အင်ဒိုနီးရှားမှာ ကျောင်းဆုပေးပွဲအပြန် ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၁ ယောက်သေဆုံး



ဂျကာတာ၊ မေ-၁၂-၂၀၂၄
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ဆုပေးပွဲအခမ်းအနားအတွက် အထက်တန်းကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး မတော်မဆမှုကြောင့် လူ ၁၁ ယောက်သေဆုံးပြီး ဒါဇင်များစွာဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က မေ ၁၂ ရက်မှာ ပြောပါတယ်။

ဘတ်စ်ကားဟာ မေ ၁၁ ရက် ညနေ ၆ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်ဖြစ်ချိန်မှာ ကျောင်းသားနဲ့ ဆရာ ၆၀ ကျော်ကို တင်ဆောင်ပြီး ဂျာဗားကျွန်းရှိ ဒီပို့ခ်မှာ နာမည်ကြီးခရီးသွားနေရာဖြစ်တဲ့ လန်ဘန်ကို သွားရောက်နေတာဖြစ်ပါတယ်။

ကျောင်းသားတွေဟာ ဘွဲ့နှင်းသဘင် အခမ်းအနားပြီးနောက် ပျှော်ပါးအောင်ပွဲခံနေကြပြီး ဘတ်စ်ကားဟာ ရုတ်တရက်အရှိန်မထိန်းနိုင်ပဲ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကားနဲ့ ဆိုင်ကယ်သုံးစီးကို ဝင်တိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကိုးယောက်က ကျောင်းသားတွေဖြစ်ပြီး တယောက်ကတော့ ဆရာဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်စီးသူတယောက်လည်း သေဆုံးခဲ့ပြီး ၁၃ ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့အယောက် ၄၀ ကတော့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုမဖြစ်ခင် ဘတ်စ်ကားရဲ့ ဘရိတ်စနစ်ချို့ယွင်းသွားတယ်လို့ သံသယရှိပေမယ့် မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို အသေးစိတ်စုံးစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW