ဘရပ်ဆဲလ်၊ ဧပြီ-၂၀-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းအတွက် အဆင့်မြင့်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ စစ်ရေးအထောက်အပံ့တွေ ထပ်မံ ပေးအပ်သွားမယ်လို့ မနေ့ကကျင်းပတဲ့ နေတိုး-ယူကရိန်း ထိပ်သီးဆွေးနွေးပွဲအပြီးမှာ နေတိုးအဖွ့ဲအကြီးအကဲ စတိုတန်ဘာ့ဂ်က ကတိပြုပြောဆိုလိုက်ပါတယ်။
ယူကရိကိန်းမှာ လူသေဆုံးစေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ယူကရိန်းရဲ့ တောင်းဆိုမှုတွေအပြီး အဆင်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးဖို့ နေတိုးအဖွဲ့က ကတိပြုလိုက်တာလည်းဖြစ်ပါတယ်။
ဗီဒီယိုလင့်ခ်ကနေ ပြုလုပ်တဲ့ နေတိုး-ယူကရိန်းထိပ်သီးအစည်းအဝေးအပြီးမှာတော့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအဝင် နောက်ထပ်စစ်ရေးအထောက်အပံ့တွေ တိုးမြှင့်ပေးဖို့ သဘောတူခဲ့ကြောင်း စတိုတန်ဘာ့ဂ်က ပြောပါတယ်။
ယူကရိန်းမြို့တွေကို ကာကွယ်နိုင်ဖို့အတွက် နောက်ထပ် ပက်ထရီးယော့လေကြောင်းရန်ကာကွယ်ရေး စနစ် သို့မဟုတ်အလားတူ စနစ်မျိုးလိုအပ်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုထားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းမှာ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေရှိနေပေမယ့်လည်း ရုရှားရဲ့ အကြီးအကျယ်တိုက်ခိုက်မှုတွေကြောင့် မြို့တွေကို ခုခံကာကွယ်ဖို့ မလုံလောက်ပါဘူး။ ပြီးခဲ့တဲ့နေ့ကလည်း ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်နှစ်ယောက်အပါအဝင် လူခုနှစ်ယောက်သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:AP
Related posts
-
ဘရာဇီးရေဘေး လူ ၃၀ သေဆုံးပြီး ၆၀ ကျော်ပျောက်ဆုံးနေ
ဘရာဆီးလီးယား၊ မေ-၃-၂၀၂၄မျိုးဆက်(VOM)ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း... -
ဂါဇာအရေးကြောင့် အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံး တူရကီ ရပ်ဆိုင်း
အန်ကာရာ၊ မေ-၃-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာတွေ ဖြစ်ပေါ်မှုတွေကြောင့် တူရကီဟာ အစ္စရေးနဲ့... -
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၃ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး...