံးဝင်နေတာက မတ်လဖြစ် သည်။ခရစ်နှစ်၏ တတိယမြောက်လ ဖြစ်၏။ မတ်လတဲ့၊ လာချေပြီ။ ဖေဖော်ဝါရီ လဆန်းပိုင်း၊ တပို့တွဲလပြည့်နားမှာတော့ အအေးဓာတ်က ဆောင့်တက်လာပြီးနောက် တဖြည်းဖြည်း အားလျော့သွား၏။ သစ်ပင်များ၏ ကလနားသတ် သစ်ရွက်တချို့ ရင့်ရော်ခြောက်သွေ့လာကြပြီ၊ နုပျိုခြင်း၊ လန်းဆန်းခြင်းက နိဂုံးချုပ်တော့ မည်။ ဇရာ၏ အရေးအကြောင်းများအဖြစ် ရွက်ဝါရွက်များက ကျဲပြောက် နေရာယူလာပေသလော။ “….စံဖီရွှေသွယ်၊ ပျံ့လှယ်…
Read Moreလောက်ကိုင်က ဗမာတန်းအဆောက်အဦးတွေ အဖျက်ခံရပေမယ့် အစားထိုးနေရာ မရ
မတ် ၁၈၊ ၂၀၂၄ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ဗမာတန်းက အဆောက်အဦးတွေကို မတ်လ ၁၇ ရက်နေ့က စတင်ဖြိုဖျက်ပြီဖြစ်ပေမယ့် အစားထိုး ပြန်ပေးဖို့ မကြားသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဗမာတန်း ဒီနေ့စဖျက်တာ ဟုတ်တယ်။ ဗမာတန်းက တော်တော် အရှည်ကြီးဆိုတော့ ပစ္စည်း မယူလိုက်ရတာတွေရှိတယ်။ ဒီဘက် ဘုံ ၇ ဆင့်ဘက်ကျတော့ ပစ္စည်းမယူလိုက်ရတဲ့သူတွေမရှိဘူး။ နေရာအစားထိုးပေးမယ်ဆိုတာတော့ မကြားသေးဘူး အခုထိတော့။ အိမ်ရှင်တွေတော့ သူတို့ လိုတဲ့ ပစ္စည်းတွေပဲ ယူသွားတာပေါ့။ အဲဒီမှာ သူတို့ ကိုးကန့် တရုတ်တွေကပဲ။ သုံးဘီးတွေနဲ့ရော၊ ကားတွေနဲ့ရော အိမ်တိုင်တွေပါ ချွတ်ယူနေကြတယ်။ ဖြိုတဲ့သူက ဖြို။” လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။ ကျောင်း၊ ဈေးတွေနဲ့နီးပြီး လမ်းကျဉ်းကာ…
Read Moreကလေးမြို့နယ် ဘာတွေဖြစ်ခဲ့သလဲ
မတ် ၊ ၁၈ ၊ ၂၀၂၄ SP (VOM) ဒီရက်ပိိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေကို VOM က ဆက်သွယ် မေးမြန်းထားပါတယ်။ ” မနေညက ၈ နာရီကျော်မှာ ၊ ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၇ မှာရှိတဲ့ ဆည်မြောင်းရုံးနဲ့ သစ်တောရုံး မီးလောင်တယ် ၊ အဲ့ဒီ အဆောက်ဦးတွေ မီးလောင်ပျက်စီးတယ် ၊ မီးသတ်ကား ရောက်မလာတာကြောင့် ၊ ရပ်ကွက်က လူတွေ ဝိုင်းငြိမ်းရတယ် ၊ မနေ့ (မတ် ၁၇)က ၊ ကလေးမြို့တောင်ပိုင်း ထိုမာရွာဘက်က…
Read MoreVOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ
– မာစီဒီးက လူတူစက်ရုပ်တွေကို ကားထုတ်လုပ်ရေးမှာဘယ်လိုအသုံးပြုနေလဲ -စမတ်ဖုန်းကုမ္ပဏီ Xiaomi က ပထမဆုံးရောင်းချမယ့် လျှပ်စစ်ကား -ဂျပန်ကုမ္ပဏီတခုရဲ့ ဒုံးပျံလွှတ်တင်မှု မီးလောင်ပေါက်ကွဲခဲ့ မတ်-၁၉-၂၀၂၄ မျိုးဆက်(VOM) (၁) လူတူစက်ရုပ် ဝန်ထမ်းတွေကို ကားထုတ်လုပ်ရေးမှာ စတင်အသုံးပြုနေတဲ့ မာစီဒီးကုမ္ပဏီ မာစီဒီးမော်တော်ကားကုမ္ပဏီဟာ သူ့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လူတူစက်ရုပ်ဝန်ထမ်းတွေကို စတင်ပြီး တရားဝင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ထရွန်နစ်ခ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အပိုလို လူတူစက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေ သက်သာစေဖို့အတွက် လေးလံတဲ့ပစ္စည်းတွေ သယ်မတာမျိုးအပါအဝင် ရိုးရှင်းတဲ့ လုပ်ဆောင်မှုတွေမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို အခြေခံအလုပ်တွေမှ လူတူစက်ရုပ်တွေကို အစားထိုးအသုံးပြုတာကြောင့် လူသားတွေအနေနဲ့ ပိုမိုအရေးပါတဲ့ အလုပ်တွေကို အာရုံစိုက်တာမျိုးပိုမိုပြုလုပ်နိုင်မယ့်အပြင် လုပ်ငန်းခွင်အန္တရယ်နဲ့ ထိခိုက်ဒဏ်ရာရတာတွေကို လျှော့ချနိုင်မယ်လို့ မာစီဒီးက ပြောပါတယ်။ အသုံးပြုနေတဲ့ အပိုလို လူတူစက်ရု်ပတွေဟာ အရပ် ၅ ပေ ၈လက်မရှိပြီး ဘေးကင်းလုံခြုံစွာ…
Read Moreရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်လို့ ၁၁ ယောက်ဒဏ်ရာရ
မင်းဘူး -မတ်လ ၁၈- ၂၀၂၄ GG (VOM) မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲမှာ ရွှေစက်တော်ဘုရားဖူးကားတစီး တိမ်းမှောက်ပြီး ကားပေါ်သူအနက် လူ၁၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)ဆီက သိရပါတယ်။ ဖြစ်စဥ်မှာ မတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ရွှေစက်တော်ဘုရားပွဲကနေ ဘုရားဖူးပြီးပြန်အလာ မင်းဘူးမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ကားကအရှိန်များပြီးမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို် သိရပါတယ်။ ” လမ်းကအဖြောင့်ကြီး ကားကလည်းတစီးတည်းကို သူ့ဘာသာအရှိန်များပြီး မထိန်းနိုင်ဘဲ မှောက်တဲ့သဘောပါ။ရွှေစက်တော်ကနေ အပြန် မင်းဘူးထဲမှာပေါ့၊လမ်းမကြီးဆိုရင်တော့ ပုသိမ်မုံရွာလမ်းပေါ့။ကားပေါ်မှာကလည်း ယောကျ်ားလေးတွေချည်းပဲပါတယ်။ဘုရားဖူးကအပြန်ဆိုတော့ နည်းနည်းလည်းသောက်ထားကြမယ်တူပါတယ်။ အကုန်လုံး ၁၃ ယောက်လောက်ပါမယ်ခန့်မှန်းရတယ် အဲ့ထဲကမှ ၁၁ ယောက်ဒဏ်ရာရတာပေါ့၊ဒဏ်ရာတွေကတော့စိုးရိမ်ရတာမရှိပါဘူး။အကုန်လုံးကပွန်းပဲ့ဒဏ်ရာပါပဲ။ကျိုးပဲတာမရှိဘူး ၊ အကုန်လုံးတော့ဆေးရုံပို့ပေးခဲ့တယ် ” လို့ ခေမာလူမှုကယ်ဆယ်ရေးအသင်း(မကွေး)မှ တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ တိမ်းမှောက်ခဲ့တဲ့ကဟာ မကွေးနဲ့မင်းဘူးမြို့က လူငယ်တွေလိုက်ပါလာတဲ့ ဘုရားဖူးကားဖြစ်ပြီး ကားက လိုက်ထရပ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ အခုနှစ်…
Read Moreမင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲတဲ့ ဖက်ရှင်ဖန်တီးရှင် မတောင်းပန်ရင် ဥပဒေအရ အရေးယူမယ်
မတ် ၁၈ – ၂၀၂၄ SN (VOM) သဘင်ရဲ့ ပြယုဂ် အထွဋ်အမြတ် မင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲပြီး ဖက်ရှင်ဖန်တီးတာဟာ နိုင်ငံရဲ့ ပုံရိပ်၊ သဘင်ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ဒီဝတ်စုံနဲ့ ပတ်သက်လို့ ဒီဇိုင်နာအနေနဲ့ ဖြေရှင်းချက်ပေးပြီး တောင်းပန်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောဆိုလိုက်ပါတယ်။ မနေ့ မတ်လ ၁၆ ရက်က Fashion & Artistry Exhibition Page မှာ မော်ဒယ် စင်ဒီမြတ်က ဝတ်ဆင်ပြသထားတဲ့ ဒီဇိုင်နာ ခင်စုစုအောင်ရဲ့ ဝတ်စုံနဲ့ ဒီဇိုင်းပုံကြမ်းတွေကို တရားဝင် အသိပေးခဲ့တာဖြစ်ပြီး အဲ့ဒီ့ ဝတ်စုံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဘက်က မနေ့ မတ်လ ၁၇ ရက်မှာ စာထုတ်ပြန်ပြီး အပြင်းအထန် ရှုံ့ချခဲ့တာ ဖြစ်ပါတယ်။…
Read More