ဥရောပလုံခြုံရေး အကြီးမားဆုံးခြိမ်းခြောက်မှုကို တရုတ်နိုင်ငံ မီးလောင်ရာလေပင့် လုပ်နေတယ်လို့ အမေရိကန်ပြော



ရောမ၊ ဧပြီ-၂၀-၂၀၂၄
မျိုးဆက်(VOM)

စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်း ဥရောပလုံခြုံရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကို တရုတ်နိုင်ငံက မီးလောင်ရာလေပင့် လုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက ရုရှားကို လက်နက်နဲ့ပတ်သက်တာတွေ လွှဲပြောင်းနေမှုကို တားဆီးနိုင်ရေး ဂျီ-၇ နိုင်ငံတွေင လုပ်ဆောင်နေကြောင်း အီတလီမှာ ကျင်းပတဲ့ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ဘလင်ကင်က ဆိုပါတယ်။

တရုတ်ဟာ ရုရှားစစ်တပ်တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် အဓိကပံ့ပိုးကူညီနေသူဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ အရေးယူပိတ်ဆို့မှုများကြောင့် ပျက်ပြားနေတဲ့ ရုရှားရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပြန်လည်တည်ဆောက်ရေးမှာ စက်ကိရိယာတွေ၊ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန်တွေနဲ့ အခြားပစ္စည်းတွေကို ပံ့ပိုးပေးနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လက်နက်တွေကို ရုရှားအတွက် တိုက်ရိုက် ထောက်ပံ့ပေးမှုမရှိသော်လည်း အစိတ်အပိုင်းတွေနဲ့ အရေးပါတဲ့ သွင်းအားစုများ ဆက်လက်ထောက်ပံ့နေခြင်းက ယူကရိန်းအပေါ်ရန်စတဲ့ ရုရှားကို အားပေးအားမြှောက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သူကပြောပါတယ်။

ဥရောပနိုင်ငံတွေအပြင် အခြားနိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကောင်းမွန်လိုတဲ့ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို ဘလင်ကင်က ဝေဖန်ခဲ့ပြီး ဒီနှစ်မျိုးစလုံး တပြိုင်တည်း မရနိုင်ကြောင်း သူကထောက်ပြပြောဆိုပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW