ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်(၁၀)လုံး မီးလောင်မှုဖြစ်ပွားခဲ့
မန္တလေး၊ဧပြီ ၉-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၇လမ်း ၁၂၀နဲ့၁၂၁လမ်းကြားရှိ‌ နေအိမ်တအိမ်မှာ ဒီကနေ့ ညနေ ၃နာရီခန့်က မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်(၁၀)လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
” စလောင်တဲ့ အိမ်အပေါ်ထပ်က အိပ်ခန်းအတွင်း မှာ စားပွဲတင်ပန်ကာ ဖွင့်ထားရာကနေ ရှော့ခ်ဖြစ်ပြီး မီးလောင်မှုစတင်ခဲ့တာဖြစ်ပါတယ်၊ နေအိမ် ၁၀ လုံး ဆုံးရှုံးတာကြောင့် နေအိမ်ပိုင်ရှင်ကို အမှုဖွင့်ထားပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်အပေါ်ထပ်
အိပ်ခန်းအတွင်းရှိ မွေ့ရာပေါ်သို့ စားပွဲတင်ပန်ကာ ဖွင့်ထားရာကနေ ရှော့ခ်ဖြစ်ကာ မီးစလောင်ခဲ့တာဖြစ်ကြောင်း မီးလောင်မှုကြောင့် နေအိမ်(၁၀)လုံးနဲ့ မီးသတ်တွက်ချက်တန်ဖိုးငွေ (၁၆၂)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို Level(1)အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် မီးစလောင်တဲ့ နေအိမ်ပိုင်ရှင် အသက်(၃၃)နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ (ပ-၈၀/၂၀၂၄) ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Photo Crd – MJ

Related posts

✕
VOM News

FREE
VIEW