Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read MoreMonth: April 2024
ယနေ့ ရွှေဈေး (ဧပြီ – ၉ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဓားပြမှုတွေ များလာသလို ၊ ဓားပြသတ်လို့ သေဆုံး ၊ ဒဏ်ရာရသူတွေလည်း များလာ
ဧပြီ ၊ ၉ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေ ပြောင်းလဲပေါ်ပေါက်ပြီး နောက်ပိုင်း ဓားပြတိုက်လုယက်မှုဖြစ်စဥ်တွေ အဖြစ်များလာသလို ၊ ဓားပြပစ်ခတ်လို့ သေဆုံးသူတွေလည်း များပြားလာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဧပြီ ၈ ရက် ၊ ညနေပိုင်း ၂ နာရီခွဲ အချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့ ၊ရပ်ကွက် (၈) မှာရှိတဲ့ ဧဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ၊ ဓားပြပစ်ခတ်မှုကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဧဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရတယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာတယ် ၊ အဲ့ဒီ ဓားပြတွေက သေနတ်ကိုယ်စီပါလာတယ် ၊ ရွှေဆိုင်ရောက်တော့ ရွှေဆိုင်ကို…
Read Moreတောင်တရုတ်ပင်လယ်အရေး တင်းမာမှု တရုတ်နိုင်ငံနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဖိလစ်ပိုင်သမ္မတပြော
မနီလာ၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ လျှော့ချရေးအတွက် တရုတ်နိုင်ငံနဲ ဆက်လက်ဆွေးနွေးသွား မယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။ ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဆွေးနွေးဖို့ အခွင့်အလမ်းတိုင်းကို ရယူနေပြီး ဝန်ကြီးအဆင့် ၊ လုပ်ငန်းဖော်ဆောင်ရေးအဆင့် စတာတွေကို လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။ ဆွေးနွေးမှုတွေကတဆင့် အငြင်းပွားဖွယ်ရေပြင်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေကို တားဆီးနိုင်မယ်လို့ ဖိလစ်ပိုင်အနေနဲ့ မျှော်လင့်ကြောင်း မားကို့စ်က ပြောပါတယ်။ ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေမှာ စက္ကန်းသောမတ်စ်ကျွန်းကို ရိက္ခာသွားပို့တဲ့ ဖိလစ်ပိုင်ထောက်ပံ့ရေးသင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်တွေနဲ့ ပစ်ခတ်တာလည်း ပါဝင်ပါတယ်။ ဒီလိုအခြေအနေမှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျနဲ့ ဂျပန်ရေတပ်တို့ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့နေ့က ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ ရေတပ်နဲ့ လေကြောင်း ကင်းလှည့်မှုတွေအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေပြီး…
Read MoreThis Day in History
Voice of Myanamr အစုလိုက်အပြုံလိုက် ပျက်စီးစေသည့် လက်နက်များပိုင်ဆိုင်သည်ဆိုကာ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချရန်မှ စတင်ခဲ့သည့် အီရတ်စစ်ပွဲဖြစ်ပွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဘဂ္ဂဒက်မြို့သည် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့သည်။
Read Moreမန္တလေးက လင်းလက်ဝါ ရွှေပန်းတိမ် လုပ်ငန်းကို ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခဲ့သူ ခုနှစ်ယောက် ဖမ်းဆီးရမိ
ဧပြီ ၊ ၉ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ လင်းလက်ဝါ ရွှေပန်းတိမ် အလုပ်ရုံတခုကို ပြီးခဲ့တဲ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ရဲအယောင်ဆောင် အဖွဲ့က ဓားပြတိုက်သွားတဲ့ ဖြစ်စဥ် ၊ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အမှုနဲ့ ပတ်သက်လို့ ဧပြီ ၈ ရက် မနေ့က ကျူးလွန်တယ်လို့ ယူဆရသူ အမျိုးသား ခုနှစ်ယောက်ကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေပိုင်းက ဓားပြတိုက်ခံရတာပါ…
Read Moreရေနန်းဗိမာန်သို့ အိပ်မက်စေတမာန်
ဆူးငှက် အခုလို သင်္ကြန်နားနီးတစ်ရက်မှာဖြစ်မှာပေါ့။ ပိုမိုတိတိကျကျဆိုရလျှင် အခုလို သင်္ကြန်နားနီး တစ်ညသား ဖြစ်မှာပေါ့။လမ်း ၈၀ နှင့် ၁၅ လမ်း ဝန်းကျင် ကျုံးအတွင်း ရေခပ်ရန်ခင်းထားသော တံတားလေးပေါ် ဖျာကလေးခင်းကာ ခေါင်းအောက်လက်ခု ပက်လက်အိပ်၍ ကောင်းကင်ပေါ်က ကြယ်တွေ ကြည့်ရင်း လူငယ်လေးနှစ်ဦး စကားပြော နေကြသတဲ့။ တစ်ဦးက မန္တတလေးပန်းချီကျောင်းဆင်း၊ တစ်ဦးက မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား…၊ သန်းခေါင်ကျော် မှောင်ထဲ မြောက်နားဆီက လူတစ်ဦးကလည်း လက်ထဲမှာ ပစ္စည်းလေး တစ်ခုကိုင်ပြီး လူသူ တစ်ယောက်တစ်လေကို ရှာဖွေနေပုံဖြင့် ခပ်သုတ်သုတ်လမ်းလျှောက်လာသည်။ လူငယ်လေးနှစ်ဦးအိပ်ရင်း စကားပြောနေသော တံတားလေးနား အရောက် လမ်းလျှောက်လာသူက …“ဟေ့ .. ဘယ်သူတွေလဲကွ…” ဟု အသံပေးရင်း အနားကပ်လာတော့ “ဟာ ……
Read Moreလှည်းတန်း ခုံးကျော်တံတားပေါ် ဟိုက်ဂျက်နဲ့ အိမ်စီးကားတိုက်မိပြီး တယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ
ဧပြီ ၈ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ခုံးကျော်တံတားပေါ်မှာ ဒီကနေ့ ညနေ ၄ နာရီ ဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ပြည်သူ+လူရွှင်တော် (စမ်းချောင်း) ပရဟိတအသင်းမှ သိရပါတယ်။ Soueast အမျိုးအစား အိမ်စီးကားနဲ့ Hijet pickup အမျိုးအစားယာဉ်တို့ ခုံးကျော်တံတားပေါ် တိုက်မိခဲ့တာဖြစ်ပြီး Pick-up ယာဉ်က ယာဉ်မောင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဟိုက်ဂျက်ယာဉ်မောင်းက ဟံသာဝတီအဝိုင်းဘက်က တက်လာတယ်။ ဒီဘက်က Soueast တစီးက မြကန်သာဘက်က တက်လာတယ်။ တံတားပေါ်ရောက်တဲ့ အချိန်မှာ ဟိုက်ဂျက်က လမ်းကြောင်းမှားပြီး တဖက်က လာတဲ့ကားကို ဝင်တိုက်ပစ်လိုက်တာ။ ဟိုက်ဂျက် ယာဉ်မောင်းကတော့ နေရာမှာတင် ပွဲချင်းပြီးသွားတယ်။ တဖက်ယာဉ် Soueast ပေါ်မှာ အမျိုးသားတယောက်ရယ်၊…
Read Moreမြောင်းတကာစက်မှုဇုန်က မွေးမြူရေးအစာစပ်စက်ရုံ မီးလောင်မှု အလုပ်သမား တယောက်သေ ၊ လေးယောက်ဒဏ်ရာရ
ရန်ကုန် ၊ ဧပြီ ၈ – ၂၀၂၄ GG(VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုန်ထဲက JAPFA ကြက်အစာစပ်စက်ရုံ မီးလောင်မှုမှာ ဝန်ထမ်းအမျိုးသားတယောက်သေဆုံးခဲ့ပြီး နောက်ထပ်ဝန်ထမ်းလေးယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မွေးမြူရေးအစာစပ်စက်ရုံမှာ မီးလောင်စဥ် စက်ရုံရဲ့အမြင့်ဆုံးအထပ်ဖြစ်တဲ့ ငါးလွှာလောက်မှာရောက်ရှိနေတဲ့ ဝန်ထမ်းအမျိုးသားက မီးအပူရှိန်နဲ့ မီးခိုးမွှန်တဲ့ဒဏ်တွေကြောင့် အပေါ်ဆုံးအလွှာကနေ ခုန်ချခဲ့ရာမှ မီးလောင်မှုဒဏ်ရာ၊ခုန်ချဒဏ်ရာတွေကြောင့်ဆေးရုံပို့စဥ်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မီးလောင်တဲ့အချိန် သူက အစာစပ်စက်ရုံရဲ့ငါးလွှာလောက်ရှိမှာပေါ့အဲ့မှာရောက်နေတာ၊ မီးကအောက်ခြေကနေလောင်ပြီးအပေါ်ကိုလှိုက်တက်တော့ နောက်ဆုံးအပူဒဏ် မခံနိုင်ဘဲ အပေါ်ဆုံးက JAPFA စာတန်းနားကနေ ခုန်ချတာပေါ့။သေသွားတယ်။ကျန်ဒဏ်ရာရသူကနောက်ထပ်လေးယောက်လောက်ရှိမယ်၊အရမ်းဆိုးဆိုးဝါးဝါးမရှိဘူး။လှေခါးကပြန်ဆင်းချိန်ဖြစ်တာပေါ့။ စက်ရုံကတော့ အစားစပ်တဲ့နေရာပေါ့။အထဲမှာအစာစပ်တဲ့ဖိုတွေရှိတယ် အဲ့နေရာအဓိကလောင်တာပေါ့။အောက်ကနေစလောင်တာ မီးညွှန့်ကအပေါ်ကိုတက်သွားတာအပြင်ကိုမထွက်ဘူး” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မှော်ဘီမြို့နယ် မြို့မလူမှုကူညီရေးအသင်းတာဝန်ရှိတဦးကပြောပါတယ်။ သေဆုံးသူအမျိုးသားက အသက် ၄၂ နှစ်အရွယ် ဦးမင်းမင်းသန့်ဆိုသူဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရသူတွေကလည်းအမျိုးသား ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ သေဆုံးသူအမျိုးသားနဲ့ ဒဏ်ရာရအမျိုးသားတွေက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ အချိန်ပိုဆင်း အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ပြီး…
Read MoreYBS ယာဉ် မတော်တဆမှုကြောင့် သုံးလအတွင်း သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့
ဧပြီ ၈ – ၂၀၂၄ SN (VOM) အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ သုံးလအတွင်း YBS ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။ YBS ယာဉ် မတော်တဆမှုတွေမှာ လမ်းသွားလမ်းလာတွေကို တိုက်မိတဲ့ ဖြစ်စဉ်က အများဆုံး ဖြစ်ပြီး YRTC ရဲ့ စာရင်းတွေအရ ဧပြီ ၃ ရက်အထိ လမ်းဖြတ်ကူးသူကို တိုက်မိမှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ဒဏ်ရာရရှိသူ လေးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “YBS တွေက အခုနောက်ပိုင်း ပိုဆိုးလာတယ်၊ စည်းကမ်းအရမ်းမဲ့လွန်းတယ်။ YRTA အနေနဲ့ကလည်း ဒါတွေကို ထိထိရောက်ရောက်…
Read More