တနိုင်းမြို့နယ် နမ်ဂေါန် ရွှေမှော်မှာ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မတ် ၊ ၁၈ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ တနိုင်းခရိုင် ၊ တနိုင်းမြို့နယ် ၊ နမ်ဂေါန် (Nam Gawn) ရွှေမှော်မှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က နစက တပ်နဲ့ KIA – PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံ ရွှေလုပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နမ်ဂေါန် (Nam Gawn) မှော်ဆိုတာ ၊ တနိုင်းမြို့နဲ့ မိုင်း ၂၀ ဝန်းကျင်လောက်ရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက တိုက်ပွဲတွေဖြစ်လို့ ရွာပျက်သွားတယ် ၊ အဲ့ဒီနေရာကို အခုတော့ ရွှေမျှောတွေလုပ်နေကြတယ် ၊ ဒီမနက် ၅ ခွဲလောက်မှာ KIA နဲ့ PDF…

Read More

ပြည်တွင်း ရွှေဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ ဈေးကွက်ပျက်နေ

မတ် ၁၈ – ၂၀၂၄ SN (VOM) ရွှေစျေးကစားသူတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်း ရွှေအသင်း (YGEA) က ထုတ်ပြန် ကြေညာပြီးနောက် ပြင်ပ ရွှေဈေးကွက်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ဈေးကွက်ပျက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပြည်တွင်းက ပြင်ပစျေးကွက်မှာ အခေါက်ရွှေ တကျပ်သား ၄၂ သိန်းနီးပါးအထိ စံချိန်တင် စျေးတက်လာချိန်မှာ YGEA က အခေါက်ရွှေ တကျပ်သားဈေးကို အသင်းက သတ်မှတ်ထားတဲ့ ကျပ် ၃၈ သိန်းအောက်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ အဲဒီနေ့မှာပဲ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ “သူတို့ရည်ညွှန်းဈေးကိုပဲ အခြေခံပြီး အရောင်းအဝယ် လုပ်ရမှာပေါ့။ အဲ့ဒီ့ထက် ကျော်ရောင်းရင် ဖမ်းမယ်ဆီးမယ်သဘောမျိုး ပြောထားတာ ရှိတယ်လေ။ အပြင်လောကမှာတော့ အကုန်လုံးက အရောင်းအဝယ်ရပ်သလို ဖြစ်နေတာပေါ့။…

Read More

တာချီလိတ်မှာ အွန်လိုင်းလောင်းကစားလို့ ဖမ်းဆီးခံရတဲ့သူတွေထဲက ကလေးသူငယ် ၅၈ ယောက်ကို ဒီကနေ့ ပြန်လွတ်ပေး

မတ် ၊ ၁၈ ၊ ၂၀၂၄ TT (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့မှာ အဖမ်းခံရတဲ့ အွန်လိုင်းလောင်းကစား လုပ်ကိုင်သူတွေထဲမှာ ပါဝင်တဲ့ လူငယ် လေးရာကျော်ကို တာချီလိတ်မြို့နယ် ကလေးသူငယ်တရားရုံးကနေ ဒီကနေ့ကစစတင်လွတ်ပေးနေပြီးလို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သူတို့ကို ဖမ်းတာဖြစ်တယ် ၊ အခုဆို တလနီးပါးရှိပြီ ၊ ဖမ်းဆီးခံရတဲ့အထဲမှာ ၆၉၇ ယောက်ထဲမှာ မြန်မာနိုင်ငံသား ၄၈၄ ယောက်ပါဝင်တယ် ၊ အဲ့ဒီထဲက မြန်မာနိုင်ငံသား အသက် ၁၈ နှစ်အောက် ၅၈ ယောက်ပါဝင်တယ် ၊ ဒီကနေ့ ပြန်လွတ်ပေးတာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်တယ် ၊ ပြန်လွတ်ပေးရတဲ့ လုပ်ငန်းစဥ်က အာမခံနဲ့ ဖြစ်တယ် ” လို့…

Read More

ကလေးမြို့ ကမ္ဘောဇဘဏ် ၂ နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူနှစ်ယောက်သေဆုံး

မတ် ၊ ၁၉ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ( ၂) နေရာဝန်းကျင်နားမှာ မနေ့ မတ် ၁၈ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” စမ်းမြို့ ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ကမ္ဘောဇ ဘဏ်ခွဲ ၂ နားက တံတားမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အနည်းဆုံး လူငါးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက လူနှစ်ယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကြို့သုံးပင်ရပ်ကွက်နေ မောင်ဒေးဗစ် ထန်ရှန်ဗန် David…

Read More

မန္တလေးကနေ မြစ်ကြီးနားကိုထွက်လာတဲ့ ခရီးသည်ကား မိုင်းဆွဲခံရလို့ နှစ်ယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

  မတ် ၊ ၁၇ ၊ ၂၀၂၄ SP ( VOM) ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင် ကားတစီးဟာ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရွှေဘို – ကျောက်မြှောင်းကားလမ်း ၊ တအုံကျေးရွာနားမှာ မိုင်းဆွဲခံရလို့ ယာဥ်ပေါ်ပါ ခရီးသည်တချို့ သေဆုံး ၊ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတယောက်က ” ဒီမနက် ၈ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ မိုင်းထိမှန်ထားတဲ့ကားက နုတ်အမျိုးအစား ကချင်မင်းသား ခရီသည်တင် ကားလေးဖြစ်တယ် ၊ အခင်းဖြစ်နေရာမှာ ခရီးသည် နှစ်ယောက်သေတယ် ၊ သေဆုံးသူတွေကတော့ မသဲမာကျော် ၃၉ နှစ်နဲ့ အမည်မသိ ( Unknow…

Read More

ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေ မပေးဖို့ အီရန်ကို ဂျီ-၇ ခေါင်းဆောင်တွေ သတိပေး

    ဘာလင်၊ မတ်-၁၇-၂၀၂၄ မျိုးဆက်(VOM)   ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေမပေးဖို့ အီရန်ကို ဂျီ-၇ အဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။   အီရန်ဟာ ပဲ့ထိန်းဒုံးကျည်နဲ့ ဆက်စပ်နည်းပညာတွေကို ရုရှားကို လွှဲပြောင်းပေးဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ဂျီ-၇ ခေါင်းဆောင်တွေက ဆိုပါတယ်။   အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲထားပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူရေး စေ့စပ်ညှိနှိုင်းမှုတွေကို တက်ကြွစွာလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပါတယ်။   အီရန်အနေနဲ့ ဒီလိုလုပ်ရပ်တွေကို ရှောင်ရှားဖို့ ဂျီ-၇ ခေါင်းဆောင်တွေက သတိပေးထားပြီး ဒါဟာ ဒေသတွင်းမတည်အငြိမ် ဖြစ်စေမှုကို တိုးမြင့်လာနိုင်တယ်လို့ ပြောပါတယ်။ ရုရှားဟာ မြောက်ကိုရီးယားရဲ့ လက်နက်တွေကိုလည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၇၀ ကျပ် ဝယ်ဈေး – ၃၆၂၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၂၀ ကျပ် ဝယ်ဈေး – ၂၆၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ဟေတီရှိ အမေရိကန်နိုင်ငံသားတွေကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူ

    ပို့အော့ပရင့်၊ မတ်-၁၇-၂၀၂၄ မျိုးဆက်(VOM)   ဟေတီနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ပေါ်နေတဲ့ ဟေတီရှိ အမေရိကန်ုနိုင်ငံသားတွေကို အမေရိကန်အစိုးရက စင်းလုံးငှားလေယာဉ်နဲ့ ပြန်လည်ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။   အမေရိကန်နိုင်ငံသားတွေအတွက် စင်းလုံးငှားလေယာဉ်ဟာ မြို့တော်ပို့အော့ပရင့်ကနေ မိုင် ၁၂၀ အကွာရှိ ကက်ပ်ဟေတီယန်ဆိပ်ကမ်းမြို့ကနေ ဒီနေ့မှာ ထွက်ခွာမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။   မြို့တော်ပို့အော့ပရင့်မှာတော့ ဟေတီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဂျင်မီချီရီဇီယာချုပ်ကိုင်ထားတဲ့နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။   ဘာဘီကျူးလို့ လူသိများတဲ့ ဂျင်မီချီရီဇီယာဟာ ဒယ်လ်မက်စ်ရပ်ကွက်မှာရှိနေပြီး ရဲတွေကသူ့ကို ဖမ်းဆီးဖို့ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ သူ့ကိုဖမ်းဆီးဖို့ ရပ်ကွက်ထဲထိ ရဲတွေဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။   ဒီစစ်ဆင်ရေးမှာ ရာဇဝတ်ဂိုဏ်းသားတွေ အများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုတွေကြီးထွားလာတာကြောင့် မတ် ၇ ရက်ကတည်းက ပိတ်ထားတဲ့…

Read More

This Day in History

Voice of Myanmar တောင်အာဖရိကတွင် လူမျိုးရေးအရခွဲခြားဆက်ဆံသည့် ဥပဒေများရုပ်သိမ်းခြင်းနှင့် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးများပါဝင်သည့် သမ္မတ ဖရက်ဒရစ်ဝီလမ်ဒီကလပ်၏ ပြုပြင်ပြောင်းလဲမှုများကို လူဖြူ တောင်အာဖရိက မဲဆန္ဒရှင် ၆၉ ရာခိုင်နှုန်းနီးပါးက ၁၉၉၂ ခုနှစ် မတ် ၁၇ ရက်တွင် ထောက်ခံမဲပေးခဲ့ကြသည်။

Read More
VOM News

FREE
VIEW