မန္တလေး – မုံရွာ ကားလမ်း စစ်ကိုင်းနဲ့ ချောင်းဦးကြား လမ်းပိတ်ထားလို့ ကားအစီးရေ သုံးရာကျော် ပိတ်မိနေ

မတ် ၊ ၂၉ ၊ ၂၀၂၄
SP (VOM)
ဒီကနေ့ မနက်ပိုင်းကစလို့ အခုချိန်ထိ မန္တလေး – မုံရွာ ကားလမ်း ၊ စစ်ကိုင်းနဲ့ ချောင်းဦးကြားမှာ လမ်းတွေပိတ်ထားတာကြောင့် ပိတ်မိနေတဲ့ ကားအစီးရေ သုံးရာကျော်လောက်ရှိမယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” အဲဒီ လမ်းကြောင်းမှာ စစ်ကိုင်းကနေ ချောင်းဦးအထိ နစက လုံခြုံရေး ဂိတ်နဲ့ PDF ဂိတ်တွေ နှစ်ဆယ်ကျော်လောက်ရှိတယ် ၊ နှစ်ဘက်ပစ်ခတ်တာတွေရှိလို့ လမ်းကြောင်းပိတ်ထားတာလို့ သိရတယ် ၊ ဘယ်အဖွဲ့က ပိတ်တယ်ဆိုတာ မသိရဘူး ၊ ကားတွေကတော့ လမ်းကြောင်းပေါ်မှာ ပိတ်မိနေတာ အစီးသုံးရာကျော်လောက်ရှိတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
” မုံရွာ – မန္တလေး လမ်းပိုင်းနဲ့ ရွှေဘို – မန္တလေး ကားလမ်းပိုင်းမှာ မနှစ်ကစပြီး နေ့စဥ် PDF အဖွဲ့တွေက ကားသမားနဲ့ ခရီးသည်တွေဆီကနေ အလှူငွေကောက်ခံတာ ရှိတယ် ၊ မုံရွာ – မန္တလေး လမ်းပိုင်းမှာဆိုရင် ချောင်းဦးနဲ့ အုန်းတောကြားမှာ PDF အဖွဲ့ ခုနှစ်ဖွဲ့ ၊ ရှစ်ဖွဲ့လောက် ပိုက်ဆံတောင်းတယ် ၊ နေရာကတော့ အတည်တကျမရှိဘူး ၊ သူတို့က( ရွှေ့လျားစနစ်)နဲ့ အလှူခံတယ် ၊ တချို့ PDF အဖွဲ့တွေက ကံစမ်းမဲ လက်မှတ်တွေ မဝယ်မနေရ စနစ်နဲ့ ရောင်းကြတယ် ၊ PDF အဖွဲ့တွေအနေနဲ့ အဲဒီလို ဆက်ပြီး မလုပ်ဖို့ စစ်ကိုင်းခရိုင် PDF အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက အမိန့်စာ ထုတ်ထားတယ် ၊ အဲဒီ အမိန့်စာထဲမှာ လာမယ့် မတ်လ ၁၆ ရက် နောက်ဆုံးထားပြီး ကားလမ်းပေါ်တက်ပြီး အလှူခံတာတွေ ဆက်ပြီး မလုပ်ကြဖို့ တားမြစ်မိန့်ထုတ်ထားတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
မုံရွာ မန္တလေး ကားလမ်းဟာ မကွေးတိုင်း မြောက်ပိုင်းက ခရီးသည်နဲ့ ကုန်စည်ကားတွေ ဖြတ်သန်းမောင်းနှင်သလို ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ကားတွေလည် နေ့စဥ် အစီးရေ ရှစ်ရာကျော် သွားလာနေတယ်လို့ သိရပါတယ်။
” ခရီးသွား ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ ကုန်စည်စျေးနူန်းတွေလျော့ချဖို့ အခုလို အလှူငွေကောက်ခံတာတွေ ဆက်ပြီး မလုပ်ကြဖို့ တားမြစ်လိုက်တာ ဖြစ်မယ်လို့ ယူဆမိတယ် ၊ နောက်ပြီး အဲဒီ မုံရွာ – မန္တလေး ကားလမ်းပိုင်းမှာ မကြာခဏ PDF အဖွဲ့တွေနဲ့ နစက လုံခြုံရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာ မကြာဖြစ်တယ် ၊ အဲဒါကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ တိုက်ပွဲတွေဖြစ်တိုင်းလည်း ကားတွေပိတ်မိနေကြတယ် ၊ ခရီးသည်တွေအတွက် သွားလာရေး အဆင်ပြေဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်တယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၉ ရက် ၊ မနက် ၉ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာနားမှာရှိတဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် ဝန်ကြီးခရီးစဥ် လမ်းကြောင်းကို လုံခြုံရေးတာဝန်ယူထားပေးရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေပါသွားသလို ၊ ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းမှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မတ် ၇ ရက် ၊ ညနေပိုင်း ၄ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး အလှုငွေကောက်ခံနေတဲ့ PDF အဖွဲ့ လေးယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ ကားသမားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW