ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံး

မတ် ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်၊ လယောင်မြို့နယ် ၊ ဘိုတဲမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်းမှာ မနေ့ မတ် ၂၉ ရက် ညနေပိုင်းက လုပ်ငန်းခွင်သုံးကရိန်းပြိုကျပြီး မြန်မာလုပ်သား ငါးဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ကြောင်း ပြိုကျတဲ့ဆောက်လုပ်ရေးခွင်မှာရှိတဲ့ မြန်မာလုပ်သားေတွဆီက သိရပါတယ်။ ” ကရိန်းပြိုကျတဲ့နေရာမှာ မြန်မာလုပ်သား ငါးဦးသေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရထားတယ် ၊ အဲ့ဒီ သေဆုံး ရုပ်အလောင်းတွေကို နစ်နာကြေးပေးဖို့ ၊ ဖြေရှင်းပြီးမှ ထုတ်ယူခွင့်ပြုမယ်ဆိုပြီး မြန်မာလုပ်သားတွေက ဝိုင်းဝန်းတားမြစ်ထားတယ် ” လို့ ​ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီ ကရိန်းပြိုကျလို့ သေဆုံးရသူတွေရဲ့ မိသားစုဝင်တွေက ထိုင်းရောက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ပေးရေးအဖွဲ့ MHAC ထံ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ကိုလည်း…

Read More

PDFတွေ ဖမ်းထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အရေအတွက် ယင်းမာပင်ခရိုင် အများဆုံးဖြစ်နေ

မတ် ၊ ၃၀ ၊ ၂၀၂၄ SP ( VOM) တနိုင်ငံလုံး အတိုင်းတာအနေနဲ့ လက်ရှိအချိန်ထိ ဒေသတွင်း PDF အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအရေအတွက် အများဆုံးဟာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က ဖြစ်နေတယ်လို့ ဝန်ထမ်းရေးရာ လေ့လာသုံးသပ်သူတွေဆီက သိရပါတယ်။ ဝန်ထမ်းရေးရာ သုတေသီတယောက်က ” ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဒီကနေ့အထိ PDF တွေ ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းအရေအတွက် အများဆုံးက တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က အများဆုံးဖြစ်နေတယ် ၊ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းအရေအတွက် တရာကျော်ရှိတယ် ” လို့ ပြောပါတယ်။ ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၇ ရက် မုံရွာ ပုလဲ…

Read More

ဆီးရီးယားကို အစ္စရေးက လေကြောင်းတိုက်ခိုက် ၊ လူ ၄၀ နီးပါး သေဆုံး

အလက်ပို၊ မတ်-၂၉ မျိုးဆက်(VOM) ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အနီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ည သန်းခေါင်ယံနီးချိန်မှာ အလက်ပိုမြိူ့အနီး နေရာအများအပြားကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟဇ်ဘိုလာတို့အသုံးပြုတဲ့ လက်နက်သိုလှောင်ရာ နေရာတွေဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အစ္စရေးကတော့ ဆီးရီးယားကို တိုက်ခိုက်မှုတွေအတွက် မှတ်ချက်ပြုပြောဆိုတာမျိုး လုပ်လေ့မရှိပါဘူး။ သေဆုံးသူတွေထဲမှာ ဟဇ်ဘိုလာစစ်သွေးကြွငါးယောက်ပါတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးသည် ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပြည်တွင်းစစ်စပြီးနောက်ပိုင်း ဆီးရီးယားတွင် ရာနဲချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အများစုမှာ ဟားမတ်စ်အဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ အီရန်နဲ့ မဟာမိတ်တွေရဲ့…

Read More

မန္တလေး – မုံရွာ ကားလမ်း စစ်ကိုင်းနဲ့ ချောင်းဦးကြား လမ်းပိတ်ထားလို့ ကားအစီးရေ သုံးရာကျော် ပိတ်မိနေ

မတ် ၊ ၂၉ ၊ ၂၀၂၄ SP (VOM) ဒီကနေ့ မနက်ပိုင်းကစလို့ အခုချိန်ထိ မန္တလေး – မုံရွာ ကားလမ်း ၊ စစ်ကိုင်းနဲ့ ချောင်းဦးကြားမှာ လမ်းတွေပိတ်ထားတာကြောင့် ပိတ်မိနေတဲ့ ကားအစီးရေ သုံးရာကျော်လောက်ရှိမယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” အဲဒီ လမ်းကြောင်းမှာ စစ်ကိုင်းကနေ ချောင်းဦးအထိ နစက လုံခြုံရေး ဂိတ်နဲ့ PDF ဂိတ်တွေ နှစ်ဆယ်ကျော်လောက်ရှိတယ် ၊ နှစ်ဘက်ပစ်ခတ်တာတွေရှိလို့ လမ်းကြောင်းပိတ်ထားတာလို့ သိရတယ် ၊ ဘယ်အဖွဲ့က ပိတ်တယ်ဆိုတာ မသိရဘူး ၊ ကားတွေကတော့ လမ်းကြောင်းပေါ်မှာ ပိတ်မိနေတာ အစီးသုံးရာကျော်လောက်ရှိတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ ” မုံရွာ – မန္တလေး လမ်းပိုင်းနဲ့ ရွှေဘို – မန္တလေး ကားလမ်းပိုင်းမှာ…

Read More

၄၅ သိန်းအထိ ရောက်လာတဲ့ ပြည်တွင်းရွှေဈေး

ယနေ့ ရွှေဈေး (မတ် – ၂၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မုံရွာက DVB အလွတ်တန်း သတင်းထောက် ကိုရန်နိုင်စိုး ထောင်ဒဏ် လေးနှစ် ချမှတ်ခံရ

မတ် ၊ ၂၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက်မှာ နေထိုင်တဲ့ အလွတ်တန်း သတင်းထောက် ကိုရန်နိုင်စိုး ကို မုံရွာအကျဥ်းထောင် အထူးတရားရုံးကနေ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့ မိသားစု အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၂ ရက်မှာ မုံရွာမြို့ ရတနာပုံရပ်ကွက် သာစည်လမ်း ၊ သာစည်စျေးနားက စစ်ဆေးရေးအဖွဲ့က ဖမ်းသွားတယ် ၊ အဲ့ဒီနောက် မုံရွာအမှတ် ၂ (စက်မှုဇုန်) ရဲစခန်းကို ခေါ်သွားတယ် ၊ စခန်းရောက်တော့ စစ်ဆေးလိုက်တဲ့အခါ သူ့ကိုင်တဲ့ ဖုန်းထဲက သတင်းဌာနတချို့နဲ့ ဆက်သွယ်ထားတွေကို…

Read More

ငွေကြေး ဖောင်းပွတာတွေကြောင့် ရွှေဈေးမြင့်တက်လာမှု ထိန်းချုပ်ဖို့ မလွယ်ကူ

မတ် ၂၉ – ၂၀၂၄ SN (VOM) ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်လာရခြင်းဟာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ မလွယ်ကူဘူးလို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ဈေးကွက်သုံးသပ်သူတွေက ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ အရှိန်အဟုန်နဲ့ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိမှာ ကျပ် လေးဆယ့်လေးသိန်းဈေးကို စံချိန်တင် ရောက်ရှိနေပါတယ်။ “အဓိက ကတော့ စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေတာကြောင့် အခေါက်ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ဆက်တိုက် မြင့်တက်လာတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဈေးကွက်ထိန်းကျောင်းဖို့ ဘယ်လိုပဲ ကြိုးစားသော်ငြား ရွှေဈေးကတော့ သိန်း ၄၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်” လို့ ဈေးကွက် လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းက တကျပ်သား ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နှစ်လကျော်ကာလအတွင်း…

Read More

အမေရိကန် အီလီနွိုက်ပြည်နယ်မှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံး

ဝါရှင်တန်၊ မတ်-၂၉-၂၀၂၄ မျိူးဆက်(VOM) အမေရိကန်နိုင်ငံအီလီနွိုက်ပြည်နယ်မှာ အမျိုးသားတယောက်ရဲ့ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူလေးယောက် သေဆုံးပြီး ငါးယောက်ထက်မနည်းဒဏ်ရာရရှိ သွားကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူ အသက် ၂၂ နှစ်အရွယ် ခရစ်စတန်ဆိုတိုကို လူသတ်မှုစွဲချက်တွေနဲ့ ဖမ်းဆီးပြီးတရားစွဲဆိုထားပါတယ်။ သူဟာ မတ် ၂၈ ရက်မွန်းလွဲပိုင်းမှာ နေအိမ်တအိမ်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိန်ကလေး ၊ ၆၃ နှစ်အရွယ်အမျိုးသမီး ၊ ၄၉ နှစ်အရွယ် အမျိုးသားနဲ့ ၂၂ နှစ်အရွယ် အမျိုးသားတယောက်တို့ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူငါးယောက်အနက် တယောက်ဟာ စိုးရိမ်ရဖွယ်အခြေအနေရှိနေပြီး တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုရှင်းလင်းစွာမသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဝင်နီဘာဂိုကောင်တီရှိ ဖလောရန့်လမ်းက နေအိမ်မှာ တိုက်ခိုကမှု ဖြစ်ပွားခဲ့ပေမယ့် မိနစ် ၂၀ အတွင်း အခြားနေရာအများအပြားမှာလည်း သံသယရှိသူက…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၉-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၉- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 150000/ 155000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 150000/ 155000 ဂျုံ – (စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -150000/ 155000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 150000/ 155000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 120000/ ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 140000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 125000 ဂျုံ – (AUS)- (၁ ပိဿာ)-3300(YGN) ဂျုံ – (ဖွဲ) – (၁ ပိဿာ) –…

Read More

ဂါဇာဒေသကို အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးကို အိုင်စီဂျေ အမိန့်ထုတ်

သည်ဟိတ်ဂ်၊ မတ်-၂၉-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အငတ်ဘေးကို ရှောင်ရှားနိုင်ဖို့အတွက် အကူအညီတွေ အဟန့်အတားမရှိ ဝင်ရောက်နိုင်အောင် လုပ်ဆောင်ရန် အစ္စရေးကို အိုင်စီဂျေတရားရုံးက အမိန့်ထုတ်လိုက်ပါတယ်။ အစ္စရေးအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ အခြေခံဝန်ဆောင်မှုနဲ့ လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့တာကို အချိန်မဆိုင်း ခွင့်ပြုပေးရမယ်လို့ အိုင်စီဂျေရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေးချက်တွေထွက်ပေါ်လာပြီးနောက်မှာ အိုင်စီဂျေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ထောက်ပံ့ကူညီမှုတွေကို ပိတ်ပင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ္စရေးကတော့ ငြင်းဆိုထားပါတယ်။ ဂါဇာဒေသကို ထောက်ပံ့ကူညီမှုတွေ စဉ်ဆက်မပြတ် စီးဆင်းဖို့အတွက် ကုလသမဂ္ဂအပါအဝင် အခြားသောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးကဌာနက ဆိုပါတယ်။ ဂါဇာဒေသရှိ လူ ၂ ဒသမ ၂ သန်းဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး မေလမကုန်ခင်မှာ ဂါဇာမြောက်ပိုင်းဟာ…

Read More
VOM News

FREE
VIEW